သမဝါယမကဏ္ဍ ကုန်သွယ်မှုလုပ်ငန်းများမှ နိုင်ငံခြားဝင်ငွေရရှိအောင် ပြည်ပပို့ကုန်များတင်ပို့ခြင်းဖြင့် ပြန်လည်ဆောင်ရွက်နေ

နေပြည်တော် ၁၆ သြဂုတ်

 

သမဝါယမ၏ ကုန်သွယ်မှုကဏ္ဍဖြင့် နိုင်ငံခြားဝင်ငွေရရှိစေရန်အတွက် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ် ချမ်းမြေ့ကျော် ရေထွက်ပစ္စည်းနှင့် အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်း၊ သိမ်းထိုက်ဇော် ရေထွက်ပစ္စည်းနှင့် အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းတို့မှ ငါး၊ ပုဇွန်နှင့် ရေထွက်ပစ္စည်းများကို ပြည်ပသို့ တင်ပို့ရောင်းချ၍ နှစ်စဉ်နိုင်ငံခြားဝင်ငွေ ရရှိအောင် ဆောင်ရွက်ခဲ့ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ သန်း ရရှိခဲ့သည်။ 


ကိုဗစ်-၁၉ ကာလအတွင်း လုပ်ငန်းများခေတ္တရပ်ဆိုင်းခဲ့ရသော်လည်း ယခုအခါ တနင်္သာရီတိုင်းဒေသကြီးအတွင်း ကမ်းနီးငါးဖမ်းလုပ်ငန်းများမှ ငါး၊ ပုစွန်နှင့် ရေထွက်ပစ္စည်းများကို ပြည်ပပို့ကုန်အဖြစ် ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သမဝါယမဦးစီးဌာနမှ သိရသည်။


MDN