ရန်ကုန် ၂၅  မတ်

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အာဒိကာရုံအနောက်တိုက် သာသနာ့ ဝုဎိကာရီ မဟာသိမ်တော်ကြီးမုခ်ဦးဖွင့်ပွဲ၊ မော်ကွန်းကျောက်စာတိုက်ဖွင့်ပွဲနှင့် သိမ်တော် ကြီး ရေစက်သွန်းချ မဟာသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ သိမ်တော်ကြီးတွင် ကျင်းပရာ  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်သည်။

 

mdn


ရှေးဦးစွာ နိုင်ငံတော်သြဝါဒါစရိယ ရွှေကျင် နိကာယာဓိပတိ ဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာပတိ ပန္နရသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဝိဇ္ဇောတာရုံဆရာတော် ဘဒ္ဒန္တ ဝိဇ္ဇောတ မဟာထေရ်၊ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဒွိပိဋကဓရ ဘန္ဒန္တအဂ္ဂဓမ္မ ဓမ္မရောင်ခြည် ဆရာ တော်၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊ မဟာဓမ္မကထိက၊ ဗဟုဇနဟိတဓရ ဒေါက်တာ ဘန္တ စန္ဒသူရိယ အောင်စင်္ကြာ ဆရာတော်၊ ပြည်ထောင်စုဝန်ကြီးနှင့် အလှူရှင်တို့က မင်္ဂလာ မုခ်ဦးအား  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

 

mdn


ထို့နောက် မော်ကွန်းကမ္ဗည်းကျောက်စာအား ဒေါက်တာ ဘန္တစန္ဒသူရိယ အောင် စင်္ကြာဆရာတော်နှင့် ပြည်ထောင်စုဝန်ကြီးတို့က  စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေး နံ့သာရည်များ ပက်ဖျန်းပေးသည်။


ဆက်လက်၍ ဝိဇ္ဇောတာရုံဆရာတော် ဘဒ္ဒန္တဝိဇ္ဇောတမဟာထေရ်ထံမှ ပြည် ထောင်စုဝန်ကြီး၊ အလှူရှင်များနှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည် ကြပြီး ဆရာတော် သံဃာတော်များက မေတ္တသုတ် ပရိတ်တရားတော်ချီးမြှင့်သည်။

 

mdn


ယင်းနောက် ပြည်ထောင်စုဝန်ကြီးအား သိမ်အလှူရှင်များက သိမ်တည်ဆောက် ရေး ကုန်ကျအလှူငွေများအား ပေးအပ်လှူဒါန်းပြီး ဒေါက်တာဘန္တစန္ဒသူရိယ အောင် စင်္ကြာ ဆရာတော်ထံ အလှူရှင်များက သာသနာ့ဝုဎိကာရီမဟာသိမ်တော်ကြီးအား သဟတ္တိက ဒါနမြောက် ဆက်ကပ်လှူဒါန်းကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အလှူရှင်များက ဆရာတော် သံဃာတော် များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဘဒ္ဒန္တဓမ္မာစာရ (ကောလင်းဆရာတော်)ထံမှ အနုမောဒနာ တရားတော် နာယူကြပြီး ရေစက်သွန်းချအမျှပေးဝေကြသည်။


(သတင်းစဉ်)