သမိုင်းဝင် စတုမုခရှင်ပင် လေးမျက်နှာ စေတီတော်မြတ်ကြီးအား ရွှေထီးတော်အဆင့်ဆင့်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်သစ် တင်လှူပူဇော်

စလင်း ၃ ဇန်နဝါရီ 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် တညောင်ကျေးရွာ ရှေးဟောင်းသမိုင်းဝင် စတုမုခရှင်ပင် လေးမျက်နှာ စေတီတော်မြတ်ကြီးအား ရွှေထီးတော်အဆင့်ဆင့်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်သစ် တင်လှူပူဇော်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၃ ရက် မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်က ဘုရားရင်ပြင်တော်တွင် ကျင်းပခဲ့သည်။

 

mdn

 

ရှေးဦးစွာ ရွှေထီးတော်ခုနစ်ဆင့်၊ ခရေသီး၊ ရွှေဟင်္သာ၊ ဆပ်ပွားများ၊ ငှက်မြတ်နားတော်၊ နယားတော်များနှင့် စိန်ဖူးတော်အထွတ်တို့ကို ပင့်ဆောင်၍ စေတီတော်ကြီးအား လက်ယာရစ် ပူဇော်ကန်တော့ပြီး မင်္ဂလာအချိန်အခါတွင် ဆရာတော်များက အောင်ဂါထာကို ရွတ်ဖတ်ပူဇော်ကာ ရွှေထီးတော်အဆင့်ဆင့်ကို စေတီတော်ကြီးပေါ်သို့ ပင့်ဆောင်ပူဇော်လှူဒါန်းသည်။

 

mdn

 

အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒါယကာ၊ ဒါယိကာမများ၊ ဒေသခံများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

 

အောင်သန်းမြင့် (ပြန်/ဆက်)

 

mdn

 

mdn

 

mdn