သင့်ရဲ့ ကိုယ်အလေးချိန်ကို ဘယ်လောက်မှာ ထိန်းထားမလဲ

ရေးသားသူ Kyaw Thura Htun

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

 

 

သင့်ရဲ့ကိုယ်အလေးချိန်ကို ဘယ်လောက်မှာ ထိန်းထားမလဲ။

DASH စားသောက်မှုပုံစံက ကိုယ်အလေးချိန်ကို လွယ်လွယ်ကူကူကျစေပါတယ်။ အသီးတွေ၊ ဟင်းသီးဟင်း ရွက်တွေပေါ်မှာ အခြေခံထားတဲ့ ကျန်းမာတဲ့စားသောက်မှုပုံစံနဲ့ DASH စားသောက်မှုပုံစံဟာ သင့်ကိုစိတ်ကျေနပ်စေမှာဖြစ်သလို အစားလွန်သွားမှာလည်း ပူစရာမလိုပါဘူး။

 

 

လေ့လာမှုတွေအရ ကယ်လ်ဆီယမ်ပါဝင်နှုန်းမြင့်တဲ့ နို့ထွက်ထုတ်ကုန်တွေက ကိုယ်အလေးချိန်ကျစေတာ တွေ့ရပါတယ်။ DASH စားသောက်မှုပုံစံကလည်းအလေးချိန်ကျဖို့ သော့ချက်တစ်ခုပါဘဲ။ ကိုယ်အလေးချိန် ကျခြင်းက သွေးတိုးကျစေဖို့အတွက် အရေးအကြီးဆုံးအချက်ဖြစ်ပါတယ်။ DASH စားသောက်မှုပုံစံနဲ့ ဝိတ်လျှော့ရင် ပိုပြီးကောင်းမွန်တဲ့ ကောင်းကျိုးတွေရနိုင်ပါတယ်။

 

 

လေ့လာမှုတွေအရ DASH စားသောက်မှုပုံစံက ဝိတ်ကျစေတယ်လို့ဆိုပါတယ်။ ဒီစားသောက်မှုပုံစံမှာ အသီးနဲ့အရွက်တွေပါတဲ့အတွက် သင်ဟာကယ်လိုရီတွေအများကြီး စားစရာမလိုဘဲဗိုက်ပြည့်စေပါတယ်။ အဆီပါဝင်မှုနည်းတဲ့အသား၊ ငါးနဲ့ ကြက်သား၊ ဘဲသား တို့လိုအသားတွေက ပရိုတိန်းအများကြီးပါပြီး တခြားအသားတွေနဲ့ယှဉ်ရင် ကယ်လ်လိုရီနည်းပါတယ်။ ဥပမာ– ပုစွန်ပြုတ်ရှစ်အောင်စက အမဲသား သုံးအောင်စနဲ့ ကယ်လိုရီပါဝင်နှုန်းတူတူဖြစ်ပြီး ဗိုက်ပိုပြည့်စေပါတယ်။

 

 

အဆီပါဝင်မှုနည်းတဲ့ နို့ထွက်ထုတ်ကုန်တွေက ပုံမှန်နို့ထွက်ထုတ်ကုန်တွေထက်ပိုပြီး ကယ်လိုရီနည်းပါတယ်။ လေ့လာမှုတွေအရ ကယ်လ်ဆီယမ်ပါဝင်မှုများပြီး အဆီပါဝင်မှုနည်းတဲ့ နို့ထွက်ထုတ်ကုန်တွေက ဝိတ်ချရာမှာ အထောက်အကူပြုပြီး အထူးသဖြင့် ခါးတစ်ဝိုက်က အဆီတွေကို မတက်စေပါဘူး။

 

 

အဝလွန်ခြင်းက သွေးတိုးစေတဲ့ အဓိကအကြောင်းအရာတွေထဲက တစ်ခုပါ။ ကလေးတွေနဲ့ ဆယ်ကျော်သက် တွေမှာ အဝလွန်ခြင်းက ပိုပြီးကြောက်စရာကောင်းပါတယ်။ သွေးတိုးရှိတဲ့ မိဘတွေက သူတို့ကိုယ်တိုင် DASH စားသောက်မှုပုံစံကို စားလာရတဲ့အတွက် သူတို့ကလေးတွေကိုပါ ကယ်လ်လိုရီများတဲ့ အစားအစာတွေကို ရှောင်ပြီးစနစ်တကျ ကျွေးတတ်လာကြပါတယ်။ မိဘအနေနဲ့ကျန်းမာတဲ့အလေ့အကျင့်တွေကို ဒီလိုစံပြ စားသောက်နေထိုင်ပြခြင်းဖြင့် ကလေးတွေဘဝတစ်လျှောက်လုံး သွေးတိုးကို ကြိုတင်ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။ သင့်ရဲ့အပြုအမူတွေနဲ့ နေထိုင်မှုပုံစံတွေက သင့်တစ်မိသားစုလုံးအတွက် အရေးကြီးတယ် ဆိုတာ သိလိုက်ရတဲ့အခါ သင့်ကိုစားသောက်မှုပုံစံနဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲဖို့ အားပေးပါတယ်။

 

 

ကျန်းမာတဲ့ကိုယ်အလေးချိန်ဆိုတာဘာလဲ ?

သိပ်မကြာသေးခင်က BMI (Body Mass Index, ရှိသင့်တအလေးချိန်နဲ့အရပ်ကိုပြသောအညွှန်းကိန်း) ကကျန်းမာတဲ့ ကိုယ်အလေးချိန်ကိုရဖို့အတွက် အရေးကြီးတဲ့တိုင်းတာမှုတစ်ခု ဖြစ်လာပါတယ်။ ခန္ဓာကိုယ်ရှိ အဆီပိုရာခိုင်နှုန်း တိုင်းတာခြင်းသည်လည်း ကျန်းမာမှုရှိမရှိကိုပြသော အညွှန်းတစ်ခုဖြစ်ပါတယ်။ ပညာရှင်တွေက ကျန်းမာတဲ့ကိုယ်အလေးချိန်ဆိုတာ သင့်ကိုကျန်းမာရေးဆိုင်ရာ ပြဿနာများမဖြစ်စေတဲ့ ကိုယ်အလေးချိန် (သို့) အနည်းဆုံးတော့ သင့်ကိုယ်အလေးချိန်နဲ့ တခြားပြဿနာများဆက်စပ်မှု မရှိခြင်းကို ဆိုလိုပါတယ်။  

 

 

အရွယ်ရောက်သူတွေအတွက်ရှိသင့်တဲ့အဆီရာခိုင်နှုန်း

 

http://myanmardigital.news/sites/default/files/%E1%80%AF%E1%80%AF.JPG

 

သင်အတွက်ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ဆုံးဖြတ်ခြင်း

 

သင့်အနေနဲ့ သင်ကိုယ်အလေးချိန် ဘယ်လောက်ရှိသင့်တယ်ဆိုတာကို ဆုံးဖြတ်လို့ရပါတယ်။ အဲဒါကို အပေါ်မှာ ပြောသွားတဲ့ BMI နဲ့တွဲပြီး ရှာလို့ရပါတယ်။ တကယ်လို့ အဲဒီအလေးချိန်ကိုရောက်ဖို့ အများကြီးလိုသေးတယ်ဆိုရင်တော့ အရင်ဆုံးရှိနေတဲ့အလေးချိန်ရဲ့ ၁၀ ရာခိုင်နှုန်းလျှော့ဖို့ ပန်းတိုင်အရင်ထားပါ။ လေ့လာမှုတွေအရ အလေးချိန် ၇ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းလျော့ခြင်းကတောင် ကျန်းမာရေးအတွက် တော်တော်အထောက်အကူပြုနေပါပြီတဲ့။

 

 

သင့်လက်ရှိကိုယ်အလေးချိန်

 

စလျှော့သည့်ရက်

 

ကိုယ်မှန်းထားသည့်ကိုယ်အလေးချိန်

 

မှန်းထားတဲ့ကိုယ်အလေးချိန်ရနိုင်တဲ့ရက်

 

 

အခုသင့်အနေနဲ့ သင်လိုချင်တဲ့ အလေးချိန်ကိုရွေးပြီးတဲ့အတွက် တစ်ပတ်ကို အလေးချိန်ဘယ်လောက် ဘေး ကင်းကင်း လျှော့နိုင်လဲဆိုတာ ဆုံးဖြတ်ဖို့လိုပါတယ်။ ပညာရှင်တွေကတော့ အမျိုးသမီးတွေအနေနဲ့ တစ်ပတ်ကို ၁ ပေါင်ကနေ ၂ ပေါင်အထိ လျှော့လို့ရပြီး ယောကျာ်းတွေအနေနဲ့ တစ်ပတ်ကို ၂ ပေါင်ကနေ ၄ ပေါင်အထိလျှော့နိုင်တယ်လို့ဆိုပါတယ် (ကိုယ်အလေးချိန်အများကြီးကျဖို့လိုတဲ့ လူတွေအတွက် အစပိုင်းမှာ ဒီ့ထက်ပိုလျှော့ဖို့လိုတာလဲ ဖြစ်နိုင်ပါတယ်)။ သင့်ရဲ့ပန်းတိုင်က ကိုယ်အလေးချိန်ကျပြီး ကြွက်သားတွေကို ထိန်း သိမ်းဖို့ပါ။ တကယ်လို့ သင့်ကိုယ်အလေးချိန် အရမ်းမြန်မြန်ကျသွားခဲ့ရင် ကြွက်သားတွေပါ လျော့နည်းသွားနိုင်ပြီး ဇီဝကမ္မလုပ်ငန်းစဉ်တွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။ DASH အစားအသောက်ပုံစံက အဆီပါဝင်မှုနည်းပြီး အသားဓါတ်များသော အစားအစာ၊ ကယ်ဆီယမ်ပါဝင်မှုများသော နို့ထွက်ကုန်၊ အမျှင်ဓါတ်များသော သစ်သီးဝလံ၊ အသီးအရွက်နဲ့ အစေ့အဆံတွေပါဝင်တဲ့အတွက် ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန်ကို ကျစေပါတယ်။

 

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်" 

 

http://myanmardigital.news/sites/default/files/hello%2011_54.jpg