ရတနာပုံအသင်းအနေဖြင့် လာမည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် အိမ်ကွင်းအဖြစ် ဗထူးကွင်းကို ပြန်လည်အသုံးပြုသွားမည်ဖြစ်

မြန်မာနေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲတွင် အသင်းကြီးတစ်သင်းဖြစ်သည့် ရတနာပုံအက်ဖ်စီ အသင်းသည် လာမည့် ၂၀၁၉ ရာသီ အမ်ပီတီ မြန်မာနေရှင်လိဂ်အမှတ်ပေးပြိုင်ပွဲတွင် အိမ်ကွင်းအဖြစ် မန္တလေးမြို့ရှိ ဗထူးကွင်းအားကစားကွင်းကြီးကို ပြန်လည်အသုံးပြုသွားမည်ဖြစ်သည်။

ရတနာပုံအသင်းသည် ၂၀၁၄ ခုနှစ် မြန်မာနေရှင်လိဂ်အမှတ်ပေးပြိုင်ပွဲတွင် အိမ်ကွင်းအဖြစ် ဗထူးကွင်းကို စတင်အသုံးပြုခဲ့ပြီး နောက်ပိုင်းမှာ အမှတ်ပေးဘောလုံးပြိုင်ပွဲများ၏ အိမ်ကွင်းပွဲစဉ်များကို မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်းကိုသာ အသုံးပြုကစားခဲ့သည်။

ယခုအခါ ရတနာပုံအသင်းအနေဖြင့် လာမည့် ၂၀၁၉ အမ်ပီတီ မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးပြိုင်ပွဲတွင် အသင်း၏ သမိုင်းဝင် အိမ်ကွင်းဖြစ်သည့် ဗထူးကွင်းကြီးအား မန္တလေးမြို့ရှိ ရတနာပုံအက်ဖ်စီပရိသတ်များ ကြည့်ရှုမှုအဆင်ပြေစေရန်အတွက် ပြန်လည်အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။ 

 

MDN