ရုပ်ရှင်စကာဝိုင်း

(နိုဝင်ဘာ ၂၅ ရက်မှ အဆက်)

 

 

မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်အထိမ်းအမှတ်

ဒါရိုက်တာအေဝမ်းမောင်တင်ယုနှင့် ရုပ်ရှင်စကားဝိုင်း
================================

ဦးတင်ယု ။ ။ ချစ်ရေစင်ကျတော့ လက်ထောက်ဒါရိုက်တာဖြစ်ပြီ။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဆရာ။
ဦးတင်ယု ။ ။ အဲဒီအချိန် ကျောင်းထွက်ပြီ၊ ဦးတင်မောင်က ပြောတယ်၊
မင်း ကျောင်းလည်း မှန်မှန်မတက်ဘူး၊ သွားတာမဟုတ်ဘူး၊ ထွက်တော့ကွာ၊ ငါနဲ့အတူတူလုပ်မယ်ဆိုပြီးတော့။
ကြည်စိုးထွန်း ။ ။ ဆရာ ဆက်မတက်တော့ဘူးပေါ့၊ ဘွဲ့တွေ ဘာတွေလည်း
မယူတော့ဘူး။ ဆရာ ၂၁ နှစ်သားပဲ ရှိသေးတာပဲနော် ချစ်ရေစင်ဆို။
ဦးတင်ယု ။ ။ ၄၁ အဲဒီကျတော့ ဒါရိုက်တာဖြစ်ပြီ။
ကြည်စိုးထွန်း ။ ။ ဪ အဲဒါ ၂၁ နှစ်သားပဲရှိသေးတယ်။
ဦးတင်ယု ။ ။ အသံတိတ် ရွှေဒေါင်းတောင်။
ကြည်စိုးထွန်း ။ ။ နာမည်ကြီးပဲ ဆရာ၊ ရွှေဒေါင်းတောင်ဆိုတာ၊ ဆရာသုခရဲ့
ဝတ္ထုထင်ပါရဲ့။
ဦးတင်ယု ။ ။ ဇာတ်ညွှန်းကတော့ ဦးတင်မောင်ထင်တာပဲ။ များသောအား
ဖြင့် အေဝမ်းက တစ်ယောက်ရိုက်ရင် အကုန်ရိုက်တာ များ တယ်။ ကျွန်တော်ဆိုလည်း ဖာတစ်လုံးခေါင်းကျား တချို့အခန်းတွေ ကျွန်တော် ကင်မရာဝင်ကိုင်တယ်။ ဦးတင်မောင် တချို့အခန်းတွေ ဝင်ကူပြီးရိုက်ပေးတယ်။
ကြည်စိုးထွန်း ။ ။ ဪ စု-စုပြီးတော့ လုပ်ကြတဲ့သဘောပေါ့၊ ဟုတ်ကဲ့ ဆရာ။
နာမည်ကတော့ တစ်ယောက်၊ ဦးဘရှင် တပ်ချင်တပ်မယ်။ ဆရာတို့ကတော့ ကင်မရာအနေအထား (Director of Photography)သဘောမျိုးပေါ့၊ လိုက်လုပ်ပေးတာ။
ဦးတင်ယု ။ ။ ကျွန်တော်က ဒါရိုက်တာသာဖြစ်တာ၊ ကင်မရာ သိပ်ဝါသနာ
ပါတာ။
ကြည်စိုးထွန်း ။ ။ ဒါကြောင့်မို့ ဆရာက ဓာတ်ပုံနဲ့ဆုရတာပေါ့ ဆရာရဲ့နော်။
ရွှေဒေါင်းတောင်က ဆရာ့ရဲ့ ပထမဆုံးကား၊ ကောင်းလိုက်တာ ဆရာရယ်၊ ဝတ္ထုကလည်း ဆရာသုခ၊ ဇာတ်ညွှန်းကလည်း ဆရာကြီး ဦးတင်မောင်ဆိုတော့ ကောင်းတာပေါ့ ဆရာ။
ဦးတင်ယု ။ ။ လျှပ်စစ်ရုပ်ရှင်ကို အစုစပ်ထောင်ကြတယ်။ ထောင်ပြီးတော့
"ကပ္ပလီ" ဆိုပြီး ရိုက်တယ်။
ကြည်စိုးထွန်း ။ ။ ဪ ကပ္ပလီဆိုတာ ကပ်ကပ်ပြီးတော့ ပလီတာ။ အဲဒါလည်း
ဦးသုခ ဝတ္ထုထင်တယ် ဆရာ။
ဦးတင်ယု ။ ။ အဲဒီတုန်းက ကပ္ပလီတို့၊ လေဒီဂျစ်တို့၊ ဂျစ်လေဒီတို့ ကားနာမည်တွေ ပေါ်လာတာ။ နောက် ဘဘကြီး၊ မင်းဘာလဲ။ မင်းဘာလဲ ကျတော့ အဲဒီမှာ ဗိုလ်ချုပ်အောင်ဆန်း လာကြည့်တာ။
ကြည်စိုးထွန်း ။ ။ ဘယ်လိုလာကြည့်တာလဲ သူက။
ဦးတင်ယု ။ ။ သူက အမြဲတမ်း ကိုတင်မောင့်ကားဆို လာလာကြည့်တယ်။
စွပ်ကျယ်လေးနဲ့။
ကြည်စိုးထွန်း ။ ။ ဪ စွပ်ကျယ်လေးနဲ့ လာကြည့်တယ်။ ရိုးသားလိုက်တာ
ဆရာရယ် နော်။
ဦးတင်ယု ။ ။ ကလေးလေးချီလို့၊ ဘယ်သူ့မှလည်း မပြောဘူး။ သူ့ဘာသူ
ပိုက်ဆံပေးပြီးတော့ ဝင်ကြည့်တာ။
ကြည်စိုးထွန်း ။ ။ အခွင့်ထူးခံခြင်း မရှိဘူးပေါ့နော် ဆရာ။
ဦးတင်ယု ။ ။ သိတော့မှ ဦးတင်မောင်တို့ကို အကြောင်းကြားရတာပေါ့။
ကြည်စိုးထွန်း ။ ။ အင်း ဗိုလ်ချုပ်တော့ ဒီမှာလာပြီး ရုပ်ရှင်ကြည့်နေပြီဆိုပြီးတော့
ဦးတင်မောင်ကို အကြောင်းကြားတယ်။
ဦးတင်ယု ။ ။ 'မင်းဘာလဲ' ကျတော့ ဦးတင်မောင် က လူကြမ်းလုပ်တာကိုး။
ကြည်စိုးထွန်း ။ ။ ဟုတ်တယ် ဆရာ။ ဦးတင်မောင်က ဆရာရယ် ပြောရရင်တော့
သူကသာ စတန့်ကားတွေ ရိုက်နေတာ၊ ဆရာ့ ဦးလေးက သူကိုယ်တိုင်ကတော့ စတန့်ကားတွေ သိပ်မရိုက်တတ်ဘူး၊ ရာဇဝင်ကားတွေ မရိုက်တတ်ဘူး ကျွန်တော်သိသလောက်တော့။ နောက်ဆုံးကျမှသာ "ဗိမ္ဗိသာရ" ရိုက်သွားတာ။ သူ ရာဇဝင်ကားလည်း မရိုက်ဘူး၊ စတန့်ကားလည်း မရိုက်ဘူး၊ အကြမ်းလည်း မလုပ်ဘူး၊ လူကြမ်းနေရာလည်းမလုပ်ဘဲ တကယ့်အနုကားလေး တွေနဲ့ ဆရာဦးတင်မောင်က ရိုက်လာခဲ့တာပေါ့လေ။ ဆရာ့ 'မင်းဘာလဲ' ကျမှ လူကြမ်းနေရာမှာ ဝင်ရိုက်တာ။
ဦးတင်ယု ။ ။ အဲဒီမှာ ကျွန်တော်က လုပ်ခိုင်းတာ။
ကြည်စိုးထွန်း ။ ။ တူကနေပြီးတော့ ဦးလေးကိုလုပ်ခိုင်းတာ ဘာလုပ်ခိုင်းလဲ
ဆရာ။
ဦးတင်ယု ။ ။ လူကြမ်းလုပ်ခိုင်းတာ။
ကြည်စိုးထွန်း ။ ။ လုပ်တာပဲ။
ဦးတင်ယု ။ ။ လုပ်တယ်။ အဲဒီမှာ သူက မင်းသား ပီသတယ်။ ကျွန်တော်က
ဒါရိုက်တာဖြစ်တော့ ကျွန်တော့်အလုပ်မှာ ဘာမှ ဝင်မစွက် ဘူး။ ကျွန်တော်ခိုင်းတာကို လုပ်တယ်။ ဘာထည့်ထားသလဲဆိုတော့ ပြတင်း ပေါက်ကနေ ဒိုင်ဗင်ထိုးဆင်းတဲ့အခန်း၊ ဦးလေး အဲဒါလုပ်ပေးဆို အေးပါ လုပ်ပေးပါ့မယ်တဲ့။
ကြည်စိုးထွန်း ။ ။ ပြတင်းပေါက်ကနေ ဒိုင်ဗင်ထိုးရမယ့်အခန်းပါတော့ ဆရာက
သူ့ကို ခိုင်းတယ်။ ဦးလေး လုပ်ပေးပါဆိုတော့ လုပ်ပေးတယ်။ ဟုတ်ကဲ့ဆရာ၊ သူလူကြမ်းလုပ်တာက ထူးခြားနေတော့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က ဒါ ကိုတင်မောင် လူကြမ်းလုပ်တဲ့ကားပဲဆိုပြီးတော့ လာကြည့်တာ။ ဘာမှလည်း ကြိုတင်အကြောင်းမကြားထားဘူး။ ဟန်ကြီးပန်ကြီးလည်း မရှိဘူး။ သူ့ဟာသူ ပိုက်ဆံပေးပြီးတော့ ဝင်သွားတာ။ ကောင်းလိုက်တာ ဆရာရယ်။
ဦးတင်ယု ။ ။ အဲဒါ နောက်နေ့ကျတော့ ကျွန်တော်က “ဗိုလ်ချုပ် မင်းဘာလဲ”
ဆိုပြီးတော့။
ကြည်စိုးထွန်း ။ ။ ကြော်ငြာတာ “ဗိုလ်ချုပ် မင်းဘာလဲ”။ မင်းဘာလဲက
ကားနာမည်။
ဦးတင်ယု ။ ။ သခင်မြ လာကြည့်တော့ “သခင်မြ မင်းဘာလဲ”။
ကြည်စိုးထွန်း ။ ။ ဪ သခင်မြ လာကြည့်တော့ တစ်ခါ “သခင်မြ
မင်းဘာလဲ”။
ဦးတင်ယု ။ ။ အဲဒီကြော်ငြာလေးတောင် ရှိလားမသိဘူး။
ကြည်စိုးထွန်း ။ ။ ရှိရင်တော့ ပေးပါဆရာ။
ဦးတင်ယု ။ ။ ရှာကြည့်လိုက်ဦးမယ်။
ကြည်စိုးထွန်း ။ ။ ရှာကြည့်ပါဦး ဆရာ၊ ဒီက ပရိသတ်လည်း အဲဒါလေး
ကျွန်တော် ပြချင်တာပေါ့။ “ဗိုလ်ချုပ် မင်းဘာလဲ”၊ “သခင်မြ မင်းဘာလဲ” ကားနာမည်က မင်းဘာလဲပေါ့။ ကောင်းလိုက်တာ ဆရာရယ်။ အဲဒီတုန်းက တကယ့်မြန်မာ့အမျိုးသားခေါင်းဆောင်ကြီးကနေပြီးတော့ ရုပ်ရှင်ကို စိတ်ဝင်စားပြီးတော့ ရုပ်ရှင်ရုံမှာ တကယ့်သာမန်ပရိသတ်လိုလာပြီး အားပေးတာလေးကဖြင့် တကယ်ကြည်နူးစရာကောင်းပါတယ် ဆရာရယ်။ ဝမ်းလည်းသာပါတယ်။ ဆရာတို့ အရင်တုန်းက ရုပ်ရှင်လောကသားတွေနဲ့ အရင်တုန်းက ကျွန်တော်တို့ မျိုးချစ်ခေါင်းဆောင်ကြီးတွေနဲ့ ဒီလိုနေကြ ထိုင်ကြတာများ ကျွန်တော်တို့ ဂုဏ်လည်းယူပါတယ်။ ပီတိလည်း ဖြစ်တယ်။ အဲဒီတော့ ‘မင်းဘာလဲ’ ပြီးတော့ ဆက်ပါဦး ဆရာ။
ဦးတင်ယု ။ ။ ‘မင်းဘာလဲ’ ပြီးတော့ ‘အတွင်းရန်’၊ ပြီးတော့မှ ‘ညောင်ရမ်း
ညီနောင်’။
ကြည်စိုးထွန်း ။ ။ ‘ညောင်ရမ်းညီနောင်’ ဒါ ဆရာ့ရဲ့ Masterpiece ပေါ့နော်
ဆရာ။
ဦးတင်ယု ။ ။ အသံတိတ်တုန်းကလည်း ရိုက်တယ်။ အသံသွင်းလည်း
ရိုက်တယ်။
ကြည်စိုးထွန်း ။ ။ အသံတိတ်တုန်းကတော့ ကျွန်တော်တို့ မကြည့်ဖူးဘူး
ဆရာ။ အသံထွက်ကျတော့ ကျွန်တော်တို့ ကြည့်ဖူးသွားပြီ။
ဦးတင်ယု ။ ။ အဲဒီကနေပြီးတော့ ‘ရန်ပုံခွင်း’၊ ‘သူဌေးလောင်း’၊ ‘တခိုင်လုံးရွှေ’၊
ပထမဆုံးအသံထွက်က ‘သက်လယ်’။
ကြည်စိုးထွန်း ။ ။ အဲ ဦးကျော်ဝင်းနဲ့ တင်တင်မူနဲ့ မြင့်မြင့်ခင်နဲ့။
ဦးတင်ယု ။ ။ အဲဒီမှာ နာမည်ကြီးတယ်လေ 'ချစ်ဆိပ်ရည်' သီချင်း။
ကြည်စိုးထွန်း ။ ။ ဪ 'ချစ်ဆိပ်ရည်' က အဲဒီထဲကလား။
ဦးတင်ယု ။ ။ ကျွန်တော်က စာသားပေးတယ်။ ရွှေပြည်အေးက အသံ
ထည့်တယ်။
ကြည်စိုးထွန်း ။ ။ ဪ ဆရာရွှေပြည်အေးက အသံထည့်တယ်။ စာသားရော၊
အသံရောက ကောင်းတယ် ဆရာ။ 'ချစ်ဆိပ်ရည်' ဆိုတာက ကျွန်တော်တို့ ကြားဖူးတာတော့ ဒေါ်ရီရီသန့်တို့၊ ဒေါ်ကြည်ကြည်ဌေးတို့ပေါ့ နော်။ သူတို့ဆိုတာ ကြားဖူးတယ် ဆရာ။
ဦးတင်ယု ။ ။ ပထမဆုံးဆိုတာက မြင့်မြင့်ခင်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ဆရာ၊ အဲဒါတော့ မကြားဖူးဘူး ဆရာ။ ဒါပေမယ့်
သီချင်းကတော့ တအားနာမည်ကြီးတာ။
ဦးတင်ယု ။ ။ ဒါရိုက်တာက ဖီလင်နဲ့ စာသားပေးလိုက်တာ။
ကြည်စိုးထွန်း ။ ။ ဪ ဆရာက ဖီလင်တွေထည့်ပြီး ရေးပေးလိုက်တာပေါ့။
ဖီလင်ရောရှိလား။
ဦးတင်ယု ။ ။ ရှိရတာပေါ့ ဆရာရယ်။ ဒါရိုက်တာကတော့ ဖီလင်ထည့်ရ
တာပေါ့။
ကြည်စိုးထွန်း ။ ။ ပြောပါဦး ဆရာရယ်။ ဆရာက ဖီလင်ထည့်ပြီးတော့ ချစ်ဆိပ်
ရည်ဆိုတဲ့ စာသားတွေရေးပေးတယ်။ အဲဒါကို ရွှေပြည်အေး ကနေပြီးတော့ အသံထည့်တယ်။ အဲဒီသီချင်းဟာ ဒီနေ့အထိပေါ့နော် ကျွန်တော်တို့ နောက်ခေတ် လူငယ်တွေပေါ့ ရုပ်ရှင်ကားတွေထဲမှာတောင်မှ ဂီတမှူးတွေကနေပြီး တော့ မင်းသမီးနဲ့ မင်းသားကွဲကြပြီဆိုရင်၊ မင်းသမီးလေး လွမ်းနေပြီဆိုရင် တစ်ခါ ဒီ 'ချစ်ဆိပ်ရည်'ဆိုတဲ့ သီချင်းလေးကို ပြန်ပြန်တီးတာ ကျွန်တော် တွေ့ဖူးတယ် ဆရာ။ ဆရာ့ရဲ့သီချင်းနဲ့ပတ်သက်တဲ့ ဖီလင်ကိုလည်း သိရတာပေါ့ ဆရာ။ အဲဒီအထဲက ကျော်ဝင်းဆိုတဲ့မင်းသားက ပထမဆုံး အကယ်ဒမီရတဲ့ မင်းသားနော် ဆရာ။ ကျော်ဝင်းက တင်တင်မူရဲ့ ယောကျ်ား၊ အခု ဒေစီကျော်ဝင်းရဲ့ အဖေပေါ့နော်။
ဦးတင်ယု ။ ။ အဲဒါပြီးတော့ "ဝိညာဉ်မေတ္တာ" အသံထွက်ပဲ။
ကြည်စိုးထွန်း ။ ။ အဲဒီမှာ ထူးခြားတာက ဆရာ၊ ဇာတ်ညွှန်းရေးတဲ့သူက
တက္ကသိုလ်ချစ်ဆွေဆိုတာ တက္ကသိုလ်ချစ်ဆွေက စာအုပ် ကလေး ရေးဖူးတယ် ဆရာ၊ ပါးပါးလေး။ ဇာတ်ညွှန်းအကြောင်းရေးဖူးတာ ကျွန်တော် ဖတ်ဖူးတယ်။
ဦးတင်ယု ။ ။ ပြီးတော့မှ ၅၃ ရောက်တော့ သားရွှေဒေါင်းတောင်။
ကြည်စိုးထွန်း ။ ။ ၁၉၅၃ ဆိုတော့ ကျွန်တော်တို့ ရှစ်နှစ်၊ ကိုးနှစ်သားပဲ ရှိသေး
တယ်ဆရာ၊ ဒါပေမယ့် မှတ်မိတယ်ဆရာ၊ အဲဒီကားကို မှတ်မိတယ်။ မင်းသားက ချောချောပဲ၊ လူချောချော တောင့်တောင့်ဖြူဖြူ၊ သူကခေါင်းမှာ ပေါင်းပြီးတော့လေ ဒေါင်းတောင်လေးနဲ့ ဓားခုတ်တာတွေ တော်တော်ကောင်းပါတယ် ဆရာ။
ဦးတင်ယု ။ ။ ၅၄ ခုမှာ အကျော်အမော်။
ကြည်စိုးထွန်း ။ ။ ဒါလည်းနာမည်ကြီးတာပဲ ဆရာ။ အဲဒီမှာလည်း သီချင်း
နာမည်ကြီးတယ်နော် ဆရာ။ လူမှန်ရင် ကိုယ့်အားကိုယ်ကိုးပါ ဆိုလား၊ မိန်းမ တို့မိန်းမမျိုးဆိုလား၊ အဲဒါလေး ကြည်ကြည်ဌေးဆိုတာလေ။ အဲဒီသီချင်းလေး ဆရာမှတ်မိဦးမလား မသိဘူး။
ဦးတင်ယု ။ ။ မမှတ်မိတော့ဘူး။
ကြည်စိုးထွန်း ။ ။ အဲဒီသီချင်းက ဆရာ၊ မိန်းမကို မာမာထန်ထန် ဆိုတဲ့သီချင်းပဲ။
အဲဒါမှတ်မိနေတယ် ဆရာ၊ ကြည်ကြည်ဌေး နှစ်ကိုယ်ခွဲလေ ဆရာ၊ အမှန်တော့ အင်္ဂလိပ်ဇာတ်ကားရှိမယ်ထင်တယ်။ Stolen life ဆိုတာ။
ဦးတင်ယု ။ ။ နောက် ဇင်မာဦးနဲ့ ဗီဒီယိုပြန်ရိုက်တယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။ ကျွန်တော်ကတော့ အဲဒီကားပေါ့ ဆရာရယ်၊ ဟို ကိုးနှစ်၊ ဆယ်နှစ်သားလောက် ကျွန်တော်ကြည့်ရတာ အကျော်အမော်မှာ မှတ်မိတာ၊ ဘာမှတ်မိလဲဆိုတော့ ကြည်ကြည်ဌေး တစ်ကိုယ်က တအား စရိုက်ကြမ်းတယ်၊ သူက ဘယ်လောက် စရိုက်ကြမ်းလဲဆိုတော့ ထဘီကို တစ်ခါတည်း ဟိုအထဲကတော့ ဘောင်းဘီပါတာပေါ့၊ ဘောင်းဘီလား၊ စကတ်လားမသိဘူးပါတယ်၊ ထဘီကွင်းလိုက် ပုံချပြီးတော့ တစ်ခါတည်း အဲဒီထဘီကို ခတ်ပလိုက်တာ၊ ခြေထောက်နဲ့ ခုတင်ပေါ်ကို ခတ်ပလိုက်တာ သိလား၊ အဲဒါမျိုးတွေပေါ့လေ character သိပ်ပေါ်တာပဲ အဲဒီမှာ၊ မင်းမိန်းမက တော်တော်ကို ပက်စက်တာပေါ့နော်၊ အနေအထိုင်ပက်စက်၊ အပြောအဆို ပက်စက်၊ ခပ်ကြမ်းကြမ်း၊ ခပ်ရမ်းရမ်း တစ်ကိုယ်က၊ တစ်ကိုယ်ကတော့ တအားနုတာပေါ့လေ 'အကျော်အမော်' ဆရာနော်။
ဦးတင်ယု ။ ။ အဲဒီခပ်ကြမ်းကြမ်းက အစ်မကို သတ်လိုက်ပြီးတော့
သူဝင်လိုက်တဲ့အချိန်ကျတော့။
ကြည်စိုးထွန်း ။ ။ ဪ လူစားထိုးတာ။
ဦးတင်ယု ။ ။ အဲဒီကျတော့ သူက အတုကို အတင်းလုပ်ရတာ။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ဆရာ ဟုတ်ကဲ့။
ဦးတင်ယု ။ ။ အကြမ်းရုပ်ပျောက်အောင် မနည်းလုပ်ရတာ၊ အဲဒါပြီးတော့
'မြတဘက်'
(ဆက်လက်ဖော်ပြပါမည်)