SEXY MODEL အဖြစ်ရပ်တည်တော့မည်မဟုတ်ပဲ အဆိုပိုင်းကို အဓိကအသားပေး လုပ်ဆောင်သွားမယ့် ဇွန်သဉ္ဇာ

ရန်ကုန် ၂၅ ဇန်နဝါရီ

မော်ဒယ်လ် သရုပ်ဆောင် ဇွန်သဉ္ဇာ ၏  ရှေ့ ဆက်လုပ်ဆောင်မည့် အနုပညာလှုပ်ရှားမှုအ ကြောင်း  Forward  To Art Show ပတ် သက်၍ ယခုလို ရှင်းလင်းပြောကြားခဲ့သည် ။
 
''ကျွန်မ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ ၁၀ က ပွဲမိန့်ပိတ်ခံခဲ့ရတယ်။ ပွဲပိတ်ခံရတဲ့ သဘင်အစည်းအရုံးကို သွား ရောက်ရှင်းလင်းပြီး အဆင်ပြေသွားလို့ အခုလို ရှင်းလင်းပွဲ လုပ်တာပါ။အခုပွဲတွေ လက်ခံသီဆိုမယ့် အကြောင်း ပရိသတ်ကိုအသိပေးတာပါ။ အဲပွဲက ပုံက အွန်လိုင်းပွဲက ယူသုံးလိုက်တာကြောင့် အရမ်းကြမ်းသွားတယ်။ သဘင်အစည်းအရုံးက သွားသီဆိုရင် ဖမ်းမယ်လို့ ကျွန်မကို စာထုတ်ပါတယ်။ကိုယ်လည်း ဒီလိုမပတ် သတ်ဖူးတော့ ပွဲမိန့်ပိတ်သလို၊ မပိတ်သလို မသေချာဘူးပေါ့။ ကျွန်မ ကိုယ်တိုင်သွားရောက်ရှင်းပြ ခဲ့တယ်။ သူတို့ ပုံတွေလိုင်းပေါ်က သုံးတာပါပေါ့။ သဘင်ဘက်ကလည်း သွားမဖျော်ဖြေပါနဲ့ ပြောလိုက် တယ်။ ကိုယ့်ကလည်း မဖျော်ဖြေပါဘူးလို့ လက်မှတ် ထိုးပေးခဲ့တယ်။ အဲပွဲကို ကျွန်မ သွားမဆိုဖြစ်ပေမယ့် နောက်ဆုံးည မှာ တခြားပွဲတစ်ခုက ကူးသွားပြီးတော့ မနက် ၅ နာရီလောက်မှာ ပွဲစီစဉ်သူကို တောင်းပန်ချင် လို့သွားခဲ့တယ်။ ကန်ထရိုက်ကလည်း ကိုယ့်ကြောင့် နာမည်တွေ ပျက်ခဲ့တယ်။ဆိုဖို့သွားတာ မဟုတ်ပေ မယ့် ပရိသတ်တွေရော ၊ ဂေါပက တောင်းဆိုမှု ကြောင့် သီချင်း မေတ္တာနဲ့ဆိုပေးဖြစ်ခဲ့တယ်။သဘင်က ပြန်သိပြီး ကတိချိုးဖောက်တယ်ဆိုပြီး ပွဲပိတ်ခံခဲ့ရတယ်။ ကျွန်မကလည်း သတ်သတ် ကလန်ကဆန် လုပ်ချင်လို့မဟုတ်ပါဘူး ရှင်းပြခဲ့ပါ တယ်။နောက်ပိုင်း အဝတ်အစားပိုင်းမှာ ဆင်ခြင်ဖို့သ တိပေးခဲ့ပါ တယ်။ပုံတွေလည်း Sexy ပုံတွေ မသုံးဖို့အသိပေးခဲ့ပါတယ်''ဟု မော်ဒယ်လ် သရုပ်ဆောင် ဇွန်သဉ္ဇာကပြောသည်။
 
အဆိုပါ အခမ်းအနားတွင် စာရေးဆရာ ဒါရိုက်တာ အောင်စိုးဦး၊ သဘင်ပညာရှင်များ အစည်းအရုံး ဗဟို  မှ ဒုတိယဥက္ကဌ (၁) နေဝင်း၊   သဘင်ပညာရှင်များ အစည်းအရုံးဗဟို မှ အတွင်းရေးမှူး ပတ္တမြားကေခိုင်၊ စာနယ်ဇင်း မှ ဇေယျာမြတ်ခိုင် တို့တက်ရောက်ကာ ယင်းပွဲ ဖြင့်ပတ်သက်၍ ရှင်းလင်းပြောဆိုသည်။ ဇွန်သဉ္ဇာ သည် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်ရှိ ဘုရားပွဲတော်တွင် ကြော်ငြာဘေဘုတ်ကြောင့်  ပွဲမိန့် ၆ လ ပိတ်သိမ်းခံခဲ့ရခြင်း ဖြစ်သည်။
 
 ''ကျွန်တော်တို့ မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းတဲ့ နေရာမှာလည်း သဘင် ပညာရပ်က ပါဝင်ပါတယ်။သဘင်ဖျော်ဖြေပွဲ မှာ စတိတ်ရှိုးဆိုရင်တော့ အကြောင်းမဟုတ်ဘူးပေါ့။ စတိတ်ရှိုးဆို ပေမယ့် ဆင်ခြင်ရမယ့် အပိုင်းတွေလည်း ရှိပါတယ်။သဘင်စင်မြင့်ကို ဖျော်ဖြေတဲ့အချိန်မှာ ရိုးရာယဉ်ကျေးမှုနဲ့ စပ်ဟပ်မယ့်၊ အခြေခံတဲ့ ဖျေော် ဖြတင်ဆက်မှုတွေ၊ ခေတ်ပေါ်ဖျော်ဖြေမှုတွေမှာလည်း  လွန်ကျူးလွန်ကဲစွာ မလုပ်သင့်ဘူး။ကိုယ်ကိုတိုင်က လည်း Sexy Model ကြေညာထားတာမို့ သဘင်စ င်မြင့်မှာ Sexy Dance တို့ ကပြဖျော်ဖြေလို့ မရပါဘူး။ ဒါက KTV လည်းမဟုတ်၊ Night Club တို့လည်း မဟုတ်ပါဘူး။ သဘင်စင်မြင့်ဆိုလည်း လူတွေအများကြီး ကြည့်တယ်။ ဒီနေ့ခေတ် မီဒီယာတွေကလည်း အင်မတန်  ကျယ်ပြန့်တယ်။လူတိုင်းမှာ ဖုန်းတစ်လုံးရှိ ရုံနဲ့ Live လွှင့်လို့ရတယ်။တကယ့်လို သဘင်စင်မြင့် ဒီအတိုင်းလားလို့ မြင်တွေ့ရရင် သဘင်ရဲ့ပုံရိပ်တွေ လည်း ကျဆင်းပါတယ်။နိုင်ငံတော်ကလည်း ဒါတွေ ကို ထိန်းသိမ်းနေတာ ဖြစ်ပါတယ်။ ကန်ထရိုက်တွေရဲ့ အပြိုင်အဆိုင်ကြော်ငြာဘေဘုတ်တွေကြောင့် ဒီလို တွေဖြစ်ကုန်ပါတယ်''ဟု သဘင်ပညာရှင်များ အစည်းအရုံး ဗဟို  မှ ဒုတိယဥက္ကဌ (၁) နေဝင်းက ပြောသည်။
 
ဇွန်သဉ္ဇာသည် Sexy Model အဖြစ်ရပ်တည်တော့မည်မဟုတ်ပဲ အဆိုပိုင်းကို အဓိကအသားပေး လုပ်ဆောင်သွားမည် ဖြစ်သည်။
 
 
ကိုလင်း