သိန္နီမြို့နယ်မှ လိုက်ချီးပင်စိုက်ပျိုးသူများ စတင်ခူးဆွတ်ချိန်၌ ဈေးကောင်းရရှိနေ

သိန္နီ      မေ       ၂၇

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ်၌ လိုက်ချီးသီး စတင်ခူးဆွတ်ချိန်တွင် တစ်ပိဿာ တစ်တွဲလျှင် ငွေကျပ် ငါးထောင်ဖြင့် ရောင်းချရသောကြောင့် ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။

 

သိန္နီမြို့နယ်တွင် လိုက်ချီးပင်များကို ကိုင်းကူး၍ စိုက်ပျိုးကြကာ ()နှစ်မှ ()နှစ်ကာလတွင် စတင် အသီးသီးကြောင်း၊ အစေ့ပျိုး၍ စိုက်ပျိုးပါက ()နှစ်မှ () နှစ်တွင် အသီးများ စတင်အသီးသီးကြောင်း သိရသည်။ သိန္နီမြိုနယ်တွင် ဘိန်းအစားထိုးသီးနှံအဖြစ် လိုက်ချီးပင်များကို လူနေခြံဝင်းများနှင့် ဥယျာဉ်ခြံ များတွင် စိုက်ပျိုးကြပြီး ဒေသထွက်လိုက်ချီးသီးများကို လားရှိုးမြို့၊ မူဆယ်မြို့၊ ကွတ်ခိုင်မြို့နှင့် လောက်ကိုင် မြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း လိုက်ချီးစိုက်ပျိုးသူများထံမှ သိရသည်။

 

စောဥမ္မာ(သိန္နီ)