ရှင်မင်း

 

ပြည်တွင်းမီဒီယာဖွံ့ဖြိုးတိုးတက်စေရန် ပုဂ္ဂလိကမီဒီယာလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်လိုသူများအတွက် ရုပ်သံလိုင်းငါးလိုင်းကို Digital Free to Air စနစ်ဖြင့် ဆောင်ရွက်နိုင်ရေး စီစဉ်ပေးနိုင်ခဲ့မှုမှာ လက်ရှိအစိုးရသက်တမ်း ဒုတိယ() နှစ်တာကာလအတွင်း ဆောင်ရွက်နိုင်ခဲ့သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV) ဆောင်ရွက် ချက်တစ်ခုဖြစ်သည်။

 

 

ရွေးချယ်ကြည့်ရှုနိုင်

 

 

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက MRTV Multi Channel Playout SystenwGif DVB-T2 စနစ်ဖြင့် ရုပ်သံလိုင်းငါးလိုင်း ထည့်သွင်းထုတ်လွှင့်သည့် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်းသဘောတူ စာချုပ်(မူကြမ်း)ကို ရေးဆွဲကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ရာ ၃၀--၂၀၁၈ ရက်နေ့တွင် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(/၂၀၁၈)မှတစ်ဆင့် သဘောတူ ခွင့်ပြုချက် ရရှိခဲ့သည့်အတွက် MRTV နှင့် Content Provider ငါးဦးတို့သည် ၁၇--၂၀၁၈ ရက်နေ့တွင် စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။

 

 

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ Digital စနစ်ဖြင့် ထုတ်လွှင့်သော မူလရုပ်သံလိုင်းများအပြင် ရုပ်သံလိုင်းသစ်ငါးလိုင်းအား တိုးချဲ့ထုတ်လွှင့်ပေးနိုင်မည်ဖြစ်သည့်အတွက် ပြည်သူလူထုအနေဖြင့် သတင်း၊ ရသ၊ ဗဟုသုတများ ပါဝင်သည့် ရသစုံရုပ်သံလိုင်းများထဲမှ မိမိနှစ်သက်သလို ရွေးချယ်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

 

 

မီဒီယာဖွံ့ဖြိုးတိုးတက်ရေး

 

 

မီဒီယာကဏ္ဍ ဖွံ့ဖြိုးစေရေးအတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် ကဏ္ဍပေါင်းစုံမှ ပုဂ္ဂိုလ်များ ပါဝင်သော အဖွဲ့များနှင့် ပူးပေါင်းကာ မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး ပထမအကြိမ်ဆွေးနွေးပွဲကို ၂၇--၂၀၁၆ ရက်နေ့နှင့် ၂၈--၂၀၁၆ ရက်နေ့တွင်လည်းကောင်း၊ ဒုတိယအကြိမ်ဆွေးနွေးပွဲကို ၁၆-၁၂-၂၀၁၆ ရက်နေ့တွင်လည်းကောင်း၊ တတိယအကြိမ်ဆွေးနွေးပွဲကို --၂၀၁၇ ရက်နေ့တွင်လည်းကောင်း ကျင်းပပြုလုပ်နိုင် ခဲ့ပါသည်။

 

 

၂၈--၂၀၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းခဲ့သော ရုပ်မြင်သံကြားနှင့် အသံ

ထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေ (Broadcasting Law) ကို ဥပဒေအရ ခေတ်ကာလနှင့်လိုက်လျောညီထွေဖြစ်စေရေး ပြန်လည်ပြင်ဆင်ရန် လိုအပ်ခြင်း၊ နည်းဥပဒေရေးဆွဲရေး ဆောင်ရွက်နေဆဲကာလဖြစ်ခြင်းတို့ကြောင့်ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းရန် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ဆောင်ရွက်ခဲ့ပါသည်။

 

 

ပြည်သူ့လွှတ်တော်တွင် ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးနိုင်ရန် တင်ပြထားပြီး အဆိုပါ ဥပဒေ

ပြင်ဆင်ချက်(မူကြမ်း)အား ပြည်သူများ လေ့လာနိုင်ရန် ၁၄-၁၁-၂၀၁၇ ရက်နေ့၌ နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ ဥပဒေပြင်ဆင်ချက်အား အတည်ပြုပြီးပါက ဥပဒေနှင့်အညီ ဆက်လက်တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

 

 

ရာခိုင်နှုန်းများ သတ်မှတ်

 

ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုနှင့်အတူ ပြည်သူများ အတွက် ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန် ဟူသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ဆောင်ပုဒ်အတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိရာတွင် ပြန်ကြားပေးရေးဆိုင်ရာ ကဏ္ဍကို ၄၅ ရာခိုင်နှုန်း၊ ပညာပေးရေးဆိုင်ရာ၂၀ ရာခိုင်နှုန်းနှင့် ဖျော်ဖြေပေးရေးဆိုင်ရာ ၃၅ ရာခိုင်နှုန်း စသည်ဖြင့် ရာခိုင်နှုန်းများ သတ်မှတ်ကာ သတင်းနှင့်ရုပ်မြင်သံကြား မှတ်တမ်းတင်အစီအစဉ်များ၊ ပညာပေးအစီအစဉ်များ၊ ဖျော်ဖြေရေးအစီအစဉ်များကို ပြည်သူများအတွက် နံနက် နာရီမှ ၁၁ နာရီအထိ နေ့စဉ် ၁၇ နာရီ ထုတ်လွှင့်ပေးလျက်ရှိပါသည်။

 

 

သတင်းထုတ်လွှင့်မှုတွင် ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ လွှတ်တော်သတင်းနှင့် မိုးလေဝသသတင်းများ အစရှိသည့်သတင်းများကို နံနက် နာရီမှ နာရီအထိ သတင်းချိန် ရှစ်ကြိမ် တိုက်ရိုက်ထုတ်လွှင့်လျက် ရှိပါသည်။

 

 

သတင်းများကို မြန်မာ့သတင်းစဉ် အပါအဝင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ပြည်နယ်များရှိ သတင်းဗျူရိုများမှ ရယူဆောင်ရွက်လျက်ရှိပြီး လွှတ်တော်ကဏ္ဍအတွက်လည်း လွှတ်တော်သတင်းအဖွဲ့ထားရှိကာ သတင်းရယူ ဆောင်ရွက်လျက်ရှိပါသည်။

 

 

ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်းနှင့် လွှတ်တော်သတင်း စသဖြင့် သတင်းများကို ထုတ်လွှင့်လျက်ရှိသည့်အပြင် ရန်ကုန် Stock Exchange မှ ရှယ်ယာဈေးနှုန်းများ၊ ဗဟိုဘဏ်မှ ငွေကြေးလဲလှယ်နှုန်းများ၊ နေ့စဉ် လယ်ယာထွက်ကုန် သီးနှံဈေးနှုန်းများစသည့် သတင်းများကိုလည်း ဖော်ပြပေးလျက်ရှိသည်။

 

 

ပေးချေဝယ်ယူ အသုံးပြုလျက်ရှိ

 

သတင်းနဲ့ ဆက်စပ်အစီအစဉ်တွေအဖြစ် လူမှုစီးပွားအစီအစဉ်၊ မျက်မှောက်ရေးရာအဖြာဖြာ အစီအစဉ်၊

Weekly Sport အစီအစဉ်တွေ ထုတ်လွှင့်လျက်ရှိပါတယ်၊ ဒါ့အပြင် Mizzima Media က မြန်မာ့အသိုက်အဝန်းထဲမှ မြန်မာအမျိုးသမီးများအစီအစဉ်၊ ရသများဖြင့် ခရီးသွားခြင်း အစီအစဉ်၊ Myanmar Cable Network မှ လူငယ်အစီအစဉ်၊ မြစ်မခမီဒီယာမှ ပတ်ဝန်းကျင်မှ သင်ယူခြင်း၊ စာတတ်ဖို့၊ ဝင်ငွေကောင်းဖို့၊ ကျန်းမာဖို့ အစီအစဉ်တွေကို ထုတ်လုပ်မှုစရိတ် ပေးချေဝယ်ယူ အသုံးပြုလျက်ရှိပါတယ်ဟု မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောသည်။

 

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်းဌာနကလည်း တိုင်းရင်းသားလူမျိုးများ၏ ဒေသသတင်းများ ရိုက်ကူးထုတ်လွှင့်ခြင်းများ၊ တိုင်းရင်းသား ဘာသာ ၁၁ ဘာသာဖြင့် ခရီးသွားအစီအစဉ်များ၊ ရိုးရာအစားအစာ အစီအစဉ်များ၊ ရိုးရာဝတ်စားဆင်ယင်မှု အစီအစဉ်များနှင့် ပျောက်ကွယ်လုနီးပါး တိုင်းရင်းသား ဝေါဟာရ အစီအစဉ် ရိုက်ကူးထုတ်လွှင့်ပြသခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

 

 

စဉ်ဆက်မပြတ် ဉ်ဆက်မပြတ်

 

 

တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ မကွယ်ပျောက်စေရန်နှင့် ပြည်သူများ ရိုးရာယဉ်ကျေးမှုကို ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရန်အတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ အားလုံးအတွက် အဓိကလိုအပ်လျက်ရှိသော ငြိမ်းချမ်းရေး ဖော်ဆောင်မှု အစီအစဉ်များကို တိုင်းရင်းသား ပြည်သူလူထုအတွင်း အလွယ်တကူ နားလည်သဘောပေါက်နိုင်သည့် ဖျော်ဖြေရေး အစီအစဉ်ကောင်းများ ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိသည့်အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အလွှာအသီးသီးမှ လူငယ်များနှင့် ပြည်သူများ၏ ငြိမ်းချမ်းရေးစကားဝိုင်းများကို တိုက်ရိုက်ထုတ်လွှင့်ပေး လျက်ရှိပါသည်။

 

 

ငြိမ်းချမ်းရေးစကားဝိုင်းအပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထောက်ခံကြိုဆိုသောအားဖြင့် ငြိမ်းချမ်းရေးဂီတပွဲတော်ကို တောင်ကြီး၊ မြစ်ကြီးနား၊ မော်လမြိုင်၊ လားရှိုး၊ ပုသိမ်၊ ရန်ကုန်၊ မကွေး၊ နေပြည်တော်၊ မန္တလေး၊ ဘားအံ၊ ကလေးမြို့စသည့် မြို့ကြီး ၁၁ မြို့တွင် ၂၀၁၇ ခုနှစ် ဇူလိုင်လ ရက်မှ ဒီဇင်ဘာလ ၁၀ ရက်အထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဦးဆောင်ကျင်းပကာ ကျင်းပခဲ့သည့် ပွဲစဉ် ၂၁ ပွဲကို တိုက်ရိုက်(Live) ရိုက်ကူး ထုတ်လွှင့်ခဲ့ပါသည်။

 

 

မြန်မာနိုင်ငံ၏ ပြောင်းလဲနေသော အခြေအနေမှန်များကို အချိန်နှင့်တစ်ပြေးညီ ပျံ့နှံ့ရောက်ရှိရန် ရည်ရွယ်ချက်ဖြင့် MITV Channel ကိုလည်း အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်လျက်ရှိပြီး မြန်မာနိုင်ငံ၏ ထူးခြားလှပသော နေရာဒေသများနှင့် နိုင်ငံခြားသားဧည့်သည်များအတွက် ဆွဲဆောင်နိုင်သော အလှအပရှုခင်းများကို ခရီးသွားအစီအစဉ်များ၊ မြန်မာ့ယဉ်ကျေးမှု အနုပညာလက်ရာများ၊ ရိုးရာယဉ်ကျေးမှုအစီအစဉ်များ၊ တိုင်းရင်းသားလူမျိုးနွယ်စုများ၏ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအစရှိသည့် အစီအစဉ်များ၊ မြန်မာနိုင်ငံရှိ ထင်ရှားကျော်ကြားသော အနုပညာရှင်၊ အတတ်ပညာရှင်များ၏ ဘဝနှင့် ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားသည့် အစီအစဉ်များနှင့် အခြားစိတ်ဝင်စားဖွယ်အစီအစဉ်များကို Documentary  အစီအစဉ်များ၊ ယနေ့ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အကြောင်းအရာ၊ အဖြစ်အပျက်များကို Today Myanmar အစီအစဉ်အဖြစ်လည်းကောင်း ရိုက်ကူးထုတ်လွှင့်လျက် ရှိပါသည်။

 

 

စိုက်ပျိုးရေးဆိုင်ရာသတင်း

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ တောင်သူလယ်သမားကဏ္ဍရုပ်သံလိုင်း (Farmer Channel) မှလည်း တောင်သူလယ်သမားများအတွက် အစီအစဉ်များကို ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိရာ စိုက်ပျိုးရေးဆိုင်ရာ သတင်း ရှစ်ပုဒ်ကို လေးနာရီခြား တစ်ကြိမ် (တစ်နေ့လျှင်လေးကြိမ်) ထုတ်လွှင့်ပေးလျက်ရှိသည်။

 

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် မွေးမြူရေးအစီအစဉ်(အဟောင်း) ၃၆ ခု၊ (အသစ်) ၃၆ ခု၊ သစ်တောအစီအစဉ် (အဟောင်း) ၇၈ ခု၊ (အသစ်) ၁၄ ခု၊ MRTV Farmer Channel  မှ ရိုက်ကူးထုတ်လုပ်သည့် စိုက်ပျိုးရေးအစီအစဉ် (အသစ်) ၂၀၅ ခု၊ မွေးမြူရေးအစီအစဉ် ၁၀ ခု၊ အစီအစဉ်စုစုပေါင်း ၁၆၁၄ ခုဖြင့် ထုတ်လွှင့်ပေးလျက်ရှိပြီး နှစ်နှစ်တာကာလအတွင်း Main Content Provider ဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ အစီအစဉ်သစ် စုစုပေါင်း ၄၅၃ ခုနှင့် Farmer Channel မှ ရိုက်ကူးထုတ်လွှင့်ခဲ့သည့် အစီအစဉ်သစ် စုစုပေါင်း ၁၅၇ ခု ထုတ်လွှင့်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

 

 

ရေကြည်ရာ

 

 

ထို့ပြင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် Australian Broadcasting Corporation (ABC) တို့ပူးပေါင်း၍ စားနပ်ရိက္ခာဖူလုံရေး အစီအစဉ်များကို ရုပ်မြင်သံကြားအစီအစဉ် ခြောက်ခု၊ ရေဒီယိုအစီအစဉ် ၁၀ ခုနှင့် စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ အများပြည်သူ ဝန်ဆောင်မှု အသိပေးကြေညာချက် ၂၀ တို့ကို ဆောင်ရွက်ခဲ့ပါသည်။ အလားတူ BBC Media Action နှင့်ပူးပေါင်း၍ ရွှေ့ပြောင်းလုပ်သားများအတွက်ရေကြည်ရာအစီအစဉ်ကို ၁၇--၂၀၁၇ ရက်မှစ၍ အပတ်စဉ် ထုတ်လွှင့်လျက်ရှိပါသည်။

 

 

ထို့အတူ Internews နှင့် ပူးပေါင်း၍မျှဝေခံစား လူမှုစီးပွားအစီအစဉ်ကို ၁၇--၂၀၁၈ ရက်မှစ၍ အပတ်စဉ် ထုတ်လွှင့်လျက်ရှိပါသည်။ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ၂၄--၂၀၁၈ ရက်နေ့မှစ၍ ဒစ်ဂျစ်တယ်စနစ်ဖြင့် ထုတ်လွှင့်နေသော ရုပ်သံလိုင်း ၁၄ လိုင်းကို ရုပ်သံလိုင်း ၁၈ လိုင်းသို့ တိုးချဲ့ထုတ်လွှင့်နိုင်ခဲ့ပြီး TV လွှင့်စက်နှင့် Radio လွှင့်စက်များအတွက် အပိုပစ္စည်းများ ဖြည့်တင်းဝယ်ယူထားရှိကာ ချွတ်ယွင်းမှုဖြစ်ပေါ်သော လွှင့်စက်များကို အချိန်နှင့်တစ်ပြေးညီ ပြုပြင်နိုင်ခဲ့သဖြင့် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များကို ပြတ်တောက်မှုမရှိဘဲ ထုတ်လွှင့်ပေးလျက်ရှိပါသည်။

 

 

လိုင်း ၁၄ လိုင်းကို ထုတ်လွှင့်ပေးလျက်ရှိ 

 

MRTV အနေနဲ့ Analogue ကနေ ပြောင်းလဲထုတ်လွှင့်နေပါတယ်၊ ဒီနှစ်ထဲမှာ DVB-T2 လွှင့်စက်တွေနဲ့ ပြောင်းလဲထုတ်လွှင့်ခဲ့တာရှိပါတယ်။ DVB-T2 လွှင့်စက်တွေကို ရခိုင်ပြည်နယ် မအီစက်ရုံမှာ ၂၀--၂၀၁၈ရက်နေ့မှာ၊ ကချင်ပြည်နယ် ဆဒုံးစက်ရုံမှာ ၂၈--၂၀၁၈ရက်နေ့မှာ၊ စစ်ကိုင်းတိုင်းဒေသကြီး တမူးစက်ရုံမှာ၅--၂၀၁၈ ရက်နေ့မှာ၊ ရှမ်းပြည်နယ် မိုင်းယန်းစက်ရုံမှာ ၁၅-၂၂၀၁၈ ရက်နေ့မှာ အသီးသီး တပ်ဆင်ပြီးစီးပြီဖြစ်တဲ့အတွက် ဒီနေရာတွေမှာ ဒစ်ဂျစ်တယ်စနစ်နဲ့MRTV ရုပ်သံလိုင်းအပါအဝင် လိုင်း ၁၄ လိုင်းကို ထုတ်လွှင့်ပေးလျက်ရှိတယ်ဟု မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စက်မှုဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

 

မြန်မာ့အသံ (ရေဒီယို) မှလည်း ပြည်သူများအတွက် အစီအစဉ်များစွာ ထုတ်လွှင့်ပေးလျက်ရှိပြီး မြန်မာ့အသံ (ရေဒီယို) မူရင်းတေးသီချင်းများကို စုစည်း၍ရေဒီယိုမူရင်း ရွှေသီချင်း ကြေးမုံအစီအစဉ်ကို ၂၀၁၈ ခုနှစ် ဧပြီလအတွင်း စတင်ထုတ်လွှင့်နိုင်ရန် စီစဉ်လျက် ရှိပါသည်။

 

 

အသိပေး နှိုးဆော်ချက်များ ပါဝင်

 

မေယု FM ကို (ရခိုင်၊ ဘင်္ဂါလီ၊ မြန်မာ) ဘာသာတို့ဖြင့် --၂၀၁၇ ရက်နေ့မှစ၍ နံနက်ပိုင်းတွင် နာရီမှ

၁၀ နာရီအထိ၊ ညနေပိုင်းတွင် နာရီမှ နာရီအထိ ထုတ်လွှင့်ခဲ့ပြီး ထုတ်လွှင့်နေသည့် သတင်းများတွင်

UEHRD ဆောင်ရွက်ချက်သတင်းများ၊ ရခိုင်ပြည်နယ် တွင် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးနှင့်ပြန်လည်နေရာချထားရေးတို့အတွက် စီမံဆောင်ရွက်နေမှုသတင်းများ၊ ကျန်းမာရေးဆိုင်ရာ သတင်းများ၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာသတင်းများ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ သတင်းအချက်အလက်များ၊ နိုင်ငံတကာသတင်းများ၊ အားကစားသတင်းများနှင့်နေ့စဉ်မိုးလေဝသအခြေအနေသတင်းများအပြင် ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝဘေးဆိုင်ရာ အသိပေးနှိုးဆော်ချက်များ ပါဝင်ကြောင်း သိရသည်။

 

 

မေယု FM အစီအစဉ်များကို -၁၀-၂၀၁၇ ရက်နေ့မှစ၍ တစ်ဘာသာလျှင် မိနစ် ၄၀ နှုန်းသို့တိုးမြှင့်လျက် နေ့စဉ်နံနက် နာရီမှ မွန်းတည့် ၁၂ နာရီအထိနှင့် ညနေ နာရီမှ ၁၀ နာရီအထိ တစ်နေ့လျှင်၁၂ နာရီ ထုတ်လွှင့်လျက်ရှိပါသည်။

 

 

ရေဒီယို ဖွံဖြိုးတိုးတက်ရေးစီမံကိန်းအရ စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးစက်ရုံတွင် ၂၅--၂၀၁၈ရက်က FM Transmitter များ တပ်ဆင်ပြီးဖြစ်၍မြန်မာပိုင်းအစီအစဉ်နှင့် သက်ဆိုင်ရာတိုင်းရင်းသားအစီအစဉ်များကို ထုတ်လွှင့်ပေးလျက်ရှိသဖြင့် ပြည်သူများမှအသံအရည်အသွေးကောင်းမွန်စွာဖြင့် ဖမ်းယူနားဆင်နိုင်ပြီဖြစ်ပါသည်။

 

 

တသသဂန္ထဝင်တေးများ သသဂန္ထဝင်တေးများနိုင်ငံတော်အခမ်းအနားများ၊ နေ့ကြီးရက်ကြီးများ၊ ဂုဏ်ပြုဧည့်ခံပွဲများ၊ နိုင်ငံခြားမှ ဂီတပညာရှင်များလာရောက်ဖျော်ဖြေသည့်ပွဲများတွင် ပူးပေါင်းဖျော်ဖြေတင်ဆက်ခြင်းနှင့် အခြားဝန်ကြီးဌာနများ၏ ကူညီဖျော်ဖြေပေးရန် တောင်းခံမှုများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတေးဂီတဌာနခွဲသည် ဆောင်ရွက်ပေးလျက်ရှိရာMingalar Dragon Co.,Ltd. တို့ ပူးပေါင်းကာ အလင်္ကာကျော်စွာရွှေပြည်အေး၏ တသသဂန္ထဝင်တေးများရိုက်ကူးတင်ဆက် ထုတ်လွှင့်ပေးနိုင်ခဲ့ပါသည်။

 

 

မြန်မာ-စင်ကာပူ သံတမန်ဆက်ဆံရေး နှစ်(၅၀)ပြည့် အထိမ်းအမှတ်အဖြစ် စင်ကာပူနိုင်ငံ National University of Singapore မှ Yong Siew Thoh Conservatory of Music နှင့် မြန်မာ့ဂီတအနုပညာရှင်များ ပူးပေါင်းပြုလုပ်သည့်ဖျော်ဖြေပွဲများနှင့် ရန်ကုန်မြို့၌ပထမအကြိမ်ကျင်းပပြုလုပ်သည့် အရှေ့တောင်အာရှတေးဂီတ ညွှန်ကြားရေးမှူးများအဖွဲ့ (SEADOM)ညီလာခံတွင် တေးဂီတဌာနခွဲမှ မြန်မာ့ဆိုင်းဝိုင်းကြီးအဖွဲ့ကဧည့်ခံဖျော်ပေးနိုင်ခဲ့ပါသည်။

 

 

နိုင်ငံတော်သံစုံတီးဝိုင်းနှင့် ဂျပန်နိုင်ငံမှ Mr. Yunosuke Yamamoto (Conductor &Composer)ဦးဆောင်သော ဂီတအနုပညာရှင်တို့နှင့် ပူးပေါင်းကာ ရန်ကုန်နှင့် နေပြည်တော်တို့တွင်ဖျော်ဖြေတင်ဆက်ခဲ့ပြီးနှစ်စဉ်နှစ်တိုင်းလည်း ပူးပေါင်းဖျော်ဖြေတင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

 

ထိုကဲ့သို့နိုင်ငံတော်သံစုံတီးဝိုင်းအား နိုင်ငံခြားမှကျွမ်းကျင်ပညာရှင်များ လာရောက်ကာ ပူးပေါင်းဖျော်ဖြေပွဲများကို နှစ်စဉ်ပြုလုပ်နိုင်ခြင်းတို့ကြောင့် ဂျပန်နိုင်ငံအစိုးရသည် ဂျပန်သံရုံးမှတစ်ဆင့် နိုင်ငံတော်သံစုံတီးဝိုင်းတူရိယာပစ္စည်းများဝယ်ယူရန် ဒေါ်လာ ၈၉၄၇၇ ကိုတစ်နှစ်စီမံကိ­န်းဖြင့် လှူဒါန်းခဲ့ပါသည်။

 

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ယခုအချိန်တွင် နေပြည်တော်နှင့် ရန်ကုန်ရှိ သတင်းစတူဒီယိုအချင်းချင်း ချိတ်ဆက်ထုတ်လွှင့်နိုင်ခြင်း၊ ပြင်ပနေရာများနှင့် စတူဒီယိုချိတ်ဆက်ထုတ်လွှင့်နိုင်ခြင်း၊ ဗျူရိုများမှပေးပို့လာသည့် သတင်းများကို ခေတ်မီတည်းဖြတ်စက်များဖြင့် Computer Software အသုံးပြုတည်းဖြတ်ထုတ်လွှင့်နိုင်ခြင်းတို့ ဆောင်ရွက်နိုင်ခဲ့ပြီး အဆင့်မြင့်နည်းပညာသုံး ကင်မရာများ၊ Editing Software များ၊တည်းဖြတ်စက်များ၊ သတင်းပေးပို့စနစ်များဖြင့် ရိုက်ကူးထုတ်လုပ်၍ တိုက်ရိုက်ထုတ်လွှင့်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် Direct to Home Network (DTH) တစ်ခုကို တစ်နိုင်ငံလုံးအနေဖြင့် တည်ဆောက်၍ရုပ်မြင်သံကြားအစီအစဉ်များကို ဖမ်းယူမရရှိသေးသောကျေးရွာအုပ်စုများမှ ဖမ်းယူကြည့်ရှုနိုင်ရေးအတွက် တိုးချဲ့ဆောင်ရွက်သွားရန် ရည်မှန်းကာ ဆောင်ရွက်လျက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။