ရပ်စောက် မတ် ၂

 

ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ်တွင် ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် လှုပ်ခတ်သွားသည့် အင်အားပြင်းငလျင်ကြောင့် ပျက်စီးသွားသည့် နေအိမ်များအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီမှ ခွင့်ပြုထားသည့် ရန်ပုံငွေနှင့် အိမ်ဆောက်ပစ္စည်းများကို ပြည်သူများထံသို့ ဖြန့်ခွဲထောက်ပံ့ပေးလျက်ရှိရာ ကနဦးအနေဖြင့် သစ်ဖိုးငွေများကို ယမန်နေ့က ထောက်ပံ့ပေးခဲ့သည်။

 

ထိုသို့ ထောက်ပံ့ရာတွင် ငလျင်လှုပ်ခတ်သွားခြင်းကြောင့် ရပ်စောက်မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စု ငါးအုပ်စုရှိ အိမ်ထောင်စု ၂၈ စုမှ နေအိမ်လုံးဝ ပျက်စီးသွားသည့် နေအိမ်များ၊ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည့်နေအိမ်များအား ပိုင်ရှင်များထံ သစ်ဖိုးငွေစုစုပေါင်း ကျပ်သိန်း ၅၆၀၀ ကျော် ထောက်ပံ့ပေးခဲ့သည်။

 

ငလျင်လှုပ်ခတ်သွားခြင်းကြောင့် ပျက်စီးသွားသည့် နေအိမ်များကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီမှ ခွင့်ပြုထားသည့် ရန်ပုံငွေနှင့် အိမ်ဆောက်ပစ္စည်း သံချောင်း၊ ဘိလပ်မြေ၊ အိမ်မိုးသွပ်များကို ပျက်စီးဆုံးရှုံးသွားသည့် နေအိမ်ပိုင်ရှင်များထံ ထပ်မံထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)