ရူပဗေဒဘာသာ ဖြေဆိုရန် ပျက်ကွက်သူ ၄၇၇၈၀ ဦးအထိရှိခဲ့

နေပြည်တော် ၁၃ မတ်

 

၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီး/ ပြည်နယ်များနှင့် နိုင်ငံခြားစာစစ်ဌာနများတွင် ယနေ့နံနက် ၉ နာရီက ဖြေဆိုခဲ့ကြသည်။

 

စာစစ်ဌာနအသီးသီးတွင် ရူပဗေဒဘာသာဖြေဆိုရန် စာရင်းရှိ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၇၄၁၆၇၆ ဦးအထိရှိကာ ယနေ့တွင် ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၆၉၃၈၉၆ ဦး ဖြေဆိုကြပြီး ဖြေဆိုရန် ပျက်ကွက်သူ ၄၇၇၈၀ ဦးဖြစ်၍ ဖြေဆိုမှုရာခိုင်နှုန်း ၉၃ ဒသမ ၅၆ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

 

MDN