ရုပ်ရှင်သစ်အတွက်  ဆေးကုသဖို့ နှောင့်နှေးနေတဲ့ ရွိုင်ယန်ရေးနော့ ဗ်

ဟောလိဝုဒ်ရဲ့ နာမည်ကျော်မင်းသားတစ်ဦးဖြစ်သူ ရွိုင်ယန်ရေးနော့ဗ်ဟာ “Deadpool” ရုပ်ရှင်တွေအတွက် သူ့ရဲ့အချိန်တွေကို ဆယ်စုနှစ်တစ်ခုကြာ မြှုပ်နှံထားခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ယင်းရုပ်ရှင်သစ်အတွက် ပရိုမိုးရှင်းလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ ဒါကြောင့် မင်းသားဟာ သူ့ရဲ့ လက်မောင်းခွဲစိတ်ကုသဖို့အရေး နောက်ချန်ထားရတာဖြစ်ကြောင်း မေးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

လတ်တလောမှာတော့ “Deadpool 2 ” ကို တရုတ်နိုင်ငံမှာ စတင်ပြသခဲ့တာ ဖြစ်ပါတယ်။ ဒီလို တရုတ်နိုင်ငံမှာ ပြသတာဟာ “Deadpool”  ရုပ်ရှင်တွေအတွက် ဒီတစ်ကြိမ်ဟာ ပထမဆုံးလည်း ဖြစ်ပါတယ်။ ဒီအခမ်းအနားကို တက်ရောက်ဖို့အတွက် မင်းသားဟာ သူ့ရဲ့ လက်မောင်းခွဲစိတ်ကုသဖို့ရာ ရက်ချိန်းယူထားတာကို ဖျက်ပစ်ခဲ့ရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ ရွိုင်ယန်ရေးနော့ဗ်ဟာ အဆိုပါရုပ်ရှင်တွေမှာ စုံထောက်တစ်ဦးဖြစ်တဲ့ ပီကာချူးနေရာကနေ ပါဝင်ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်တွေကို ယခင်ကလည်း တရုတ်နိုင်ငံမှာ ပြသဖို့ရာ ရည်ရွယ်ခဲ့ပေမယ့် ဆင်ဆာအခက်အခဲတွေကြောင့် ပြသခွင့် မရခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

အေးပြည့်