သာပေါင်းမြို့နယ်၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ

သာပေါင်း  မေ  ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို မေ ၂၈ ရက် နံနက်ပိုင်းက ပျဉ်းမထုံး ကျေးရွာအုပ်စု၊ သူဌေးစမ်းကျေးရွာ၊ မြတ်တောင်ညို စေတီတော်ခြေရင်း မျက်နှာစာတောင်ဘက်တွင် ကျွန်းပျိုးပင် ၃၀၀၊ မဟော်ဂနီပျိုးပင် ၄၀၀၊ ပျဉ်းကတိုးပျိုးပင် ၄၀၀၊ မန်ဂျန်ရှားပင် ၄၀၀ စုစုပေါင်း ပျိုးပင် ၁၅၀၀ တို့အား စိုက်ပျိုးခဲ့ကြသည်။

မျိုးဇော်သိန်း(ပြန်/ဆက်)