ရုရှားနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဉပဒေ ပြင်ဆင်ရေး စတင်မဲပေး

၂၅ ဇွန်

 

ရုရှားနိုင်ငံ၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  ဖွဲ့စည်းပုံအခြေခံဉပဒေ ပြင်ဆင်ရေးအတွက် ကြာသပတေးနေ့တွင် မဲပေးမှုစတင်ခဲ့သည်။

 

ပြောင်းလဲပြင်ဆင်လိုက်သည့် အချက်မှာ သမ္မတ ဗလာဒီမာပူတင်အား ပဉ္စမမြောက်သက်တမ်းအတွက် တာဝန်ထမ်းဆောင်ရန် ခွင့်ပြုသည့် အချက်ဖြစ်သည်။

 

ရုရှားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဉပဒေပြင်ဆင်ခြင်းကို ထောက်ခံခဲ့ကြသလားဟု ရုရှားလူမျိုးများကို မေးခွန်းထုတ်ခဲ့သည်။ နောက်အပတ် ဗုဒ္ဓဟူးနေ့အထိ မဲများ ဆက်လက်ပေးနိုင်မည်ဖြစ်သည်။

 

ဇန်နဝါရီလအတွင်းက ပြင်ဆင်ချက်မူကြမ်းကို ပူတင်က အဆိုပြုခဲ့ခြင်းဖြစ်သည်။

 

၂၀၂၄ခုနှစ်တွင် ပူတင်၏ သက်တမ်းကုန်ဆုံးပြီးနောက် နောက်သမ္မတ သက်တမ်းအတွက် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ခွင့်ပြုလိမ့်မည်ဖြစ်သည်။

 

ဗုဒ္ဓဟူးနေ့က စစ်ရေးချီတက်ပွဲ တစ်ခုပြုလုပ်ခဲ့ပြီး အမျိုးသားစည်းလုံးညီညွှတ်ရေးကို ပူတင်အစိုးရက တောင်းဆိုခဲ့သည်။

 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါသည် ရုရှားနိုင်ငံ၏ စီးပွားရေးကို ပိုမိုဆိုးရွားစေခဲ့သည်။

 

ပူတင်သည် မဲမပေးမီကန့်သတ်ချက်များကိုဖြေလျော့ပေးခဲ့ပြီး အများပြည်သူမကျေနပ်မှုများကို ဖြေလျှော့ရန်အတွက် စားသောက်ဆိုင်များအား မော်စကိုတွင် ဖွင့်လှစ်ခွင့်ပြုခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်