သထုံ         ဇွန်       ၂၈

 

အလုပ်သမားဝန်ကြီးဌာန၊ သထုံခရိုင် လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ အလုပ်ခွင် ထိခိုက်မှု အကျိုးခံစားခွင့် ငွေလုံးငွေရင်းနှင့် နာရေးစရိတ်ထုတ်ပေးခြင်းကို ဇွန် ၂၈ ရက် နံနက်ပိုင်းက သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ စထာပနာကုမ္ပဏီ၌ ပြုလုပ်ခဲ့သည်။

 

ရှေးဦစွာ သထုံခရိုင် လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်မာလာက အကျိုးခံစားခွင့် ထုတ်ပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ် လူမှုဖူလုံရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်ဆွေက လူမှုဖူလုံရေးအဖွဲ့၊ သထုံမြို့၌ မှတ်ပုံတင်ထားသည့် စထပနာကုမ္ပဏီမှ အာမခံ အလုပ်သမား ဦးအောင်သီဟ၏ လုပ်ငန်းခွင် ထိခိုက်သေဆုံးခဲ့ရမှုအတွက် အကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် သိန်း ၉၀ နှင့် နာရေးစရိတ် ၇၆၈၀၀၀ စုစုပေါင်း ငွေကျပ် ၉၇၆၈၀၀၀ အား ကျန်ရစ်သူ မိသားစုထံ ပေးအပ်ခဲ့သည်။

 

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစံရင်မောင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ် လူမှုဖူလုံရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေမှူးနှင့် ဝန်ထမ်းများ၊ စထပနာကုမ္ပဏီမှ ဝန်ထမ်းများနှင့် အကျိုးခံစားခွင့်ရရှိသည့် မိသားစုဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

နဒီ(ပြန်/ဆက်)