သပိတ်ကျင်း ဧပြီ ၁
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ မန္တလေး-မိုးကုတ် ကားလမ်း၊ သပိတ်ကျင်း-ဖော့တောလမ်းဆုံ စစ်ဆေးရေးဂိတ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန သပိတ်ကျင်းမြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက နိုင်ငံသားကတ်(မှတ်ပုံတင်) စစ်ဆေးခြင်းကို ဧပြီ ၁ ရက်မှ စတင်ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မန္တလေး-မိုးကုတ်ကားလမ်း သပိတ်ကျင်း-ဖော့တောလမ်းဆုံ စစ်ဆေးရေးစခန်တွင် ခရီးသွားပြည်သူများအား မြို့နယ်ပြင်ပသို့ ခရီးသွားလာပါက လဝကမှ ထုတ်ပေးထားသော နိုင်ငံသားကတ်၊ ဧည့်နိုင်ငံသားကတ်၊ အမျိုးသားမှတ်ပုံတင်များကို ခရီးသွားလျှင် ယူဆောင်သွားကြရန် စစ်ဆေးပြီး မှတ်ပုံတင်များ မရှိပါက မိမိတို့နေထိုင်ရာဒေသသို့ ပြန်လည် ရောက်ရှိပါက မှတ်ပုံတင်ရှိရေး ဆောင်ရွက်ကြရန် သတိပေးပြောကြားခဲ့ပြီး ခရီးသွားခြင်း၊ တည်းခိုခြင်း များအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန်ဝေပေးခဲ့သည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ရာသို့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်၊ မြို့နယ် လဝကဦးစီးမှူး ဦးမင်းသူရတို့က ဝန်ထမ်းများနှင့်အတူ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုးနိုင်ဝင်း(သပိတ်ကျင်း)


