သာသနာတော် ထွန်းကားပြန့်ပွားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်နေသည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန

mdn

တွေ့ဆုံမေးမြန်း - နိုင်လင်းကြည်၊ ဓာတ်ပုံ - ဟိန်းစည်သူ

 

ပြည်သူများ၏ လွတ်လပ်သောဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ခံရသော ပြည်သူ့အစိုးရမှ နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခဲ့သည်မှာ (၄)နှစ်တာ ရှိခဲ့ပြီဖြစ်သည်။ စတင်တာဝန်ယူခဲ့သည့် အချိန်မှစ၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သာသနာတော် ထွန်းကားပြန့်ပွားရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများ သာမက အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။

 

မြန်မာ့ရှေးဟောင်းအမွေအနှစ်များနှင့် ယဉ်ကျေးမှုလက္ခဏာများကို မပျောက်မပျက်အောင် ကာကွယ် စောင့်ရှောက်ကာ ရိုးရာဂီတနှင့် အနုပညာများကို နိုင်ငံတကာအသိုင်းအဝိုင်းသို့ ပျံ့နှံ့ရောက်ရှိအောင် ဖော်ထုတ်၍ အသိပေးတင်ဆက် ဖျော်ဖြေလျက်ရှိသည်။ ယင်းသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများကို တွေ့ဆုံမေးမြန်းခဲ့ပါသည် -

 

mdn

 

သူရဦးအောင်ကို (ပြည်ထောင်စုဝန်ကြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)

 

မေး။ ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ကိုးကွယ်ရာ ဘာသာအလိုက် ရာခိုင်နှုန်းနဲ့ ကျောင်းအရေအတွက်ကို သိပါရစေခင်ဗျာ။

 

ဖြေ။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနကို ဝန်ကြီးဌာန နှစ်ခုပေါင်းပြီး ဝန်ကြီးဌာနတစ်ခုအနေနဲ့ ၂၀၁၆ ခုနှစ် ဧပြီ လမှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင် ၈၇ ရာခိုင်နှုန်းကျော် ၊ ဘုန်းတော်ကြီးနဲ့ သီလရှင်ကျောင်းပေါင်း ၇၂၀ဝ၀ ကျော်ရှိပါတယ်။ ခရစ်ယာန်ဘာသာဝင် ၆ ဒသမ ၂ ရာခိုင်နှုန်းနဲ့ ဘုရားရှိခိုးကျောင်း  ၇၆၀ဝ ကျော်ရှိပါတယ်။ အစ္စလာမ်ဘာသာဝင် ၄ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ဗလီဝတ်ပြုကျောင်း ပေါင်း ၁၀ဝ ကျော်ရှိပါတယ်။ ဟိန္ဒူဘာသာဝင် ဝသမ ၅ ရာခိုင်နှုန်းနဲ့ ဟိန္ဒူဘုရားရှိခိုးကျောင်း ပေါင်း ၁၀ဝ၀ ကျော်ရှိပါတယ်။ နတ်ကိုးကွယ်မှု အနေနဲ့ ဝ ဒသမ ၈ ရခိုင်နှုန်းနဲ့ အခြား ကိုးကွယ်မှုက ဝ ဒသမ ၂ ရာခိုင်နှုန်းရှိ ပါတယ်။

 

မေး။ နိုင်ငံတော်အစိုးရက ကျင်းပပြုလုပ် လျက်ရှိတဲ့ သာသနာတော်ဆိုင်ရာ အခမ်းအနားတွေနဲ့ ပတ်သက်ပြီး ပြောကြားပေးစေ လိုပါတယ်ခင်ဗျာ။

 

ဖြေ။ ဗုဒ္ဓဘာသာဟာ နိုင်ငံသား တိုင်ရင်းသားပြည်သူအများစု ကိုးကွယ်တဲ့ဘာသာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာက လွန်ခဲ့တဲ့နှစ်ပေါင်း ၁၆၀ဝ ကျော်ကတည်းက မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ ဒါကြောင့် ရှေးအကျဆုံးနဲ့ အထင်ကရဘာသာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရဟန်း သာမဏေပေါင်း ငါးသိန်းကျော်ရှိပြီး ရဟန်းသာမဏေ တွေနဲ့ပတ်သက်တဲ့ အခမ်းအနားတွေကို အချိန်ကာလအလိုက် ကျင်ပပေးပါတယ်။ ဝါတွင်းကာလမှာ ဝါဆို သင်္ကန်းကပ်လှူတဲ့ မင်္ဂလာခမ်းအနားနဲ့ ဝါကျွတ်တဲ့အခါ ကထိန်သင်္ကန်းကပ်လှူတဲ့ မင်္ဂလာအခမ်းအနားတွေ ဖြစ်ပါတယ်။

 

မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ တရားဓမ္မတွေက ပိဋက သုံးပုံ၊ နိကာယ်ငါးရပ်နဲ့ ဓမ္မက္ခန္ဓာပေါင်း ၈၄၀ဝ ကျပ် ရှိတဲ့ တရားခွေ့တွေက ကျယ်ပြောများပြားလှပါတယ်။ ဗုဒ္ဓသာသနရဲ့ အရင်းခံရေသောက်မြစ်က ပရိယတ္တိ သာသနာ ဖြစ်ပါတယ်။ ပရိယတ္တိသာသနာတည်တံ့ခိုင်မြဲဖို့ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ၊

ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန် စာမေးပွဲ၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲနဲ့ နိကာယ်စာမေးပွဲတို့ကို အချိန်ကာလ အလိုက် နှစ်စဉ်နိုင်ငံတော်အစိုးရက ဦးဆောင်ကျင်းပပြီး ပြည်သူတွေက ပစ္စည်းလေးပါးနဲ့ ပစ္စယာနုဂ္ဂဟ ထောက်ပံ့ ပေးကြပါတယ်။ ဒါကြောင့် သနတော်ကြီး သန့်ရှင်း တည်တံ့ပြန့်ပွားစေဖို့ ပရိယတ္တိသာသနာကို ဦးစားပေး ချီးမြှောက်ရကြောင်းကို ပြောကြားလိုပါတယ်။

 

မေး။ မြန်မာနိုင်ငံရဲ့ သာသနာတော်မှာ အကြီးမားဆုံး စာမေးပွဲလို့ ပြောလို့ရတဲ့ တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲကျင်းပမှုနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး။

 

ဖြေ။  သုတ္တန်၊ ဒီနည်းနဲ့ အဘိဓမ္မာဆိုပြီး ပိဋကသုံးပုံကို နှုတ်တက်အာဂုံဖြေဆိုနိုင်ရင် တိပိဋကဓရဘွဲ့ကို ရပါတယ်။ ပိဋကသုံးပုံကို သဘောရေးဖြေ အောင်မြင်ရင် တိပိဋက သိဒဘွဲ့ကို ရပါတယ်။ တိပိဋကဓရ တိပိဋက ကောဝိဒ စာမေးပွဲတွေကျင်ပေးခဲ့တဲ့ နှစ်ပေါင်း ၇ ပ် ကာလအတွင်းမှာ သာသနအာဇာနည် ၁၅ ပါး ပေါ်ထွန်း ခဲ့ပါတယ်။

 

၂၀၂၀ ပြည့်နှစ် (၇၂)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲမှာ တိပိဋကဓရ တိပိဋကကောဝိဒ သာသနအာဇာနည်တစ်ပါး ပေါ်ထွန်း ခဲ့သလို ၂၁၇ ခုနှစ်ကလည်း သာသနအာဇာနည်တစ်ပါး ပေါ်ထွန်းခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ထေရဝါဒ ဗုဒ္ဓသာသနာ ကိုးကွယ်တဲ့နိုင်ငံ ငါးနိုင်ငံရှိပါတယ်။ တိပိဋကဓရ တိပိဋက ကောဝိဒ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဆိုတဲ့ သာသနာ့ အာဇာနည် ပေါ်ထွန်းအောင် ဆောင်ရွက် နိုင်တာက မြန်မာ နိုင်ငံ တစ်ခုတည်းရှိပါတယ်။

 

မေး။ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အစည်း အဝေး ကျင်းပခဲ့မှုနဲ့ ပတ်သက်ပြီး သိချင်ပါတယ် ခင်ဗျား။

 

ဖြေ။ နိုင်ငံမှာ ရဟန်းသာမဏေ ငါးသိန်းကျော်နဲ့သာသနာနွယ်ဝင် သီလရှင် ၆၀ဝ၀ဝ ကျော် ရှိပါ တယ်။ ၁၉၈၀ ပြည့်နှစ် ဂိုဏ်းပေါင်းစုံအစည်းအဝေး ကြီးက ရဟန်းသာမဏေ ငါးသိန်းကျော်ထဲကနေ သမ္မုတိရ သံဃမာ့ကိုယ်စားလှယ်(ရဟန်းအမတ်)တွေကို ဆန္ဒမဲပေးပြီး ဗဟိုသံဃာ့ဝန်ဆောင် သံဃာအပါး ၃၀ဝ ရွေးချယ် ခဲ့ပါတယ်။ နောက်ပြီး သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်မှာ  ၁၁၁ ပါးသော နိုင်ငံတော် ဩဝါဒါစရိယဆရာတော်ကြီး တွေက ဦးဆောင်ပါတယ်။ နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ အစည်းအဝေးကို နှစ်စဉ်အထူးသဖြင့် မတ်လ(တပေါင်းလ)မှာ တစ်နှစ် တစ်ကြိမ် ကျင်းပပါတယ်။ ယခုနှစ် မတ်လ ၃ ရက်ကနေ ၅ ရက်အထိမှာ ကျင်းပတဲ့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အစည်းအဝေးကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တက်ရောက်ကြည်ညိုခဲ့ပြီး သာသနာရေးဆိုင်ရာ ကိစ္စရပ်များကို လျှောက်ထားခဲ့ပါ တယ်။ အရင်က နိုင်ငံတော်အကြီးအကဲတွေ တက်ရောက် ခဲ့တာမရှိခဲ့ပါဘူး။ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနဲ့ ညွှန်ကြားရေးမှူးချုပ်တွေနဲ့ အစဉ်အဆက် ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အစည်းအဝေးမှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ကြီးတွေကို သာသနာရေးဆိုင်ရာ လျှောက်ထားခဲ့တာက သမိုင်းမှတ်တမ်းတစ်ခုပါ။

 

မေး။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှာရှိတဲ့ ဦးစီးဌာနတွေရဲ့ ဖွဲ့စည်းထားရှိမှုကို ရှင်းပြပေး ပါဦးခင်ဗျာ။

 

ဖြေ။ သာသနာရေးပိုင်းမှာ သာသနာရေးဦးစီးဌာနနဲ့ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန ရှိပါတယ်။ သာသနာရေးဦးစီးဌာနက သံဃာတော်တွေ ဦး စီးဆောင်ရွက်တဲ့ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေး၊ စည်းကမ်းထိန်းသိမ်းရေး၊ ဝိနည်းဓမ္မကံကိစ္စ တွေနဲ့ ပရိယတ္တိစာမေးပွဲကျင်းပရေးကိစ္စတွေ ဆောင်ရွက် တဲ့အခါ ရုံးလုပ်ငန်းပိုင်းဆိုင်ရာတွေကို ပံ့ပိုးတာဝန်ယူ ရပါတယ်။

 

သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန အနေနဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) နဲ့(မန္တလေး) ဆိုပြီးရှိသလို အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်ကလည်း ဦးစီးဌာနတစ်ခု အသွင်နဲ့ ရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်က စွယ်တော်မြတ်ကုန်းတော် (ရန်ကုန်)မှာရှိပြီး ထေရဝါဒဗုဒ္ဓဘာသာကို ကမ္ဘာသို့ ပြန့်ပွားစေဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့ အထူးသဖြင့် နိုင်ငံခြားသား ရဟန်းသံဃာတွေ၊ သီလရှင်တွေနဲ့ လူပုဂ္ဂိုလ်တွေကို ဦးစားပေးသင်ကြားပေးနေတဲ့ တက္ကသိုလ်ကြီးဖြစ်ပါတယ်။

 

ယဉ်ကျေးမှုအပိုင်းအနေနဲ့ အနုပညာဦးစီးဌာနမှာ အနုပညာအထက်တန်းကျောင်း(မန္တလေး)၊ အရင်က ပန်တျာ ကျောင်းလို့ ခေါ်ပါတယ်။ အဲဒီကျောင်းနဲ့ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)ဆိုပြီး တက္ကသိုလ်ကြီးတစ်ခုရှိပါတယ်။ ရန်ကုန်မှာလည်း အနုပညာအထက်တန်းကျေဝင်းနဲ့ အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)ဆိုပြီး ရှိပါတယ်။

 

သမိုင်းသုတေသနအနေနဲ့ အမျိုးသားစာကြည့်တိုက် ဦးစီးဌာနမှာ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)၊ (နေပြည်တော်)နဲ့ (မန္တလေး)၊ ရှေးဟောင်းသုတေသန အနေနဲ့ အမျိုးသားပြတိုက်များဦးစီးဌာနမှာ အမျိုးသား ပြတိုက်(ရန်ကုန်)နဲ့ အမျိုးသားပြတိုက်(နေပြည်တော်) တို့ ရှိပါတယ်။ ဒါ့အပြင် ရှေးဟောင်းသုတေသနနဲ့ ပတ်သက်တဲ့ သင်တန်းကျောင်းတွေ ရှိပါတယ်။

 

မေး။ သမိုင်းဝင်ရွှေတိဂုံစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံမှုတွေနဲ့ပတ်သက်ပြီး ရှင်းပြပေးပါဦး ခင်ဗျာ။

 

ဖြေ။ အစိုးရသစ် စတင်တာဝန်ယူတဲ့ ၂၀၁၆ခုနှစ် ဧပြီလကစပြီး နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီး တွေဩဝါဒါစရိယဆရာတော်ကြီးတွေနဲ့ နိုင်ငံတော်အကြီးအကဲတွေရဲ့ သသနာတော်နဲ့ပတ်သက်ပြီး ပထမဆုံး လမ်းညွှန်တာက အထင်ကရဖြစ်တဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ ကျိုက်ထီးရိုးစေတီတော်နဲ့ မန္တလေးမဟာ မုနိရုပ်ရှင်တော်မြတ်တို့ကို သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတွေဆောင်ရွက်ဖို့ တာဝန်ပေးကြပါတယ်။

 

ရွှေတိဂုံစေတီတော်မြတ်ကြီးကို အစအဆုံး ပြန်လည် ပြုပြင်ခဲ့ပါတယ်။ ရွှေသင်္ကန်းကပ်တယ်ဆိုရင် ငါး နှစ်ခံပါ တယ်။ သဘာရွှေဟာ ရာသီဥတု၊ လေဒဏ်မိုးဒဏ်ကြောင့် ငါးနှစ်ပြည့်ရင် ရွှေမျက်ပြန်ထုတ်ရပါတယ်။ ပြီးမှ အသစ် ပြန်လည်ကပ်လှူပူဇော်ရပါတယ်။ ရွှေမှိုက်ထုတ်လို့ရတဲ့ ပမာဏဟာ အများ ဆုံး ၃၀ ရာခိုင်နှုန်းဖြစ်ပြီး ကျန်တဲ့ ၇၀ ရာခိုင်နှုန်းက ရာသီဥတုဒဏ်နဲ့ လေလွင့်ဆုံးရှုံးသွားခဲ့တာ များပါတယ်။ ဒီပမာဏဟာ ကုဋေပေါင်းရာချီပြီး တန်ဖိုးကြီး မားပါတယ်။ နောင်မှာ တာရှည်ခံဖို့၊ လေလွင့်ဆုံးရှုံးမှု နည်းပါးစေဖို့ နည်းလမ်းရှာတဲ့အခါ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀ ကျော်ကာလတုန်းက တင်လှူခဲ့တဲ့ တစ်ပေပတ်လည် ခြောက်ကျပ်သားရှိတဲ့ ရွှေစင်ရွှေပြားကို တွေ့ရပါတယ်။ အဲဒါကို အနည်းငယ်သန့်ရှင်းလိုက်တာနဲ့ ပကတိရွှေစင်လိုပဲ အရောင်ဝင်းထိန်နေပါတယ်။ ဒါကို နမူနာယူပြီး တစ်ပေ ပတ်လည် ခြောက်ကျပ်သားရှိတဲ့ ရွှေပြားကြိတ်စက်ကို ဂျပန်နိုင်ငံကနေမှာယူပြီး အခုဆိုရင် ရွှေတိဂုံစေတီတော်ရဲ့ ပရဝဏ်အတွင်းမှာ တည်ဆောက်ထားပြီး ရွှေစင်ရွှေတွေ သွန်းခတ်နေပါပြီ။ ငှက်ပျောဖူးတော်ကနေ ကြာမှောက် ကြာလန်၊ ဖောင်းရစ် စသဖြင့် တဖြည်းဖြည်းနဲ့ အောက်ခြေ အထိကပ်လှူပူဇော်သွားမှာ ဖြစ်ပါတယ်။ ကပ်လှူပူဇော်ပြီး သွားရင် နှစ်ပေါင်းရာချီခံမှာ ဖြစ်ပါတယ်။ နောက်ပြီး ရင်ပြင် တော်ကြီးမှာ ခင်းထားတဲ့ကျောက်ပြားတွေက ခေတ်ကာလ အမျိုးမျိုးမှာ အလှူရှင်တွေ အပေါ် မူတည်ပြီး အဖြူရောင် အညိုရောင်၊ အနက်ရောင် ဖြစ်တဲ့အတွက် ကျောက်ပြား တွေက နွေဆိုရင် မနင်းနိုင်ပါဘူး။

 

အခု အဲဒါတွေကို ခွာပြီးတော့ နေပူခံအဖြူရောင် စကျင်ကျောက်ပြားစစ်စစ်ကို ရင်ပြင်တော်ကြီးတစ်ခုလုံးမှာ ကပ်လှူပူဇော်ခဲ့ပါတယ်။ နောက်တစ်ခုက ဘုရားပရဝဏ် အတွင်းက သန့်စင်ခန်းတွေကို ဘုရားဖူးပြည်သူတွေ ကျန်းမာရေးအတွက် အဆင့်မြှင့်တင်ထားပါတယ်။

 

၂၀၁၉ ခုနှစ် စာရင်းချုပ်အရ မြန်မာကျပ်ငွေ ဘီလီယံ ၉၀ ခန့်၊ အမေရိကန် ဒေါ်လာ ၁၆ သန်းကျော်နဲ့ ဂျပန်ယန်း၊ ထိုင်းဘတ်တို့လည်း ထောင်သောင်း သိန်းချီပြီး ရှိပါတယ်။ အားလုံးကို မြန်မာ့စီးပွားရေးဘဏ်မှာ အပ်နှံထားပါတယ်။ နေ့စဉ်လစဉ် အလှူငွေတွေနဲ့ ရွှေတိဂုံစေတီတော်ကြီးရဲ့ လိုအပ်ချက်ကို ပြည့်မီကျော်လွန်အောင် သုံးနိုင်တဲ့ အနေ အထားရှိတယ်ဆိုတာ ပြောကြားလိုပါတယ်။

 

မေး။ ကျိုက်ထီးရိုးစေတီတော်မြတ်နဲ့ ပတ်သက်ပြီးရှင်းပြပေးပါဦး။

 

ဖြေ။ ကျိုက်ထီးရိုးစေတီတော်မြတ်က မြန်မာနိုင်ငံမှာ ခုနစ်လကြာကျင်းပတဲ့ အရှည်ကြာဆုံး ဘုရားပွဲသမိုင်း ကြောင်းရှိတဲ့ ဆံတော်ရှင်စေတီမြတ် ဖြစ်ပါတယ်။ ကျိုက်ထီးရိုးစေတီတော်မြတ်နဲ့ပတ်သက်ပြီး ဝေဖန်သံတွေ ခေတ်အဆက်ဆက်မှာ ကြားခဲ့ရပါတယ်။ ဘုရားဖူးရာသီ အမြင့်ဆုံးအချိန်ကာလဖြစ်တဲ့ ဆောင်းရာသီမှာဆိုရင် ပြည်တွင်းပြည်ပ ဘုရား ဖူးဧည့်သည်တွေက သိန်းနဲ့ချီပြီး လာပါတယ်။ အဲဒီအချိန်ဆို အစားအသောက်တွေနဲ့ သောက်ရေသန့်တွေ ဈေးတက်ကုန်ပါတယ်။ ဖျာတစ်ချပ်တာတောင် သုံးလေးငါးထောင်ပေးရတဲ့အဆင့်အထိ အမျိုးမျိုးဝေဖန်သံတွေရှိလို့နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ရဲ့ ဝါဒနဲ့အညီ ကျိုက်ထီးရိုးစေတီတော်မြတ်ကို လည်း ဘက်စုံပြုပြင်မွမ်းမံမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အခု ဆိုရင် ရပ်ဝေးက ကြွလာတဲ့ ရဟန်းသံဃာတွေနဲ့ ဒါယကာ၊ ဒါယိကာမတွေ အခမဲ့တည်းခိုလို့ရအောင် စီစဉ်ပေးထားတဲ့အပြင် ဆောင်းရာသီမှာ အနွေးပေးတဲ့စနစ်နဲ့ နွေရာသီမှာ လေအေးပေးတဲ့စနစ်တွေပါ စီစဉ်ပေးထားပါတယ်။ ကျန်တဲ့ ပုဂ္ဂလိက ဟိုတယ်နဲ့ တည်းခိုခန်းတွေကို မတော်လောဘနဲ့ စရိတ်တွေမယူဖို့ ဂေါပကကနေတစ်ဆင့်ပြည်နယ်အစိုးရနဲ့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ထိန်းသိမ်းကြပ်မတ်ပေးလျက်ရှိပါတယ်။ ကျိုက်ထီးရိုးစေတီဆော် မြတ်ရဲ့ ဘဏ္ဍာတော်က ငွေကျပ် ၁၅ ဒသမ ၆၇ ဘီလီယံ ကျော် ရှိပါတယ်။

 

မေး။ ကမ္ဘာ့အကြီးဆုံး ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွေ ကျင်းပနိုင်ခဲ့မှုကို သိလိုပါတယ်။

 

ဖြေ။ ဗုဒ္ဓသာသနာတော်ဟာ နိုင်ငံအတွက် ဂုဏ်ထူး ဝိသေသနဲ့ ပြည့်စုံတဲ့ဘာသာဖြစ်ပြီး သံဃာတော် အပါး ငါးသိန်းကျော်အတွက် ဆွမ်း၊ သင်္ကန်း၊ ကျောင်းနဲ့  ဆေး ပစ္စည်းလေးပါးအနက် အဓိကကျတဲ့ ဆွမ်းပစ္စည်း ပြည့်စုံဖို့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ ရန်ကုန်တိုင်း ဒေသကြီး ရွှေတိဂုံစေတီတော်ရင်ပြင်မှာ သံဃာတော်အပါး ၁၈၀ဝ၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ရဲ့ ဗုဒ္ဓပူဇနိယဘုရား ပွဲတော်ကျင်းပတဲ့နေရာမှာ သံဃာတော်အပါး ၁၀ဝ၀ဝ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနဲ့ မန္တလေးတိုင်းဒေသကြီး  ချမ်းမြသာစည်လေဆိပ်ဟောင်းရဲ့ လေယာဉ်ပြေးလမ်း အဟောင်းပေါ်မှာ သံဃာတော်အပါး ၂၀ဝ၀ဝ ဆွမ်းဆန်စိမ်း လောင်းပွဲတို့ကိုကျင်းပခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ မှာ ကရင်ပြည်နယ် ဘားအံမြို့ လေယာဉ်ကွင်းမှာ သံဃာတော်တော်အပါး ၅၀ဝ၀ ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပ ခဲ့ပါတယ်။ ဒါကတော့ ပစ္စည်းလေးပါးထဲက အဓိကကျတဲ့ ဆွမ်းနဲ့ ပတ်သက်ပြီး ပြည့်စုံစေဖို့ သက်ဆိုင်ရာ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်အစိုးရတွေက ဦးစီးပြီး အလှူရှင် ဒါယကာ၊ ဒါယိကာမအပေါင်းရဲ့ ဒါနအား၊ စေတနာအားတွေနဲ့ လောင်းလှူခဲ့ခြင်းဖြစ်ပါတယ်။

 

မေး။ ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထား ကိုးကွယ်မှုနဲ့ပတ်သက်ပြီး ရှင်းပြပေးပါဦး။

 

ဖြေ။ နေပြည်တော်မှာ ထရငြိမ်းချမ်းရေးစေတီတော်တည်ထားခဲ့ပြီး ဘက်စုံအသေး စိတ်လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ စေတီတော်တည်ထားရတဲ့ ရည်ရွယ်ချက်က ထာဝရငြိမ်းချမ်းရေးရရှိစေဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် အဓိကလိုအပ်ချက်ကလည်း ငြိမ်းချမ်းရေးဖြစ်ပါတယ်။ လွတ်လပ်ရေးရခဲ့တာ နှစ်ပေါင်း ၇၀ ကျော် ကြာခဲ့ပေမယ့် ပြည်တွင်းပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားဆဲဖြစ်ပါတယ်။ နေပြည်တော်မှာ ငြိမ်းချမ်းရေး စေတီ တစ်ဆူတည်ထားဖို့နဲ့ တည်ထားသင့်တယ်လို့ နိုင်ငံတော် အကြီးအကဲတွေထံက အကြံပြုချက်အရ ထာဝရငြိမ်းချမ်း ရေးစေတီကို တည်ထားတာဖြစ်ပါတယ်။ တတ်နိုင်သမျှ နိုင်ငံတော်ဘဏ္ဍာငွေ မသုံးဘဲ အများပြည်သူရဲ့ အလှူငွေနဲ့ ရအောင်တည်မယ်လို့ ကျွန်တော်တို့က ကတိပြုခဲ့တဲ့ အတိုင်း တည်တဲ့အခါမှာ ငွေကျပ် ၈ ဘီလီယံကျပ် သုံးစွဲ ခဲ့ပါတယ်။ ပြည်သူအားလုံးရဲ့ အလှူပဲဖြစ်ပါတယ်။ အချောသပ်လုပ်ငန်းတွေလည်း ဆက်လုပ်နေသလို အလှူ ငွေလည်း ဆက်လက်အလှူခံဆဲ ဖြစ်ပါတယ်။

 

မေး။ မြန်မာနိုင်ငံအတွင်း ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက်တွေကို သိချင် ပါတယ်။

 

ဖြေ။ မြန်မာနိုင်ငံဟာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုဖြစ်တဲ့အတွက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကို အစိုးရ တက်စမှာ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကို မြို့နယ်အဆင့် ၁၂၁ ဖွဲ့၊ ခရိုင်အဆင့်အဖွဲ့ ၄၀ ၊ တိုင်းဒေသကြီး ပြည်နယ်အဆင့် ဆ ဖွဲ့၊ ဗဟိုအဖွဲ့ ၁ ဖွဲ့ စုစုပေါင်း ၁၇၃ ဖွဲ့ အထိ တိုးချဲ့ဖွဲ့စည်း နိုင်ခဲ့ပါတယ်။ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးကို လေးနှစ်ခန့်ကာလအတွင်းမှာ စုစုပေါင်း ညှိနှိုင်းဆွေးနွေး ပူးပေါင်းဆောင်ရွက်မှုအကြိမ် ၂၅၀ ကျော် လုပ်ခဲ့ပါတယ်။ ဘာသာရေးကိုအခြေခံတဲ့ လူမျိုးရေးပဋိပက္ခတွေ မဖြစ်ပွား အောင် တားဆီးကာကွယ်နိုင်ခဲ့ပါတယ်။

 

မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးထွန်းကားစေဖို့အတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပခဲ့ပါတယ်။ RFP (Religions for Peace) အဖွဲ့နဲ့ ချိတ်ဆက်ပြီး မြန်မာနိုင်ငံ တွင်းမှာ ဘာသာပေါင်းစုံ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ တက်ရောက်တဲ့ Religions For Peace Forum ကို သုံးကြိမ်ကျင်းပခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇွန်၊ ဇူလိုင်လလောက်မှာ နေပြည်တော်မှာကျင်းပဖို့ စီစဉ်ထားပါတယ်။ ဘာသာ ပေါင်းစုံအတွင်းမှာ ငြိမ်းချမ်းရေး၊ လူမျိုးပေါင်းစုံအတွင်းမှာ ငြိမ်းချမ်းရေး၊ လူငယ်များကိစ္စ၊ အမျိုးသမီး တွေကို ကာကွယ်ဖို့နဲ့ ပြည်ထောင်စုကြီးဖွံ့ဖြိုးတိုးတက်ဖို့ဆိုတဲ့ ရည်မှန်းချက်တွေနဲ့ ကျင်းပတာဖြစ်ပါတယ်။ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရခဲ့တယ်လို့ ပြောနိုင်ပါတယ်။

 

မေး။ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ ယဉ်ကျေးမှုတွေကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဖို့ ဝန်ကြီးဌာနအနေနဲ့ ဘယ်လိုဆောင်ရွက်နေသလဲဆိုတာသိပါရစေခင်ဗျာ။

 

ဖြေ။ ယဉ်ကျေးမှုအပိုင်းအနေနဲ့ ပထမဆုံးပေးအပ်တဲ့ အမျိုးသားရေးတာဝန်က ပုဂံဒေသကို ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်ဖို့ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကို ၂၀၁၅၊ ၂၀၁၆ ကာလကတည်းကစတင်ပြီး နိုင်ငံတကာ အဖွဲ့အစည်း၊ ယူနက်စကို၊ ပြည်တွင်း ပြည်ပ ပညာရှင်များ၊ ဆက်နွယ်ဝန်ကြီးဌာနများ၊ မန္တလေးတိုင်း ဒေသကြီးအစိုးရ၊ မကွေး တိုင်းဒေသကြီးအစိုးရတို့နဲ့အတူ ပူးပေါင်းကြိုးပမ်းခဲ့ရပါ တယ်။ စိန်ခေါ်မှုများစွာကိုလည်း ဖြတ်ကျော်ခဲ့ရပါတယ်။ ပုဂံဟာ နှစ်ပေါင်းထောင်ချီတဲ့ ယဉ်ကျေးမှုအမွေအနှစ် တွေရှိသလို အမွေအနှစ်တွေကို ထိန်းသိမ်းဖို့ နှစ်ပေါင်း ထောင်ချီကာလကတည်းက တည်ထားပေးခဲ့တဲ့ ရွာတွေ၊ မြို့တွေလည်း ရှိနေပါတယ်။ အမွေအနှစ်တွေနဲ့ ရွာတွေ၊ မြို့တွေက ရောထွေးနေပါတယ်။ သမိုင်းရေစီးကြောင်းနဲ့ အတူ ပါလာခဲ့တဲ့ ကိစ္စဖြစ်ပါတယ်။ မြို့ဆိုတော့ အထပ်မြင့် အဆောက်အအုံ၊ နန်းမြင့်မျှော်စင်၊ ဂေါက်ကွင်း စတဲ့ ရှေးဟောင်း အမွေ အနှစ်နဲ့ ဆန့်ကျင်တဲ့တည်ဆောက်မှု မျိုးတွေလည်း တွေ့ရှိခဲ့ရပါတယ်။ ပြန်ဖျက်ဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ အရင်းအနှီးတန်ဖိုးလည်း ကြီးမားလှပါတယ်။ ရှေးဟောင်းယဉ်ကျေးမှုနဲ့ ခေတ်သစ်မြို့ပြကျေးရွာတွေ ရောပြွမ်း နေတဲ့ အမွေအနှစ်ဒေသတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဥပမာ - ကမ္ဘောဒီးယားနိုင်ငံက အန်ကောဘုရားကျောင်းဆိုရင် ငါးကီလိုမီတာအတွင်းမှာ မည်သည့်ရပ်ရွာ မြို့ပြအဆောက်အအုံမှ မရှိပါဘူး။ ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းတဲ့ အခါ လွယ်ကူလျင်မြန်စွာ ရသွားခဲ့ပါတယ်။ ပုဂံက အဲဒီအနေအထားတွေနဲ့ ခြားနားပါတယ်။ ဒါကြောင့် ယူနက်စကို အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အကြိမ်ကြိမ် ညှိနှိုင်းရပါတယ်။ ဒီလိုညှိနှိုင်းနိုင်ခဲ့လို့ ၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်ကနေ ဇူလိုင် ၁ဝ ရက်အထိ အဇာဘိုင်ဂျန် နိုင်ငံ ဘာကူမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့အမွေအနှစ် ကော်မတီ အစည်းအဝေးကနေပြီး ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသ စာရင်းဝင်အဖြစ်နဲ့ တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒါဟာ ပုဂံသူ ပုဂံသားတွေနဲ့ မြန်မာ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အောင်ပွဲလည်း ဖြစ်ပါတယ်။ ဒီအချိန်ကစလို့ ပြည်တွင်းပြည်ပဘုရားဖူးတွေဟာ နေ့စဉ် ထောင်သောင်းချီပြီး တိုးတက်လာပါတယ်။ ဒေသခံတွေ အတွက် အလုပ်အကိုင်အခွင့်အလမ်းလည်း တိုးတက်လာ ပါတယ်။ တခြားနိုင်ငံတွေရဲ့ အသိအမှတ်ပြု၊ ဂုဏ်ပြုခြင်း ကိုလည်း ခံရပါတယ်။

 

မေး။ ရခိုင်ပြည်နယ်မှာရှိတဲ့ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ယူနက်စကိုဝင်ဖို့ ဆောင်ရွက်နေမှုနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး။

 

ဖြေ။ ရခိုင်ပြည်နယ် မှာရှိတဲ့ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဖြစ်ဖို့ နိုင်ငံတော်အကြီးအကဲတွေရဲ့ လမ်းညွှန်ချက်အရ ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်၊ ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ အဆိုပြုလွှာမူကြမ်းကို ပြင်သစ် နိုင်ငံ ပါရီမြို့မှာရုံးစိုက်တဲ့ ယူနက်စကိုဌာနချုပ်ကို ပေးပို့နိုင် ခဲ့ပါတယ်။ အဆိုပြုလွှာမှုချောကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ယူနက်စကို တင်သွင်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။

 

မြောက်ဦးဒေသမှာရှိတဲ့ အင်မတန်သက်တမ်း ရှည်ကြဉ်လှ တဲ့ အာနန္ဒစနြေကျောက်စာကို ၂၀၁၈ ခုနှစ် ဇွန်လကတည်း က ကမ္ဘာ့မှတ်တမ်းစာရင်းဝင်အဖြစ် တင်သွင်း နိုင်ခဲ့ပါ တယ်။ ဒါဟာ ရခိုင်တိုင်းရင်းသားတွေနဲ့ ပြည်ထောင်စုကြီး တစ်ခုလုံးအတွက် ဂုဏ်ယူစရာ အောင်မြင်မှုမှတ်တမ်း တစ်ခုဖြစ်ပါတယ်။

 

ရွှေတိဂုံစေတီတော်မြတ်ကြီးကိုလည်း ယူနက်စကို တင်ဖို့အတွက် တန်းစီဇယားကို ယူနက်စကိုဌာနချုပ်ကို တင်သွင်းထားပါတယ်။ ယဉ်ကျေးမှုအမွေအနှစ်တွေလည်း များပြားလှပါတယ်၊ ဒါတွေကို ဆက်လက် ထိန်းသိမ်း နိုင်ဖို့ နည်းပညာအထောက်အကူနဲ့ ဘဏ္ဍာငွေ လိုအပ်ပါတယ်။ လိုအပ်ချက်တွေကို အပြည့်အဝ ဖြည့်ဆည်း ပေးနိုင်ဖို့ဆိုရင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဖြစ်မှသာလျှင် နိုင်ငံတကာရဲ့ အထောက်အပံ့၊ ယူနက်စကိုရဲ့ ပံ့ပိုးမှုတွေ ရရှိမှာဖြစ်တယ်။ ကျန်တဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင် သင့်ဝင်ထိုက်တာတွေ ကိုလည်း စာရင်းတင်သွင်းသွားမှာ ဖြစ်ပါတယ်။

 

 မေး။ မြန်မာနိုင်ငံဟာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေ ပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်သလို ရှေးဟောင်းယဉ်ကျေးမှုတွေ မပျောက်မပျက်အောင် ဝန်ကြီး ဌာနရဲ့ ဆောင်ရွက်ချက်တွေကို သိပါရစေ ခင်ဗျာ။

 

 ဖြေ။ စတုတ္ထ (၁) နှစ်ကာလအတွင်းမှာရှေးဟောင်းပစ္စည်းအမျိုးပေါင်း ၉၆၀ဝ ကျော်ကို ချီးမြှင့်ငွေ ၂၄၆၈ သိန်းကျော် ချီးမြှင့်နိုင်ခဲ့ပါတယ်။ ရှေးဟောင်းပစ္စည်း လှူဒါန်းအပ်နှံသူ ၁၈ ဦးထံမှရှေးဟောင်းပစ္စည်းအမျိုးပေါင်း ၅၀ ကို စုဆောင်းထိန်းသိမ်းနိုင်ခဲ့ပါတယ်။

 

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းတွေကို မူလကတည်းက သားစဉ်မြေးဆက် ထိန်းသိမ်းထားလို့ ဖြစ်စေ၊ တွေ့ရှိလို့ဖြစ်စေ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနကို လာရောက်အပ်နှံမယ်ဆိုရင် | ရွှေဆိုရင်လည်း ကာလပေါက်ဈေးပေးပြီး မူလဈေးနှုန်း | အပြင် ပျူခေတ်လက်ရာ၊ ပုဂံခေတ်လက်ရာ၊ အင်းဝခေတ် လက်ရာစသဖြင့် ခေတ်အလိုက် အနုစိတ်လက်ရာ တန်ဖိုးလည်း ထပ်ဆောင်းပေးပါတယ်။ ဒါကြောင့် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်တွေ နယ်စပ်ကနေ ပြည်ပကို ထွက်ခွာယိုစီးသွားမှုဟာ လျော့နည်းသွား ပါတယ်။

 

မေး။ ၂၀၁၆ ခုနှစ်လှုပ်ခဲ့တဲ့ငလျင်ကြောင့် ပုဂံဒေသက ဘုရားပုထိုးစေတီတွေ၊ ရှေးဟောင်းအဆောက် အအုံတွေ ပျက်စီးခဲ့တာတွေကို ပြန်လည်ထိန်းသိမ်းနေမှုကို သိပါရစေခင်ဗျာ။

 

ဖြေ။ ၂၀၁၆ ခုနှစ် သြဂုတ်လမှာ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် ပုဂံဒေသမှာ စေတီပုထိုး သာသနိကအဆောက်အအုံတွေ ပျက်စီးတာ ရှိပါတယ်။ အဆူ ၃၈၉ ဆူလို့ အတိအကျပြောလို့ရပါတယ်။ အရေးပေါ် ထိန်းသိမ်းရေးလုပ်ငန်းတွေကို ပြည်တွင်း ပြည်ပပညာရှင်တွေနဲ့ ဦးစွာဆောင်ရွက်နေပါတယ်။ အနုစိတ် လက်ရာတွေကိုလည်း ရှေးဟောင်းလက်ရာမပျက် ပြုပြင်မှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဆက်စပ်ဌာနတွေနဲ့ ချိတ်ဆက်ပြီး လုပ်ခဲ့ပါ တယ်။

 

နိုင်ငံတော်ဘဏ္ဍာငွေကို မသုံးဘဲ ပြည်တွင်း ပြည်ပ အလှူရှင်တွေဆီကနေ အလှူခံပြီး ပြုပြင်မယ်လို့ ကတိပြု ခဲ့တဲ့အတိုင်း ပြုပြင်ခဲ့ရာမှာ လက်ရှိမှာ ၉၅ ရာခိုင်နှုန်းကျော် ပြင်ဆင်ပြီးပါပြီ။ ၂ဝ၂ဝ ပြည့်နှစ်အတွင်း အားလုံးပြီးသွားမှာ ဖြစ်ပါတယ်။ အဆူ ၃၈၉ဆူအနက် သဗ္ဗညုပုထိုးတော်ကြီး မပါပါဘူး။ ကွင်းဆင်း စစ်ဆေးတဲ့အခါမှာ မူလအတိုင်း တည်ရှိနေတာ တွေ့ရပါတယ်။ ပြိုကျခြင်း၊ ပဲ့ကျခြင်း မရှိ ပါဘူး။ ကျန်တဲ့ သာသနိကအဆောက်အအုံတွေ ပြုပြင် ရင်းနဲ့ သံသယရှိတာနဲ့ သဗ္ဗညုပုထိုးတော်ကြီးကို ခေတ်မီ တိုင်းတာတဲ့ စက်ကိရိယာတွေနဲ့ တိုင်းတာတဲ့အခါ အတွင်း ဒဏ်ရာရသွားပါတယ်။ နိုင်ငံပေါင်းစုံက ပညာရှင်တွေ ညှိနှိုင်းတိုင်ပင်ပြီး ပိုင်ပိုင်နိုင်နိုင် လုပ်ပေးနိုင်တာက တရုတ် နိုင်ငံက ဗိသုကာပညာရှင်တွေ ဖြစ်ပါတယ်။ နှစ်နိုင်ငံအစိုးရကြား MoA နဲ့ MoU ရေးထိုးပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ နည်းပညာ၊ ငွေကြေးထောက်ပံ့မှုနဲ့ အခုပြုပြင်နေပါတယ်။ အချိန်ကာလ အတိုင်း အတာတစ်ခုအထိ ကြာဦးမယ်လို့ သိရပါတယ်။

 

မေး။ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ကို အများပြည်သူများ အလွယ်တကူ သွားလာဖတ်ရှု လို့ရမယ့်နေရာကို ပြောင်းရွှေ့ဖွင့်လှစ်ဖို့ စီစဉ်နေတာနဲ့ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)နဲ့ အမျိုးသားစာကြည့် ၊ တိုက် (နေပြည်တော်) ကို e=Library စနစ်နဲ့ ဆောင်ရွက်နေတာကို သိရပါတယ်။ ဒီအကြောင်းအရာတွေနဲ့ ပတ်သက် ပြီး ရှင်းပြပေးစေလိုပါတယ် ခင်ဗျာ။

 

 ဖြေ။ အမျိုးသားစာကြည့်တိုက်ဟာ ကမ္ဘာအေး သီရိမင်္ဂလာလမ်းသွယ်ထဲမှာ ရောက်နေပါတယ်။  လမ်းကျဉ်းပြီး ချောင်ကျပါတယ်။ မြန်မာနိုင်ငံဟာ စာကြည့်တိုက်ယဉ်ကျေးမှု နဲ့ ကင်းကွာနေခဲ့တာ နှစ်ပေါင်း များစွာကြာခဲ့ပါပြီ၊ စာကြည့်တိုက်ဆိုတာ စာအုပ်ငှားဖတ် တဲ့နေရာသက်သက် မဟုတ်ပါဘူး။ စာကြည့်တိုက်ဟာ သုတေသီတွေအတွက် သုတေသနပြုတဲ့ ဗဟိုဌာန အဆင့်မြင့်ပညာရပ်တွေ MA MSc ဘွဲ့၊ ပါရဂူဘွဲ့၊ တခြား ဘွဲ့လွန်ဘွဲ့တွေ ကျမ်းပြုစုတင်သွင်းတဲ့အခါမှာ အချက် အလက် စုဆောင်းရတဲ့ဌာန၊ ကမ္ဘာမှာရှိတဲ့ အခြား စာကြည့်တိုက်ကြီးတွေနဲ့ ချိတ်ဆက်ပြီး သတင်းအချက် အလက် အပြန် အလှန်ဖလှယ်ရယူနိုင်တဲ့စနစ်တွေနဲ့ စာကြည့်တိုက်ရဲ့ ကဏ္ဍက ကျယ်ဝန်းလှပါတယ်။

 

ပြည်သူတွေနဲ့ မျိုးဆက်သစ်ကျောင်းသား ကျောင်းသူ တွေအတွက် အသိပညာဗဟုသုတတွေ ဖြန့်ဝေပေးတဲ့ ဗဟိုဌာနကြီးလို့လည်း ပြောလို့ရပါတယ်။ ဒါကို ပြုပြင်ပေးဖို့ အတွက် မြို့လယ်မှာရှိတဲ့ ကုန်သည်လမ်းကို ပြောင်းရွှေ့ဖို့ နိုင်ငံတော်က ဘဏ္ဍာငွေလုံလုံလောက်လောက် ချပေးထား ပါတယ်။ ဒါကြောင့် မြန်မာ့သမိုင်းနှင့် စာကြည့်တိုက်ဦးစီး ဌာနကို တာဝန်ပေးပြီး နိုင်ငံတကာအဆင့်မီ စာကြည့်တိုက် ဖြစ်အောင် ပြုပြင်ခဲ့ရာမှာ ရာနှုန်းပြည့်နီးပါး ပြီးနေပါပြီ။ အဆောက်အအုံပိုင်းဆိုင်ရာကိုဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူပြီး ဂျာမနီနိုင်ငံမှာ အခြေစိုက်တဲ့ မြန်မာ ဗိသုကာပညာရှင်တွေကလည်း လာရောက်ပံ့ပိုးတာ ရှိပါတယ်။

 

စာကြည့်တိုက်ပိုင်းဆိုင်ရာမှာ ကုလသမဂ္ဂဌာနချုပ် စာကြည့်တိုက်ကြီးမှာ ဒုတိယစာကြည့်တိုက်မှူးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဆရာမကြီးတွေ အငြိမ်းစားယူ ပြီး ပြန်လာတာရှိတဲ့အတွက် ကမ္ဘာ့အဆင့် စာကြည့်တိုက် အခင်းအကျင်းတွေကို ဝိုင်းဝန်းကူညီပေးကြပါတယ်။ အခုဆို စာကြည့်တိုက်က ဖွင့်လှစ်ဖို့ အသင့်ဖြစ်နေပါပြီ။

 

ရန်ကုန်နဲ့ နေပြည်တော်က စာကြည့်တိုက်တွေကို e-Library စနစ်နဲ့ ဆောင်ရွက်ဖို့လုပ်ငန်းတွေ ဆောင်ရွက် နေပါပြီ။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် အပါအဝင် အခြားစာကြည့်တိုက်တွေနဲ့လည်း ချိတ်ဆက်ဖို့ လုပ်နေ ပါတယ်။ မကြာခင်မှာ e-Library စနစ် အကောင်အထည် ပေါ်လာတော့မှာ ဖြစ်ပါတယ်။ ။

 

မေး။ မြန်မာနိုင်ငံရဲ့ သမိုင်းသုတေသနနဲ့ပတ်သက်ပြီး သမိုင်းမှန်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ချက် တွေကိုလည်း သိပါရစေ။

 

ဖြေ။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကို စတင်တာဝန်ယူတဲ့အချိန်ကစပြီး မြန်မာသမိုင်း အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ မြန်မာသမိုင်းအဖွဲ့ရဲ့ လပတ် အစည်းအဝေးတွေကို ပုံမှန်ကျင်းပပြီး သမိုင်းအဖွဲ့ရဲ့ လိုအပ်ချက်တွေကို ပံ့ပိုးပေးပါတယ်။ ဒီနေ့ဖြစ်တဲ့အကြောင်း အရာတွေက နောင်မှာ သမိုင်းဖြစ်သွားမှာပါ။ အဲဒီသမိုင်းသည် မှန်ကန်နေဖို့ လိုပါတယ်။ သမိုင်းချန်၊ သမိုင်းကျန် မဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါမှ နောင်မျိုးဆက်သစ်တွေက မှန်ကန်တဲ့ သမိုင်းကြောင်းအပေါ် လေ့လာသုံးသပ်ပြီး အနာဂတ်ပြည်ထောင်စုကြီး ပိုမိုရှင်သန်တိုးတက်ကြီးပွားအောင် ကြိုးပမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သမိုင်းနဲ့ ပတ်သက်ပြီး အလေးထားဆောင်ရွက်လျက်ရှိပါတယ်။

 

မေး။ ရန်ကုန်မြို့က အမျိုးသားဇာတ်ရုံ ပြုပြင်မွမ်းမံ တည်ဆောက်နေတာကို ရှင်းပြပေးပါဦး။

 

ဖြေ။ အမျိုးသားဇာတ်ရုံဟာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံက နှစ်နိုင်ငံ ချစ်ကြည်ရေးအထိမ်းအမှတ် အဖြစ် လက်ဆောင်ပေးခဲ့တဲ့ အဆောက်အအုံဖြစ်ပါတယ်။ သက်တမ်းအားဖြင့် နှစ်ပေါင်း ၃၀ ခန့် ရှိသွားပြီဖြစ်ပါတယ်။ အဆောက်အအုံအတွင်းမှာ တပ်ဆင်ထားတဲ့ အသံစနစ်၊ အလင်းရောင်စနစ်နဲ့ အအေးပေးစနစ်တို့ကအစ ပစ္စည်း တွေက ခေတ်မမီတော့ပါဘူး။ ဒါကြောင့်နိုင်ငံတကာအဆင့် မီဖို့ MoU ရေးထိုးပြီး တရုတ်ပညာရှင်တွေကနေ အမျိုးသား ဇာတ်ရုံကို အသံပိုင်းဆိုင်ရာ၊ အလင်းပိုင်းဆိုင်ရာ ဇာတ်ခုံ ပိုင်းဆိုင်ရာနဲ့ လေအေးပေးခြင်းဆိုင်ရာ အပါအဝင် ထိုင်ခုံ တွေကအစပြန်ပြင်နေပါပြီ။ ၂၀၁၁ ခုနှစ် နှစ်လယ်လောက်မှ ပြီးမှာ ဖြစ်ပါတယ်။ အနုပညာနဲ့ပတ်သက်ရင် နိုင်ငံတကာ အဆင့်မီဇာတ်ရုံတစ်ခု ပေါ်ထွန်းလာမယ်လို့ ပြောကြားလို ပါတယ်။ မေး။ အနုပညာနဲ့ ပတ်သက်လို့ လူ့စွမ်းအားအရင်း အမြစ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေကို သိပါရစေ ခင်ဗျာ။ ဖြေ။ နိုင်ငံတကာအခမ်းအနားတွေ၊ နိုင်ငံတကာ အကြီးအကဲတွေလာတိုင်း အနုပညာဦးစီးဌာနက ဖျော်ဖြေတင်ဆက်ရတဲ့အခါမှာ ဧည့်သည်တွေက ကျေနပ်ပြီး အနုပညာဦးစီးဌာနရဲ့ တင်ဆက်မှုတွေအပေါ်မှာ ဂုဏ်ပြုပြောဆိုကြတာရှိပါတယ်။

 

နှစ်နိုင်ငံ အနုပညာပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ကို MoU ရေးထိုးဖို့အတွက် ကမ်းလှမ်းကြပါတယ်။ အနု ပညာအထက်တန်းကျောင်း(မန္တလေး)နဲ့ အနုပညာအထက် တန်းကျောင်း (ရန်ကုန်)၊ အမျိုးသား ယဉ်ကျေးမှု တက္ကသိုလ် (ရန်ကုန်)၊ အမျိုးသားယဉ်ကျေးမှုတက္ကသိုလ် (မန္တလေး)တို့မှ ကျောင်းသားကျောင်းသူတွေရဲ့ လိုအပ်ချက်တွေကို ဝန်ကြီးဌာနအနေနဲ့ တတ်နိုင်သမျှ အစွမ်းကုန် ဖြည့်ဆည်းပေးပါတယ်။

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အနုပညာ ကို တန်ဖိုးထား မြေတောင်မြှောက်ပေးလိုက်တဲ့အတွက် အနုပညာကျောင်းတွေက ကျောင်းသားသစ်ခေါ်တဲ့အခါမှာ ကျောင်းကလက်ခံနိုင်တဲ့ ပမာဏထက် လေးငါးဆယ် ဆမက လျှောက်လွှာတင်လာတာကို တွေ့ရပါတယ်။ အခုဆိုရင် အနုပညာကျောင်းတွေမှာ စိတ်ဝင်စားသူနဲ့ သင်ကြားသူ အရေအတွက် သိသိသာသာ တိုးတက်အောင်မြင်လာတယ် လို့ ပြောကြားလိုပါတယ်။

 

မေး။ စတုတ္ထ (၁) နှစ်တာ ကာလအတွင်းမှာ ဝန်ကြီးဌာနအနေနဲ့ ပြည်သူကို ပြောကြားချင်တာတွေ ရှိရင် ပြောကြားပေးပါဦးခင်ဗျာ။

 

 ဖြေ ။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သာသနာရေးကဏ္ဍမှာ နိုင်ငံသားတိုင်း လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရရှိဖို့နဲ့ နိုင်ငံသားအများစုကိုးကွယ်ရာဖြစ်တဲ့ ဗုဒ္ဓသာသနာတော် သန့်ရှင်းတည်မြို့နဲ့ ထွန်း ကားပြန့်ပွားဖို့ ဦးစားပေးလုပ်ငန်းတစ်ရပ်အနေနဲ့ တာဝန်ရှိသူ အဆင့်ဆင့်က သက်ဆိုင်ရာ သံဃာ့အဖွဲ့အစည်းအဆင့် ဆင့်နဲ့ ညှိနှိုင်းတိုင်ပင်ပြီး ထိန်းသိမ်းဆောင်ရွက်လျက် ရှိပါတယ်။ နိုင်ငံတော်အစိုးရရဲ့ သာသနာရေးဆိုင်ရာလုပ်ငန်းတာဝန်တွေကို တစ်ဖက်တစ်လမ်းကနေ ကျေပွန်အောင် အကောင်းဆုံးကြိုးပမ်း ထမ်းဆောင် လျက်ရှိပါတယ်။ မတူကွဲပြားတဲ့ အခြားဘာသာဝင်တွေနဲ့ ချစ်ကြည်စွာပူးပေါင်းပြီး ပြည်ထောင်စု အကျိုး၊ တိုင်ရင်းသားတွေရဲ့ အကျိုးကို သယ်ပိုးနိုင်ဖို့အတွက် လိုအပ်တဲ့အဖွဲ့ အစည်းတွေ ဖွဲ့စည်း ပြီး ဆောင်ရွက်တဲ့အခါမှာ သိသာထင်ရှားတဲ့ အောင်မြင်မှု တွေ ရရှိနေပါတယ်။

 

နိုင်ငံတော်က သိအဟ်ပြုထားတဲ့ဘာသာ သာသနာ အားလုံးကို တတ်နိုင်သမျှကူညီပါတယ်။ ဘာသာ သာသနာ တွေ တစ်ခုနဲ့တစ်ခု ပဋိပက္ခမဖြစ်အောင်လည်း လေးနှစ်တာ ကာလအတွင်းမှာထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဘာသာရေးကို အခြေခံတဲ့ အမုန်းစကားတွေ တားဆီးကာကွယ်ရေး ဥပဒေကြမ်းအဆင့်ဆင့်ကို ကန ရေးဆွဲပေးပြီး ပြည်ထဲရေး ဝန်ကြီးဌာနကို လွှဲပြောင်းပေးထားတာရှိပါတယ်။ စွမ်းအား ရှိသမျှ ထမ်းရွက်လျက်ရှိပါတယ်။

 

အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊ ယဉ်ကျေးမှုအမွေ အနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် နိုင်ဖို့ မျိုးဆက်သစ်အနုပညာရှင်တွေ စဉ်ဆက်မပြတ် ပေါ်ထွန်းနေစေဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာ့ရိုးရာအကတွေနဲ့ ဇာတ်တော်ကြီးတွေကို အများပြည်သူကြားမှာ စိမ့်ဝင်ပျံ့နှံ့နိုင်ဖို့ နယ်လှည့်ဖျော်ဖြေမှု တွေကို အခါအခွင့်သင့်တိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ တစ်ဖက်ကလည်း မြန်မာအနုသုခုမဆိုင်ရာ သုတေ သနစာတမ်းဖတ်ပွဲတွေကို ပုံမှန်ကျင်းပပေးလျက်ရှိပါတယ်။

 

တိမ်ကောပျောက်ကွယ်သွားနိုင်တဲ့ မြန်မာ့ရိုးရာ ရုပ်သေးပညာရပ်တွေကို အထူးဦးစားပေးတစ်ရပ်အနေနဲ့ ထိန်းသိမ်း ကြိုးပမ်းလျက်ရှိပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ဆရာ ဆရာမတွေကို ဝန်ကြီးဌာန ကနေ တာဝန်ယူပြီး အခြေခံကဗျာလွတ်အက သင်ကြားပေးမှုကိုလည်း နှစ်စဉ်ပြုလုပ်ပါတယ်။ ယဉ်ကျေးမှုအမွေ အနှစ်များကို နောင်နှစ်ပေါင်းများစွာ တည်တံ့နိုင်စေရေး အတွက် ထိန်းသိမ်းရှာဖွေဖော်ထုတ်မှုတွေကို ပြည်တွင်း ပြည်ပသုသီတွေနဲ့ စိတ်ပါဝင်စားသူတွေ ပူးပေါင်းပါဝင် ပြီး ထိန်းသိမ်းတာတွေ၊ စုစည်သာတွေကို လုပ်နေပါတယ်။ ရရှိလာတဲ့အကျိုးအမြတ်တွေကို စီးပွားရေးလုပ်ငန်းအရင်း အမြစ်သဖွယ် ပေါ်ပေါက်လာစေဖို့အတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါတယ်။

 

ဦးအောင်အောင်ကျပ် (ညွှန်ကြားရေးမှူး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ))

 

မေး။ ပုဂံဒေသကို ရှေးဟောင်းအမွေအနှစ်စာရင်းဝင် ဖြစ်ပြီးတဲ့နေ၁က်ပိုင်းမှာ သဘာဝဘေးအန္တရာယ် ဖြစ်လာမယ်ဆိုရင် ဘယ်လိုမျိုး ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားသလဲဆိုတာကို သိပါရစေ ခင်ဗျာ။

 

ဖြေ။ သဘာဝဘေးအန္တရာယ်တွေက အနည်းနဲ့အများဆိုသလို ဖြစ်တတ်ပါတယ်။ ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသဟာ စစ်ကိုင်း ငလျင်ပြတ်ရွေ့ကြောပေါ်မှာ ရှိတဲ့အတွက် ငလျင်ဒဏ်ကို ခံရတဲ့နေရာဖြစ်ပါတယ်။ ပုဂံ ခေတ်ကတည်းက ငလျင်ဒဏ်ခံရတာဟာ မျက်မှောက် ခေတ်မှာလျင်ဒဏ်ခံရမှုက အထင်ရှားဆုံးကတော့ ၁၉၇၅ ခုနှစ်က လှုပ်ခဲ့တဲ့ ငလျင်နဲ့ ၂၀၁၆ မှာလုပ်ခဲ့တဲ့ ငလျင်တို့ ဖြစ်ပါတယ်။ ၁၉၇၅ ငလျင်မှာ ဘုရားပုထိုးစေတီ အများ အပြားထိခိုက်မှုရှိခဲ့သလို ၂ထ၆ ငလျင်မှာလည်း ဘုရား ပုထိုးစေတီပေါင်း အဆူ ၃၈၉ ရှိခဲ့ပါတယ်။ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ဖို့အတွက် ၂၀၁၄- ၂၀၁၅ ကစပြီးဆောင်ရွက်ခဲ့ပါတယ်။ ဒါကလည်း ယဉ်ကျေးမှုအမွေ အနှစ်တွေ ရေရှည်တည်တံ့နိုင်အောင်၊ လူသားအားလုံးက လေးစားလိုက်နာပြီး အားလုံး ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ ကမ္ဘာ့အဆင့်ရောက်အောင် ကမ္ဘာ့အမွေအနှစ်စာရင်းကို တင်သွင်းရခြင်း ဖြစ်ပါတယ်။

 

လုပ်ငန်းဆောင်ရွက်နေစဉ်ကာလဖြစ်တဲ့ ၂၀၁၆ ခုနှစ် မှာ ၆ ဒသမ ၈ ရှိတဲ့ ငလျင်လှုပ်ခဲ့ပါတယ်။ ဘုရားပုထိုး စေတီပေါင်း အဆူ ၃၈၉ ဆူရှိခဲ့တဲ့အတွက် ဒေသခံတွေ၊ ခရိုင်နဲ့ မြို့နယ်အဆင့် သက်ဆိုင်ရာဌာနတွေ၊ ပရဟိတအဖွဲ့တွေနဲ့ ပညာရှင်တွေ ပူးပေါင်းပြီး ထိန်းသိမ်းစောင့်ရှောက် နိုင်ခဲ့ပါတယ်။ ဖြစ်ပွားခဲ့တဲ့ သဘာဝဘေး အန္တရာယ်တွေကို နမူနာယူပြီး စနစ်တကျ ပြန်လည်ထိန်းသိမ်းဖို့ဆောင်ရွက်ခဲ့ပါတယ်။

 

အခုထိခိုက်မှုကြောင့် ပျက်စီးတာကို ပြုပြင်ရုံသာမက နောင်ဖြစ်လာမယ့်ဘေးအန္တရာယ်တွေအတွက်ပါ ကြိုတင် ခန့်မှန်းပြီး ပြည်တွင်းပြည်ပပညာရှင်တွေနဲ့ ညှိနှိုင်းဆောင် ရွက်ခဲ့ပါတယ်။ ယူနက်စကိုက ပညာရှင်တွေ၊ အိန္ဒိယ၊ တရုတ်၊ ဂျပန်နဲ့ ဂျာမနီက ပညာရှင်တွေနဲ့ ဆောင်ရွက်လျက် ရှိပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ပထမအဆင့် ငလျင်ကြောင့် ထိခိုက်တဲ့အပျက်အစီးတွေကို ထိန်းသိမ်းမှုဖြစ်ပါတယ်။

 

ဒုတိယအဆင့်က နေဝင်ဖြစ်လာမယ့် သဘော အန္တရာယ်တွေကို ခံနိုင်ရည်ရှိအောင်နဲ့ မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းပေးနိုင်အောင် စနစ်တကျ စီမံခန့်ခွဲပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ပုဂံဒေသဟာ ကမ္ဘာ အမွေအနှစ် စာရင်းဝင်ဖြစ်ပြီးတဲ့နောက်မှာ နိုင်ငံတကာရဲ့ အာရုံစူးစိုက်မှုနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုက များလာ ပါတယ်။ အခုဆိုရင် နိုင်ငံတကာနဲ့ ပူးပေါင်းပြီး ထိန်းသိမ်းမှု လုပ်ငန်းတွေကို ကိုရီးယား၊ တရုတ်၊ ဂျပန်နဲ့ ဂျာမနီ စတဲ့ နိုင်ငံတွေက ပူးပေါင်းဆောင်ရွက်သလို အိန္ဒိယနိုင်ငံက လျင်မလှုပ်ခင်ကတည်းက အာနန္ဒာဘုရားကြီး ငါးနှစ်တာ ထိန်းသိမ်းဖို့ ဆောင်ရွက်ခဲ့ပြီး လျင်ဖြစ်ပြီးတဲ့နောက်မှာ ထိန်းသိမ်းမှုလုပ်ငန်းတွေကို ပူးတွဲဆောင်ရွက် လျက် ရှိပါ တယ်။ ဒါကြောင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ များလာတဲ့အတွက် စနစ်တကျဖြစ်အောင် BICC လို့ခေါ်တဲ့ ပုဂံနိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ကော်မတီကို ဖွဲ့စည်းပြီး စနစ်တကျဆောင်ရွက် လျက်ရှိပါတယ်။

 

ဦးသန်းဦး (ညွှန်ကြားရေးမှူး၊ ကမ္ဘာ့အမွေအနှစ်ဒေသဌာနခွဲ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြ တိုက်ဦးစီးဌာန)

 

မေး။ မြန်မာ့သနပ်ခါးကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းဖို့ ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး။

 

ဖြေ။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ပုဂံနဲ့မြောက်ဦးမြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသ နှစ်နေရာနဲ့ ပတ်သက်ပြီး ပြင်ဆင် ဆောင်ရွက်ပါတယ်။ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းမှု ကို ၂၀၁၀ ကတည်းက စတင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ပျူမြို့ဟောင်း သုံးမြို့ က ပထမဆုံးကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ခဲ့ပါတယ်။ ၂၀၁၉ခုနှစ်မှာ ပုဂံဒေသဟာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ခဲ့ပါတယ်။

 

၂၀၁၈- ၂၀၁၉မှာ သနပ်ခါးနဲ့ ပတ်သက်လို့ ကမ္ဘာလုံး ဆိုင်ရာ စံတန်ဖိုး၊ ယူနက်စကိုနဲ့ ပတ်သက်တဲ့ ဆောင်ရွက်ရ မယ့် လုပ်ငန်းဆောင်တာတွေ၊ အထူးသဖြင့် သနပ်ခါးကို မှတ်ပုံတင်ခြင်းတို့နဲ့ ပတ်သက်တဲ့လုပ်ငန်းတွေ ဆောင်ရွက် ပါတယ်။ ပြီးခဲ့တဲ့ နှစ်လကသနပ်ခါးပွဲတော်ကို မုံရွာမြို့မှာကျင်ပြီး သနပ်ခါးနဲ့ ပတ်သက်တဲ့ ကမ္ဘောဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် တင်သွင်းနိုင်ဖို့ ပြင်ဆင် ဆောင်ရွက်နေပါတယ်။

 

သနပ်ခါးကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းတဲ့ လုပ်ငန်းဟာ တကယ်တော့ ရေးသားမှုလုပ်ငန်းလည်း လုပ်ရသလို၊ စီမံခန့်ခွဲမှုအစီအစဉ်တွေကိုလည်း လုပ်ရပါတယ်။ လူမှုအဖွဲ့ အစည်းတွေနဲ့ ဘူတကွ လက်တွဲ ဆောင်ရွက်ရတဲ့ လုပ်ငန်းတွေဖြစ်တဲ့အတွက် ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာ သနပ်ခါးကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းမှုလုပ်ငန်းနဲ့ ဆက်စပ်ပြီး လူတန်းစား အသီးသီး ပူးပေါင်းပါဝင်အကြံပြုနိုင်ဖို့ အကြံဉာဏ်ပေးမှုန့် ဖိတ်ခေါ်မှုတွေ ဆောင်ရွက်နေပါတယ်။

 

မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ဒြပ်မဲ့ယဉ်ကျေးမှုဆိုင်ရာ အထောက်အထားဖြစ်တဲ့ သနပ်ခါးကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းမှုလုပ်ငန်းမှာ ရန်ကုန်အမျိုးသားပြတိုက်၊ နေပြည်တော်အမျိုးသားပြတိုက်၊ မန္တလေးနဲ့ မုံရွာသ အစရှိတဲ့ဒေသတွေမှာ သခံတွေနဲ့ ပူးပေါင်းဆောင်ရွက် ခြင်း၊ ဝေဖန်သုံးသပ်ခြင်း၊သနပ်ခါးနဲ့ ပတ်သက်တဲ့ ဆောင် ရွက်မှုတွေ အစရှိတဲ့ လုပ်ငန်းအကြောင်းအရာကို ပါဝင်ဆောင်ရွက်နိုင်အောင်၊ ပူးပေါင်းနိုင်အောင် ပြင်ဆင်ဆောင် ရွက်ထားပါတယ်။ ပြတိုက်တွေမှာလည်း ဝေဖန်ချက်၊ အကြံပြုချက်ဆိုင်ရာ သတင်းအချက်အလက်ဌာနတွေ ထားရှိပြီး ယူနက်စကို တင်ပြနိုင်အောင် ပြင်ဆင်ထားရှိပါ တယ်။