ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာဇန်မြို့၌ ကျင်းပသည့် ပထမဆုံးနိုင်ငံတကာအားကစားမျိုးစုံပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကျင်းပ

မတ် ၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာဇန်မြို့၌ ကျင်းပသည့် ပထမဆုံးနိုင်ငံတကာအားကစားမျိုးစုံပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို မတ်လ ၃ ရက်က ကျင်းပခဲ့သည်။ အဆိုပါအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရအဖွဲ့ ဒုတိယဉက္ကဌ တက်ရောက်ခဲ့သည်ဟု သိရသည်။ ပထမဆုံး နိုင်ငံတကာ အားကစားမျိုးစုံပြိုင်ပွဲ Games of the Future ကို ဖေဖော်ဝါရီ ၂၁ ရက်မှ မတ် ၃ ရက်အထိ ကာဇန်မြို့တွင် ကျင်းပခဲ့သည်။ ယင်းအားကစားပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၀၇ နိုင်ငံမှ အသင်း ၂၉၄ သင်းနှင့် အားကစားသမား ၂၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော အားကစားသမားများ၏ အသက်အရွယ်များသည် အသက် ၁၂ နှစ်မှ ၆၂ နှစ်ကြားအရွယ်များဖြစ်သည်။ အားကစားပြိုင်ပွဲများကို ကာဇန်၊ အင်နိုပိုလစ်နှင့် "Sirius" Federal Territory ရှိ ပြိုင်ပွဲနေရာ ၁၁ နေရာတွင် ကျင်းပခဲ့သည်။ ကာဇန်မြို့သည် အားကစားမျိုးစုံပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများနှင့် အားကစားပြိုင်ပွဲများစွာကျင်းပသည့်အဓိကနေရာဖြစ်သည်။ ပြိုင်ပွဲကျင်းပရာနေရာများတွင် ပွဲကြည့်ပရိသတ်စုစုပေါင်း ၃၀၀ဝဝဝ ကျော်ရှိကြောင်း ဖော်ပြထားသည်။ Games of the Future ပြိုင်ပွဲတွင် ဆုရရှိသူများမှာ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ကာဇက်စတန်၊ ဘယ်လာရုစ်၊ စပိန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ ဥရုဂွေး၊ အီကွေဒေါ၊ အာဂျင်တီးနားနှင့် ကိုလံဘီယာနိုင်ငံတို့မှ ကစားသမား ၂၃၆ ဦးဖြစ်သည်ဟု သိရသည်။ ယင်းအားကစားပြိုင်ပွဲမပြီးဆုံးခင်မှာပင် အိမ်ရှင်အဖြစ်လက်ခံကျင်းပလိုကြောင်း နိုင်ငံပေါင်း ကိုးနိုင်ငံကျော်က ၎င်းတို့၏ဆန္ဒကို ကြေညာခဲ့သည်။

မြင့်မြင့်ချို