သန်လျင် မတ် ၂၃

 

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်တွင် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက သန်လျင်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပသည်။

 

ဦးစွာ သန်လျင်မြို့နယ် အခွန်ဦးစီးဌာနမှူး ဒေါ်သက်သက်နွယ်က ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ်(CEIR)ဆိုင်ရာနှင့် ပတ်သက်၍ ပြည်သူများ ပိုမိုသိရှိနိုင်ရေး အသိပညာပေးဟောပြောသည်။

 

ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

သန်းဝင်း(သန်လျင်)