သြစတြေးလျားနိုင်ငံမှာ မူးယစ်ဆေး သန်း ၈၀ဝ ကျော်ဖိုးနဲ့ ဆက်စပ်နေတဲ့ အကောက်ခွန်ဝန်ထမ်းတွေကို တရားစွဲဆို

၅ ဒီဇင်ဘာ

သြစတြေးလျနိုင်ငံမှာ အကြီးမားဆုံး ရေကြောင်းလမ်းကဝင်လာတဲ့ ice မူးယစ်ဆေးဝါးဝန်ချိန် ၃၇ ကီလိုဂရမ် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၈၄၀ သန်းကို ဖမ်းဆီးရာမှာ အကောက်ခွန်ဝန်ထမ်းနှစ်ဦး ပါဝင်ပတ်သက်နေပါတယ်။ အဲဒီဝန်ထမ်းနှစ်ဦးကို ဒီကနေ့ တရားစွဲကြောင်း သိရပါတယ်။

အခုမူးယစ်ဆေးဝါးတွေဟာ ပြီးခဲ့တဲ့ ဧပြီလ ဖမ်းဆီးခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံမှ သြစတြေးလျားနိုင်ငံ မဲဘုန်းမြို့ကို ရေကြောင်းကနေ တင်သွင်းလာတာဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အသက်၃၀ ကျော် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးထားကြောင်း၊ အခုဖမ်းဆီးထားသူတွေထဲက နှစ်ဦးဟာ အကောက်ခွန် ဝန်ထမ်းတွေ ဖြစ်ပါတယ်။ အဲဒီဝန်ထမ်းတွေဟာ အစိုးရဝန်ထမ်းမဟုတ်ကြဘဲ ပုဂ္ဂလိကုမ္ပဏီရဲ့ ဝန်ထမ်းတွေသာဖြစ်တယ်လို့ သြစတြေးလျဖက်ဒရယ် ဒုရဲချုပ်က ပြောပါတယ်။

အခုဖမ်းဆီးခံရတဲ့သူတွေဟာ သူတို့ရဲ့တာဝန်ကို အလွဲသုံးစားလုပ်ပြီး နယ်စပ်လုံခြုံရေးစည်းမျဉ်းကို ချိုးဖောက်ခြင်း ဖြစ်တယ်လို့ ABC သတင်းဌာနကို ပြောပါတယ်။

အဲဒီကိစ္စနဲ့ပတ်သတ်ပြီး ထိုင်းနိုင်ငံက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

MDN

ကိုးကား - AFP