သင်္ချာအိုလံပစ်ပြိုင်ပွဲ(ဗဟိုအဆင့်)လွိုင်ကော်၌ ဖြေဆို

လွိုင်ကော်   ၃၀ ဒီဇင်ဘာ

၂၀၁၇-၂၀၁၈ ပညာသင်နှစ် သင်္ချာအိုလံပစ်(ဗဟိုအဆင့်) ပြိုင်ပွဲကို လွိုင်ကော်မြို့ အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်း၌ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

 

mdn

 

အဆိုပါပြိုင်ပွဲတွင် ကယားပြည်နယ်အတွင်းရှိ မြို့နယ်၊ ခရိုင်၊ ပြည်နယ်အဆင့်ဆင့်မှ ပထမ၊ ဒုတိယ၊ တတိယ ရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကို ဗဟိုအဆင့်ဆက်လက်ယှဉ်ပြိုင်ကြရာ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

 

mdn

 

ပြိုင်ပွဲသို့ ကယားပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဒေါရ်သီငင်းနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများက အနီးကပ် ကြီးကြပ် ဆောင်ရွက်လျက်ရှိကျောင်း သိရသည်။

 

ရဲနောင်(လွိုင်ကော်)

 

mdn