ရှဖီးယူနိုက်တက် ဘောလုံးသမားတွေက လစာကို ၂၀၂၀ ပြည့်နှစ်အကုန်မှ ယူရန် သဘောတူညီ

၂၂ ဧပြီ

ရှဖီးယူနိုက်တက် ဘောလုံးအသင်းမှ ဘောလုံးသမားတွေက သူတို့ရဲ့ လစာတွေကို ၂၀၂၀ ပြည့်နှစ် အကုန်မှ ယူရန် သဘောတူကြောင်း သိရပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ပရီးမီးယားလိဂ်ဘောလုံးအသင်းတွေရဲ့ စီးပွားရေးအပေါ် ရိုက်ခတ်မှု ရှိတာကြောင့် အသင်းကို ကူညီရန်အတွက် ရှဖီးယူနိုက်တက် ကစားသမားတွေနဲ့အတူ  အသင်းမန်နေဂျာနဲ့ နည်းပြအဖွဲ့မှာ ပါဝင်သူတွေကပါ သူတို့ရဲ့ လစာတွေ နောက် ၆ လအထိ ရွှေ့ဆိုင်းလိုက်ကြောင်း သိရပါတယ်။

 

ရှဖီးယူနိုက်တက်ဘောလုံးအသင်းနည်းတူ ဆောက်သန်တမ်နဲ့ ဝက်စ်ဟမ်း အသင်းသားတွေကလည်း သူတို့ရဲ့လစာတွေကို နောက်ကျပြီးမှယူဖို့ သဘောတူကြချိန်မှာ အာဆင်နယ်အသင်း ကစားသမားတွေ ကတော့ သူတို့ရဲ့ လုပ်အားခကို ပြီးခဲ့တဲ့နှစ်က လစာထက် ၁၂ ဒသမ ၅ ရာခိုင်နှုန်း လျှော့ယူမယ်လို့ ပြောဆိုလိုက်ပါတယ်။

 

ဗြိတိန်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ ရင်ဆိုင်နေရတဲ့အတွက် ပရီးမီးယားပွဲစဉ်တွေကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားကြောင်း သိရပါတယ်။

MDN
ကိုးကား - AFP