သားကောင်နှင့် မှားယွင်းပြီး တူးမီးသေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးမှုဖြစ်ပွား

ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေ ၅ နာရီအချိန် နောင်ချိုမြို့နယ်၊ ဂွေးကုန်းကျေးရွာ၏ မြောက်ဘက် ၃ မိုင်ခန့်အကွာ၌  နောင်ချိုမြို့နယ်၊ ဂွေးကုန်းကျေးရွာနေ ချစ်ဦး(၂၀)နှစ် သည် တစ်ရွာတည်းနေ ညီအစ်ကိုဝမ်းကွဲဖြစ်သူ ထွန်းနိုင်(၃၃)နှစ်နှင့်အတူ တောပစ်ထွက်ရာမှ ထွန်းနိုင်က သားကောင်ဟု ထင်မှတ်၍ တူးမီးသေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ချစ်ဦးတွင် ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားသောကြောင့် ထွန်းနိုင်အား နောင်ချိုမြို့မရဲစခန်းမှ အရေးယူထားကြောင်း သတင်းရရှိသည်။

 

(ရဲပြန်ကြား)