သံဖြူဇရပ်နှင့် ရပ်စောက်မြို့နယ်တွင်  မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၉  ဇွန် 

 

သံဖြူဇရပ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက် နံနက် ၉ နာရီက သံဖြူဇရပ်မြို့နယ်၊ သံဖြူဇရပ်-ရေးသွားကားလမ်းဘေးတွင် ရပ်တန့်ထားသည့် Honda Fit အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ စိုးနိုင်(ခ)အပဲနှင့်အတူ ဘိန်းစာရွက် ၄၈ ဒသမ ၉၉ ကီလို၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် ငွေကျပ် ၃၈,ဝ၀ဝ တို့ကို သိမ်းဆည်းရမိခဲ့သည်။ 

 

အလားတူ ယင်းနေ့နံနက်က ရပ်စောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ရတနာပုံ(အနောက်) ကျေးရွာနှင့် (အရှေ့)ကျေးရွာ သွားလမ်းတွင် ကျော်မျိုးအောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် ကိုရပ်တန့်ရှာဖွေရာ ၎င်းထံမှစိတ်ကြွရူးသွပ်ဆေးပြား ၁,၁၅၈ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ် ဆေးပြားများကိုရောင်းချပေးသူ ဝင်းဌေးအား ရပ်စောက်မြို့နယ်၊ ရတနာပုံ(အရှေ့)ကျေးရွာရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါး နှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

 

(ကိုရဲ)