ရန်ကုန်တက္ကသိုလ် နှစ် ( ၁၀၀) ပြည့် အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး

သံအမတ်ကြီး ဒေါက်တာလှမောင် (ဘောဂ)

ရန်ကုန်တက္ကသိုလ်သည် တစ်ချိန်က အရှေ့တောင်အာရှ တက္ကသိုလ်များတွင် ထိပ်တန်းအဆင့်တွင်ပါရှိနေခြင်း

ရန်ကုန်တက္ကသိုလ်သည်   စစ်မဖြစ်မီ အချိန်ကာလနှင့် လွတ်လပ်ရေးရပြီးသည့် ဆယ်စုနှစ်ပိုင်းအချိန်ကာလအထိ   အရှေ့တောင်အာရှတက္ကသိုလ်များ စာရင်းတွင် ထိပ်ဆုံးတန်းမှ ရှိနေသည့်  နိုင်ငံ့ဂုဏ်ဆောင်တက္ကသိုလ်ကြီးတစ်ခု ဖြစ်ခဲ့ပါသည်။ ၎င်းကိစ္စနှင့်ပတ်သက်၍   မိမိအနေဖြင့်   ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့တွင်     ကျင်းပသော ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်စတင်ကြောင်း     ကြေညာခြင်းအခမ်းအနား တွင်    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်   ပြောကြားသည့် အဖွင့်အမှာစကားကို   အောက်ပါအတိုင်း    ကောက်နုတ်တင်ပြလိုပါသည်-

 “သမိုင်းအစဉ်အလာ ကြီးမားသည့် ရန်ကုန်တက္ကသိုလ်ဟာ နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ်ကြီး ဖြစ်ပါတယ်။   တက္ကသိုလ်အသီးသီးရဲ့   တက္ကသိုလ်မိခင်ကြီးလို့ လည်း ဆိုရမှာ  ဖြစ်ပါတယ်။  မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာခဲ့တဲ့   တက္ကသိုလ်အသီးသီးဟာ  ရန်ကုန်တက္ကသိုလ်ကတစ်ဆင့်  ပေါက်ဖွားလာခဲ့တဲ့   တက္ကသိုလ် တွေ ဖြစ်ကြပါတယ်။ ရန်ကုန်တက္ကသိုလ် စတင်တည်ထောင်စဉ်ကတည်းက အင်္ဂလန်နိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေရဲ့ စနစ်အတိုင်း စနစ်တကျ  တည်ထောင် ခဲ့ခြင်းဖြစ်ပြီး ပညာရပ်နယ်ပယ်မှာ တစ်ချိန်က အရှေ့တောင်အာရှမှာ   အကောင်းဆုံးတက္ကသိုလ် ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်ရဲ့  ဥပဓိရုပ်ဟာ အင်းလျားကန် နောက်ခံ၊ ဘွဲ့နှင်းသဘင်အဆောက်အဦး၊ သစ်ပုပ်ပင်၊    အဓိပတိလမ်း စသည်တို့ကြောင့် အရှေ့တောင်အာရှမှာ အလှပဆုံး တက္ကသိုလ်တစ်ခု ဖြစ်ခဲ့ပါတယ်။”

ြု့‌ေ့်‌ေ

 

မိမိအနေဖြင့် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုဆောင်းပါးပြုစုရေးသားလိုသည့်ဆန္ဒ 

၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ(၁)ရက်နေ့တွင်   ရန်ကုန်တက္ကသိုလ် စတင်တည်ထောင်ခဲ့ရာ    ယခု ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ(၁)ရက်နေ့တွင်     နှစ်တစ်ရာ ပြည့်ခဲ့ပြီ   ဖြစ်ပါသည်။  လက်ရှိ မိမိ၏အသက်မှာ  (၉၂) နှစ်ရှိနေပြီ ဖြစ်ပါသည်။ ထို့ကြောင့်  မိမိတစ်သက်တာ  အချိန်ကာလအတွင်း  ယခုကဲ့သို့   ရန်ကုန် တက္ကသိုလ်နှစ်တစ်ရာပြည့် ဂုဏ်ပြုအခမ်းအနားမှာ ကြုံတောင့်ကြုံခဲ အခွင့်အခါကောင်းတစ်ရပ်   ဖြစ်နေပါ၍  ယခုကဲ့သို့  ဂုဏ်ပြုဆောင်းပါးဖြင့် ရေးသားဂုဏ်ပြု ရခြင်း ဖြစ်ပါသည်။ မိမိတွင် ထိုကဲ့သို့ ဂုဏ်ပြုဆောင်းပါးရေးသားတင်ပြလိုသည့်ဆန္ဒပြင်းစွာရှိနေခဲ့သည့်    အဓိက အကြောင်းရင်းခံတစ်ရပ်  ရှိနေပါသည်။ ၎င်းမှာ မိမိအနေဖြင့် အမိတက္ကသိုလ်မှ ၁၉၅၅ ခုနှစ်တွင်  (BA)ဘွဲ့ကို  ဘောဂဗေဒ၊ သင်္ချာ၊  စာရင်းအင်းဗေဒဘာသာရပ်ဖြင့် ( Eco- Maths  and Statistic) တို့ဖြင့်   ချီးမြှင့်ခြင်း ခံခဲ့ရပါသည်။ ရန်ကုန်တက္ကသိုလ်မှ  ထိုကဲ့သို့ အခြေခံကောင်း ( Foundation)များ လက်ခံရရှိခဲ့သောကြောင့်  ၁၉၆၂ ခုနှစ်တွင် အမေရိကန်နိုင်ငံ Vanderbilt University မှ  ဘောဂဗေဒ  မဟာဝိဇ္ဇာနှင့် စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှု  ဒီပလိုမာဘွဲ့များကို ထပ်မံလက်ခံရရှိခဲ့ပါသည်။  ထိုအကျိုးဆက်များကြောင့် မိမိအနေဖြင့် ယခုအချိန်အထိ  စီးပွားရေး ဘာသာရပ်နှင့် ပတ်သက်သည့်  လုံးချင်းစာအုပ် (၁၁)အုပ်ကို  ပုံနှိပ်ထုတ်လုပ်နိုင်ခဲ့သည့်အပြင် စီးပွားရေးသုတေသန စာတမ်း(၂၀၀)ကျော်တို့ကိုလည်း     စီးပွားရေးစာတမ်းပေါင်းချုပ်စာအုပ်(၁၅)အုပ်အဖြစ် ပြုစုထားရှိခဲ့ပြီး ဖြစ်ပါသည်။    ထို့ကဲ့သို့ ပညာရေးအခြေခံကောင်းများ  ဆည်းပူးခွင့် ရရှိခဲ့သည့်  အကျိုးဆက်ကြောင့်  မိမိအနေဖြင့်  စီးပွားရေးပညာရှင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါသည်။  ထို့အပြင် မိမိ၏ ဘ၀သက်တမ်းတစ်ခု၏ နှစ်ပေါင်း(၅၀)ခန့် အချိန်ကာလအတွင်း   တစ်ဖက်တွင် မိမိ၏ ကိုယ်ရေးအကျဉ်း၌ ဖော်ပြပါရှိသည့်အတိုင်း  နိုင်ငံတော်၏ အရေးကြီးသည့် အဆင့်မြင့်တာဝန် ဝတ္တရားများကို ထမ်းဆောင်နိုင်ခဲ့ခြင်း   ဖြစ်ပါသည်။ ခြုံငုံ၍  တင်ပြရမည်ဆိုလျှင်   အထက်ပါ  လုပ်ငန်းဆောင်တာများ နိုင်ငံ့အတွက် ဖြည့်ဆည်းဆောင်ရွက်ပေး နိုင်ခဲ့ခြင်းမှာ အမိရန်ကုန်တက္ကသိုလ်မှ ကျစ်လျစ်ခိုင်မာထက်မြက်သော  ဘောဂဗေဒပညာရပ်ကို လေ့လာဆည်းပူးခွင့် ရရှိခဲ့သောကြောင့် ဖြစ်ပါသည်။

ျျ့ိ

ရန်ကုန်တက္ကသိုလ် ဘောဂဗေဒဌာနတွင် ပညာသင်ကြားခွင့်ရယူခြင်း

မိမိ၏ အဆင့်ဆင့်ပညာသင်ကြားခဲ့ရမှုနှင့် နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့ခြင်းကို  တင်ပြရမည်ဆိုလျှင် ကိုယ်ရေးအကျဉ်းတွင် ရေးသားထားသည့်အတိုင်းပင်   ဖြစ်ပါသည်။ ၁၉၄၈ ခုနှစ်   လွတ်လပ်ရေးရပြီး  နောက်ပိုင်းတွင် ကြည့်မြင်တိုင်   Union  A.V  School  အထက်တန်းအလွတ်  ပညာသင်ကျောင်းတွင်    တက္ကသိုလ်ဝင်တန်း၌    ပညာသင်ကြားခဲ့ပြီး ၁၉၄၉ ခုနှစ်  ဇူလိုင်လတွင်   တက္ကသိုလ်ဝင်တန်းစာမေးပွဲကို   နှစ်ချင်းပေါက်   အောင်မြင်ခဲ့ပါသည်။      ထိုကဲ့သို့ အောင်မြင်ခဲ့သော်လည်း   အကြောင်းမညီညွတ်၍   ၁၉၄၉   ခုနှစ်တွင် တက္ကသိုလ်သို့ တက်ရောက်နိုင်ခြင်း မရှိခဲ့ဘဲ ၁၉၅၁-  ၅၂ ပညာသင်နှစ်မှ အစပြု၍ ရန်ကုန်တက္ကသိုလ်  ဘောဂဗေဒဌာနလက်အောက်ရှိဘောဂဗေဒ၊ သင်္ချာ၊ သမိုင်း ဘာသာရပ်ဖြင့်    ဥပစာတန်း   အောင်မြင်ခဲ့ပါသည်။     ထိုမှတစ်ဆင့် ၁၉၅၄- ၅၅ ခုနှစ်တွင် ဘောဂဗေဒ၊ သင်္ချာ၊ စာရင်းအင်းဗေဒဘာသာတွဲများဖြင့် ဝိဇ္ဇာ(BA)ဘွဲ့ကို ရရှိခဲ့ပါသည်။ ၁၉၅၁  ခုနှစ်မှ စ၍   (၄)နှစ်တာ   အချိန်ကာလအတွင်း   တက္ကသိုလ်သို့    တက်ရောက်ခဲ့စဉ်   ပထမ(၂) နှစ်၌   စစ်ကိုင်းကျောင်းဆောင်တွင်  နေထိုင်ခွင့်ရရှိခဲ့ပြီး     နောက်ဆုံး(၂)နှစ်တွင်   ပဲခူးကျောင်းဆောင်တွင် နေထိုင်ခွင့်  ရရှိခဲ့ပါသည်။ ထိုအချိန်က ပဲခူးကျောင်းဆောင်၏   အဆောင်မှူးမှာ မြန်မာစာဌာန၊    ကထိကဦးကျော်ရင် ဖြစ်ပါသည်။ စစ်ကိုင်းဆောင်  သဟာယနှင့် စာဖတ်အသင်း၏  မှတ်တမ်းများအရ   စစ်ကိုင်းဆောင်တွင်  နေထိုင်ခဲ့သည့်   ထင်ပေါ်ကျော်ကြားသော   ကျောင်းသားဟောင်းများမှာ      ဓာတုဗေဒပါမောက္ခ ဦးအောင်ခင်၊   သံအမတ်ကြီး   ဦးတင်မောင်ကြီး၊   ရန်ကုန်ဘဆွေ၊ တော်လှန်ရေးကောင်စီဝင်      ဗိုလ်မှူးကြီးသန်းစိန်၊    ဆရာကြီး   ဒဂုန်တာရာ၊ ဒုတိယဝန်ကြီး    ဒေါက်တာညီညီ၊ စာရေးဆရာ မင်းယုဝေတို့   ဖြစ်ကြပါသည်။   အလားတူပင် ပဲခူးဆောင်တွင် နေထိုင်ခဲ့ကြသည့် ထင်ရှားကျော်ကြားသော ကျောင်းသား ဟောင်းများမှာ   ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဝန်ကြီးချုပ်ဦးနုတို့     ဖြစ်ကြပါသည်။  ထိုစဉ်က  နံနက်စာ၊  နေ့လယ်စာ၊ ညစာအပါအဝင် အဆောင်နေခမှာ တစ်လ (၆၀)ကျပ်ခန့်သာ ရှိခဲ့ပါသည်။

စီးပွားရေးတက္ကသိုလ်နှင့် ဆက်စပ်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များ

၁၉၆၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်လက်အောက်ရှိ   ဘောဂဗေဒဌာနကို ခွဲထွက်ခွင့်ပြုခဲ့သည့်အတွက်     သီးခြား စီးပွားရေးတက္ကသိုလ်အဖြစ်  တည်ရှိလာခဲ့ပါသည်။ ထိုအချိန်အခါတွင် ပါမောက္ခချုပ်အဖြစ် ဆရာဦးအေးလှိုင်က ဆောင်ရွက်ခဲ့ပြီး ၎င်းနောက်တွင်  ဆရာဦးခင်မောင်ညွန့်က  ပါမောက္ခချုပ်အဖြစ်    ဆက်လက်တာဝန်    ထမ်းဆောင်ခဲ့ပါ သည်။    မိမိအနေဖြင့် ၁၉၆၂    ခုနှစ်တွင် အမေရိကန်နိုင်ငံမှ    မဟာဝိဇ္ဇာဘွဲ့ယူခဲ့ပြီး နောက်ပိုင်း များမကြာမီ   စီမံ/ ဘဏ္ဍာဝန်ကြီးဌာန၊     စီမံကိန်းရေးဆွဲရေးဦးစီးဌာနတွင် ပထမအဆင့်အနေဖြင့်        ယာယီညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရပါသည်။ ထိုကဲ့သို့   တာဝန်ထမ်းဆောင်နေခဲ့စဉ်အတွင်း ပါမောက္ခချုပ်ဆရာကြီး ဦးအေးလှိုင်၏ တာဝန်ပေးချက်အရ မဟာဝိဇ္ဇာနောက်ဆုံးနှစ်ကျောင်းသားများ၏    ဘွဲ့ရရှိရန်အတွက် ရေးသားတင်ပြထားသည့်  သုတေသနစာတမ်း (Thesis)များကို ပြင်ပစာစစ်မှူး(External  Examiner)အဖြစ် နှစ်အတန်ကြာအောင် ဆောင်ရွက်ပေးခဲ့ရပါသည်။

အ့ဖိ‌ေ‌ေ

မိမိအား ရန်ကုန်စီးပွားရေးတက္ကသိုလ် ဆီးနိတ်ပညာရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်ခွင့်ပြုခဲ့ခြင်း

ထို့အပြင် ၁၉၇၄     ခုနှစ်အစပိုင်းတွင်   ပါမောက္ခချုပ်   ဆရာဦးအေးလှိုင်က  စီမံဘဏ္ဍာဝန်ကြီးဌာနသို့   စီးပွားရေး တက္ကသိုလ် ဆီးနိတ်ပညာရေးအဖွဲ့  (Economic    University Senate  Education  Board) တွင်    ဒုတိယဝန်ကြီး ဦးချစ်မောင်နှင့် ညွှန်ကြားရေးမှူးချုပ်ဦးလှမောင်တို့အား ဆီးနိတ်ပညာရေးအဖွဲ့ဝင်များအဖြစ်   တာဝန်ပေးအပ်လိုပါ၍ ခွင့်ပြုပေးပါရန်   မေတ္တာရပ်ခံစာပေးပို့ခဲ့ပါသည်။ ဒုတိယဝန်ကြီးချုပ်   ဦးလွင်အနေဖြင့်လည်း   ခွင့်ပြုချမှတ်ပေးခဲ့သည့် အတွက် မိမိနှင့် ဦးချစ်မောင်တို့မှာ ထိုအချိန်မှစ၍  စီးပွားရေးတက္ကသိုလ်ဆီးနိတ်ပညာရေးအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ပေးခဲ့ကြပါသည်။

ထိုအချိန်က ဖော်ပြပါ ဆီးနိတ်အဖွဲ့တွင် ပြင်ပမှ စာရေးဆရာဦးသိန်းဖေမြင့်လည်း ပါဝင်ခဲ့ပါသည်။ ဆီးနိတ်ပညာရေး အဖွဲ့၏ အဓိကဆောင်ရွက်ပေးရသည့်လုပ်ငန်းရပ်များမှာ စီးပွားရေးတက္ကသိုလ်တွင် ဘာသာရပ်အလိုက် သင်ကြားပို့ချ သည့် သင်ရိုးညွှန်းတမ်းများကို လိုအပ်သလို စိစစ်သုံးသပ် အကြံပြုပေးရခြင်း ၊ စီးပွားရေးဘွဲ့ရရှိသူများအား   ဘွဲ့လက်မှတ် များချီးမြှင့်   ပေးအပ်ခြင်းမပြုလုပ်မီ    ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်အဆောက်အဦးရှိ  အစည်းအဝေးခန်းမတွင် မော်ကွန်းထိန်းမှ လူပုဂ္ဂိုလ်အလိုက် အပ်နှင်းမည့်ဘွဲ့များကို  တင်ပြသဘောတူညီချက်ရယူပြီး ဆီးနိတ်အဖွဲ့ဝင်များက တညီတညွတ်တည်း   သဘောတူညီပြီးမှသာ   ဘွဲ့နှင်းသဘင်ခန်းမထဲရှိ ဘွဲ့ယူရန် စောင့်ဆိုင်းနေကြသည့်   ကျောင်းသူ ကျောင်းသားအသီးသီးတို့အား ဘွဲ့လက်မှတ်များ  ပေးအပ်ကြရပါသည်။

စီးပွားရေးသုတေသနစာတမ်းများကို စိစစ်ရွေးချယ်ပေးရခြင်း

ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ကို ၁၉၉၁ ခုနှစ်တွင် စတင်တည်ထောင်ဖွဲ့စည်း ပေးခဲ့ပါသည်။ ၎င်းအဖွဲ့တွင် ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်များ၌ ၎င်းတို့နှင့် သက်ဆိုင်ရာ ဘာသာရပ်များတွင် သုတေသနစာအုပ် စာတမ်း အမြောက်အမြား ရေးသားပြုစုခဲ့သူများကို ပညာရှင်အဆင့်အဖြစ် သတ်မှတ်ပြီး ၎င်းအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်ဝင်ရောက်ခွင့်ပြုခဲ့ပါသည်။ မိမိအနေဖြင့် ၁၉၉၁ ခုနှစ် စတင်ဖွဲ့စည်းစဉ်အချိန်အခါမှ အစပြု၍ စီးပွားရေးပညာရှင်တစ်ဦး အဖြစ် အသိအမှတ်ပြုခံရပြီး အဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့ပါသည်။  ၎င်းအဖွဲ့အနေဖြင့် သုတေသနစာတမ်းများကို ဘာသာရပ် အလိုက်ဖွဲ့စည်းထားသော ပညာရှင်အဖွဲ့များမှစိစစ်၍ အကောင်းဆုံးသုတေသနစာတမ်းများအဖြစ် ထောက်ခံတင်ပြထား သောစာတမ်းများကို ၂၀၀၅  ခုနှစ်မှ စတင်ပြီး ပညာရပ်ဆိုင်ရာအကောင်းဆုံး သုတေသနဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ သို့ဖြစ်၍ မိမိအနေဖြင့် ၂၀၀၅  ခုနှစ်မှ စတင်၍ ရန်ကုန်စီးပွားရေးတက္ကသိုလ် ဘောဂဗေဒဆိုင်ရာ သုတေသနစာတမ်းများ ရွေးချယ်ရေးအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ၂၀၁၅  ခုနှစ်ခန့်အထိ တာဝန်ယူဆောင်ရွက်ပေးခဲ့ရပါသည်။

 

အ့ြုာဖ

မိမိအား ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ အပ်နှင်းချီးမြှင့်ခြင်း

ဂုဏ်ထူးဆောင်ဘွဲ့နှင့်ပတ်သက်၍ ဆရာကြီးဒေါက်တာဦးသန်းဦးက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၁၀) ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်ဆောင်းပါး၌ ဂုဏ်ထူးဆောင်ဘွဲ့ အပ်နှင်းခံရမှုနှင့် ပတ်သက်၍ ရေးသားဖော်ပြထားသည်ကို ကောက်နုတ်ဖော်ပြအပ်ပါသည်-

 “ကမ္ဘာ့တက္ကသိုလ်ကြီးများတွင် ဂုဏ်ပြုထိုက်သူတို့အားဂုဏ်ပြုခြင်း ဟူသော မွန်မြတ်သည့် အစဉ်အလာကောင်း တစ်ရပ်ရှိပေရာ  ထိုအစဉ်အလာကောင်းနှင့်အညီ ထူးခြားထူးချွန်ပြောင်မြောက်သော     ပုဂ္ဂိုလ်ကျော်များအား ထိုက်ထိုက်တန်တန်ဂုဏ်ထူးဆောင်ဘွဲ့များကို ပေးအပ်ချီးမြှင့်ခြင်းပြုကြလေ့ရှိပါသည်။”

အထက်ပါစာပိုဒ်တွင် ဖော်ပြထားခဲ့သည့်အတိုင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်အနေဖြင့်လည်း ၂၀၁၅ခုနှစ်တွင် စီးပွားရေးဘာသာရပ်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ထူးခြားထူးချွန်ပြောင်မြောက်သော ပုဂ္ဂိုလ်များအား စိစစ်ရွေးချယ် ၍ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့များကို အပ်နှင်းချီးမြှင့်ခဲ့ပါသည်။ ထို့သို့ချီးမြှင့်ခဲ့ရာတွင် မိမိအနေဖြင့် အမေရိကန်နိုင်ငံ မှရရှိခဲ့သော မဟာဝိဇ္ဇာဘွဲ့တွင် ဘာသာရပ်အလိုက် ရရှိခဲ့သောအမှတ်များ၊ မိမိသုတေသနပြုရေးသားထားသောစာတမ်း များ၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်နှင့်ဆက်စပ်သည့် အထက်ဖော်ပြပါ လုပ်ငန်းရပ်များကို တင်ပြခဲ့ရပါသည်။ ထိုအချက် များကို တက္ကသိုလ်ပါမောက္ခများအဖွဲ့မှ စိစစ်သုံးသပ်ပြီး မိမိအားလည်း ရန်ကုန်စီးပွားရေးတက္ကသိုလ် အထူးဘွဲ့နှင်းသဘင် ခန်းမတွင် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကို ပေးအပ်ချီးမြှင့်ခံခဲ့ရခြင်း ဖြစ်ပါသည်။    

သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများ ( Research  & Development )သည် တက္ကသိုလ်တစ်ခုအတွက် အသက်တမျှအရေးကြီးသည့် အခန်းကဏ္ဍမှ  ပါဝင်လျက်ရှိခြင်း

ကမ္ဘာ့တက္ကသိုလ်များ အဆင့်သတ်မှတ်ပေးရာတွင် (World  University  Ranking) တက္ကသိုလ်တစ်ခု၏ သုတေသန နှင့်ဖွံ့ဖြိုးမှုလုပ်ငန်းများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ကို  ဖတ်ရှုလေ့လာခဲ့ရပါသည်။ သို့ဖြစ်ပါ၍ မိမိတို့ ရန်ကုန်တက္ကသိုလ်၏  အဆင့်ပိုမိုမြင့်မားလာစေရန်အတွက်  စီမံကိန်းများချမှတ်ရေးဆွဲရာတွင် တက္ကသိုလ်များ၏ သုတေသနလုပ်ငန်းရပ်များ   ယခုထက်ပိုမိုတိုးမြင့်လာစေရေးကို အလေးထားဆောင်ရွက်ပေးရန် လိုအပ်သည်ဟု ထင်မြင်မိပါသည်။ လက်ရှိတက္ကသိုလ် အသီးသီး၏ သုတေသနလုပ်ငန်းရပ်များ ဆောင်ရွက်နေမှုနှင့်   ပတ်သက်၍ တင်ပြရမည်ဆိုလျှင် ပညာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ကို ၁၉၉၁ ခုနှစ်တွင် စတင်ဖွဲ့စည်း

ခဲ့ပြီးနောက် သုတေသနစာတမ်းဖတ်ပွဲများကို (၁၈)ကြိမ် ကျင်းပခဲ့ပြီး၊ ၎င်း(၁၈)နှစ်တာအချိန်ကာလအတွင်း တက္ကသိုလ် အသီးသီးတို့မှ ပညာရှင်များက သုတေသနစာတမ်းစုစုပေါင်း (၃၅၈၂)စောင် တင်သွင်းဖတ်ကြားနိုင်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် သုတေသနအရည်အသွေးများ တိုးမြင့်လာသကဲ့သို့ မိမိတို့ပညာရပ် နယ်ပယ်အသီးသီးတို့တွင် လည်း သုတေသနလုပ်ငန်းရပ်များကို ယခင်ကထက်ပိုမို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နေကြပြီဖြစ်ကြောင်း သိရှိရပါသည်။ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့က ချီးမြှင့်သည့် (၁၈)ကြိမ်မြောက် ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံးသုတေသနစာတမ်းရှင်များအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ နိုဝင် ဘာလ(၉)ရက်နေ့တွင်  ရန်ကုန်တက္ကသိုလ်ဝိဇ္ဇာခန်းမ၌  ကျင်းပခဲ့ရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ  မျိုးသိမ်းကြီးကိုယ်တိုင် တက်ရောက်ချီးမြှင့် အမှာစကား ပြောကြားခဲ့ပါသည်။

ထိုအချိန်က ဖော်ပြပါ ဆီးနိတ်အဖွဲ့တွင် ပြင်ပမှ စာရေးဆရာဦးသိန်းဖေမြင့်လည်း ပါဝင်ခဲ့ပါသည်။ ဆီးနိတ်ပညာရေး အဖွဲ့၏ အဓိကဆောင်ရွက်ပေးရသည့်လုပ်ငန်းရပ်များမှာ စီးပွားရေးတက္ကသိုလ်တွင် ဘာသာရပ်အလိုက် သင်ကြားပို့ချ သည့် သင်ရိုးညွှန်းတမ်းများကို လိုအပ်သလို စိစစ်သုံးသပ် အကြံပြုပေးရခြင်း ၊ စီးပွားရေးဘွဲ့ရရှိသူများအား   ဘွဲ့လက်မှတ် များချီးမြှင့်   ပေးအပ်ခြင်းမပြုလုပ်မီ    ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်အဆောက်အဦးရှိ  အစည်းအဝေးခန်းမတွင် မော်ကွန်းထိန်းမှ လူပုဂ္ဂိုလ်အလိုက် အပ်နှင်းမည့်ဘွဲ့များကို  တင်ပြသဘောတူညီချက်ရယူပြီး ဆီးနိတ်အဖွဲ့ဝင်များက တညီတညွတ်တည်း   သဘောတူညီပြီးမှသာ   ဘွဲ့နှင်းသဘင်ခန်းမထဲရှိ ဘွဲ့ယူရန် စောင့်ဆိုင်းနေကြသည့်   ကျောင်းသူ ကျောင်းသားအသီးသီးတို့အား ဘွဲ့လက်မှတ်များ  ပေးအပ်ကြရပါသည်။

စီးပွားရေးသုတေသနစာတမ်းများကို စိစစ်ရွေးချယ်ပေးရခြင်း

ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ကို ၁၉၉၁ ခုနှစ်တွင် စတင်တည်ထောင်ဖွဲ့စည်း ပေးခဲ့ပါသည်။ ၎င်းအဖွဲ့တွင် ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်များ၌ ၎င်းတို့နှင့် သက်ဆိုင်ရာ ဘာသာရပ်များတွင် သုတေသနစာအုပ် စာတမ်း အမြောက်အမြား ရေးသားပြုစုခဲ့သူများကို ပညာရှင်အဆင့်အဖြစ် သတ်မှတ်ပြီး ၎င်းအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့်ပြုခဲ့ပါသည်။ မိမိအနေဖြင့် ၁၉၉၁ ခုနှစ် စတင်ဖွဲ့စည်းစဉ်အချိန်အခါမှ အစပြု၍ စီးပွားရေးပညာရှင်တစ်ဦး အဖြစ် အသိအမှတ်ပြုခံရပြီး အဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့ပါသည်။  ၎င်းအဖွဲ့အနေဖြင့် သုတေသနစာတမ်းများကို ဘာသာရပ် အလိုက်ဖွဲ့စည်းထားသော ပညာရှင်အဖွဲ့များမှစိစစ်၍ အကောင်းဆုံးသုတေသနစာတမ်းများအဖြစ် ထောက်ခံတင်ပြထား သောစာတမ်းများကို ၂၀၀၅  ခုနှစ်မှ စတင်ပြီး ပညာရပ်ဆိုင်ရာအကောင်းဆုံး သုတေသနဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ သို့ဖြစ်၍ မိမိအနေဖြင့် ၂၀၀၅  ခုနှစ်မှ စတင်၍ ရန်ကုန်စီးပွားရေးတက္ကသိုလ် ဘောဂဗေဒဆိုင်ရာ သုတေသနစာတမ်းများ ရွေးချယ်ရေးအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ၂၀၁၅  ခုနှစ်ခန့်အထိ တာဝန်ယူဆောင်ရွက်ပေးခဲ့ရပါသည်။

မိမိအား ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ အပ်နှင်းချီးမြှင့်ခြင်း

ဂုဏ်ထူးဆောင်ဘွဲ့နှင့်ပတ်သက်၍ ဆရာကြီးဒေါက်တာဦးသန်းဦးက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၁၀) ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်ဆောင်းပါး၌ ဂုဏ်ထူးဆောင်ဘွဲ့ အပ်နှင်းခံရမှုနှင့် ပတ်သက်၍ ရေးသားဖော်ပြထားသည်ကို ကောက်နုတ်ဖော်ပြအပ်ပါသည်-

 “ကမ္ဘာ့တက္ကသိုလ်ကြီးများတွင် ဂုဏ်ပြုထိုက်သူတို့အားဂုဏ်ပြုခြင်း ဟူသော မွန်မြတ်သည့် အစဉ်အလာကောင်း တစ်ရပ်ရှိပေရာ  ထိုအစဉ်အလာကောင်းနှင့်အညီ ထူးခြားထူးချွန်ပြောင်မြောက်သော     ပုဂ္ဂိုလ်ကျော်များအား ထိုက်ထိုက်တန်တန်ဂုဏ်ထူးဆောင်ဘွဲ့များကို ပေးအပ်ချီးမြှင့်ခြင်းပြုကြလေ့ရှိပါသည်။”

အထက်ပါစာပိုဒ်တွင် ဖော်ပြထားခဲ့သည့်အတိုင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်အနေဖြင့်လည်း ၂၀၁၅ခုနှစ်တွင် စီးပွားရေးဘာသာရပ်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ထူးခြားထူးချွန်ပြောင်မြောက်သော ပုဂ္ဂိုလ်များအား စိစစ်ရွေးချယ် ၍ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့များကို အပ်နှင်းချီးမြှင့်ခဲ့ပါသည်။ ထို့သို့ချီးမြှင့်ခဲ့ရာတွင် မိမိအနေဖြင့် အမေရိကန်နိုင်ငံ မှရရှိခဲ့သော မဟာဝိဇ္ဇာဘွဲ့တွင် ဘာသာရပ်အလိုက် ရရှိခဲ့သောအမှတ်များ၊ မိမိသုတေသနပြုရေးသားထားသောစာတမ်း များ၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်နှင့်ဆက်စပ်သည့် အထက်ဖော်ပြပါ လုပ်ငန်းရပ်များကို တင်ပြခဲ့ရပါသည်။ ထိုအချက် များကို တက္ကသိုလ်ပါမောက္ခများအဖွဲ့မှ စိစစ်သုံးသပ်ပြီး မိမိအားလည်း ရန်ကုန်စီးပွားရေးတက္ကသိုလ် အထူးဘွဲ့နှင်းသဘင် ခန်းမတွင် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကို ပေးအပ်ချီးမြှင့်ခံခဲ့ရခြင်း ဖြစ်ပါသည်။    

သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများ ( Research  & Development )သည် တက္ကသိုလ်တစ်ခုအတွက်အသက်တမျှအရေးကြီးသည့် အခန်းကဏ္ဍမှ  ပါဝင်လျက်ရှိခြင်း

ကမ္ဘာ့တက္ကသိုလ်များ အဆင့်သတ်မှတ်ပေးရာတွင် (World  University  Ranking) တက္ကသိုလ်တစ်ခု၏ သုတေသန နှင့်ဖွံ့ဖြိုးမှုလုပ်ငန်းများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ကို  ဖတ်ရှုလေ့လာခဲ့ရပါသည်။ သို့ဖြစ်ပါ၍ မိမိတို့ ရန်ကုန်တက္ကသိုလ်၏  အဆင့်ပိုမိုမြင့်မားလာစေရန်အတွက်  စီမံကိန်းများချမှတ်ရေးဆွဲရာတွင် တက္ကသိုလ်များ၏ သုတေသနလုပ်ငန်းရပ်များ   ယခုထက်ပိုမိုတိုးမြင့်လာစေရေးကို အလေးထားဆောင်ရွက်ပေးရန် လိုအပ်သည်ဟု ထင်မြင်မိပါသည်။ လက်ရှိတက္ကသိုလ် အသီးသီး၏ သုတေသနလုပ်ငန်းရပ်များ ဆောင်ရွက်နေမှုနှင့်   ပတ်သက်၍ တင်ပြရမည်ဆိုလျှင် ပညာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ကို ၁၉၉၁ ခုနှစ်တွင် စတင်ဖွဲ့စည်း

ခဲ့ပြီးနောက် သုတေသနစာတမ်းဖတ်ပွဲများကို (၁၈)ကြိမ် ကျင်းပခဲ့ပြီး၊ ၎င်း(၁၈)နှစ်တာအချိန်ကာလအတွင်း တက္ကသိုလ် အသီးသီးတို့မှ ပညာရှင်များက သုတေသနစာတမ်းစုစုပေါင်း (၃၅၈၂)စောင် တင်သွင်းဖတ်ကြားနိုင်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် သုတေသနအရည်အသွေးများ တိုးမြင့်လာသကဲ့သို့ မိမိတို့ပညာရပ် နယ်ပယ်အသီးသီးတို့တွင် လည်း သုတေသနလုပ်ငန်းရပ်များကို ယခင်ကထက်ပိုမို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နေကြပြီဖြစ်ကြောင်း သိရှိရပါသည်။ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့က ချီးမြှင့်သည့် (၁၈)ကြိမ်မြောက် ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံးသုတေသနစာတမ်းရှင်များအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ နိုဝင် ဘာလ(၉)ရက်နေ့တွင်  ရန်ကုန်တက္ကသိုလ်ဝိဇ္ဇာခန်းမ၌  ကျင်းပခဲ့ရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ  မျိုးသိမ်းကြီးကိုယ်တိုင် တက်ရောက်ချီးမြှင့် အမှာစကား ပြောကြားခဲ့ပါသည်။

ထိုအချိန်က ဖော်ပြပါ ဆီးနိတ်အဖွဲ့တွင် ပြင်ပမှ စာရေးဆရာဦးသိန်းဖေမြင့်လည်း ပါဝင်ခဲ့ပါသည်။ ဆီးနိတ်ပညာရေး အဖွဲ့၏ အဓိကဆောင်ရွက်ပေးရသည့်လုပ်ငန်းရပ်များမှာ စီးပွားရေးတက္ကသိုလ်တွင် ဘာသာရပ်အလိုက် သင်ကြားပို့ချ သည့် သင်ရိုးညွှန်းတမ်းများကို လိုအပ်သလို စိစစ်သုံးသပ် အကြံပြုပေးရခြင်း ၊ စီးပွားရေးဘွဲ့ရရှိသူများအား   ဘွဲ့လက်မှတ် များချီးမြှင့်   ပေးအပ်ခြင်းမပြုလုပ်မီ    ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်အဆောက်အဦးရှိ  အစည်းအဝေးခန်းမတွင် မော်ကွန်းထိန်းမှ လူပုဂ္ဂိုလ်အလိုက် အပ်နှင်းမည့်ဘွဲ့များကို  တင်ပြသဘောတူညီချက်ရယူပြီး ဆီးနိတ်အဖွဲ့ဝင်များက တညီတညွတ်တည်း   သဘောတူညီပြီးမှသာ   ဘွဲ့နှင်းသဘင်ခန်းမထဲရှိ ဘွဲ့ယူရန် စောင့်ဆိုင်းနေကြသည့်   ကျောင်းသူ ကျောင်းသားအသီးသီးတို့အား ဘွဲ့လက်မှတ်များ  ပေးအပ်ကြရပါသည်။

စီးပွားရေးသုတေသနစာတမ်းများကို စိစစ်ရွေးချယ်ပေးရခြင်း

ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ကို ၁၉၉၁ ခုနှစ်တွင် စတင်တည်ထောင်ဖွဲ့စည်း ပေးခဲ့ပါသည်။ ၎င်းအဖွဲ့တွင် ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်များ၌ ၎င်းတို့နှင့် သက်ဆိုင်ရာ ဘာသာရပ်များတွင် သုတေသနစာအုပ် စာတမ်း အမြောက်အမြား ရေးသားပြုစုခဲ့သူများကို ပညာရှင်အဆင့်အဖြစ် သတ်မှတ်ပြီး ၎င်းအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်

ဝင်ရောက်ခွင့်ပြုခဲ့ပါသည်။ မိမိအနေဖြင့် ၁၉၉၁ ခုနှစ် စတင်ဖွဲ့စည်းစဉ်အချိန်အခါမှ အစပြု၍ စီးပွားရေးပညာရှင်တစ်ဦး အဖြစ် အသိအမှတ်ပြုခံရပြီး အဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့ပါသည်။  ၎င်းအဖွဲ့အနေဖြင့် သုတေသနစာတမ်းများကို ဘာသာရပ် အလိုက်ဖွဲ့စည်းထားသော ပညာရှင်အဖွဲ့များမှစိစစ်၍ အကောင်းဆုံးသုတေသနစာတမ်းများအဖြစ် ထောက်ခံတင်ပြထား သောစာတမ်းများကို ၂၀၀၅  ခုနှစ်မှ စတင်ပြီး ပညာရပ်ဆိုင်ရာအကောင်းဆုံး သုတေသနဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ သို့ဖြစ်၍ မိမိအနေဖြင့် ၂၀၀၅  ခုနှစ်မှ စတင်၍ ရန်ကုန်စီးပွားရေးတက္ကသိုလ် ဘောဂဗေဒဆိုင်ရာ သုတေသနစာတမ်းများ ရွေးချယ်ရေးအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ၂၀၁၅  ခုနှစ်ခန့်အထိ တာဝန်ယူဆောင်ရွက်ပေးခဲ့ရပါသည်။

မိမိအား ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ အပ်နှင်းချီးမြှင့်ခြင်း

ဂုဏ်ထူးဆောင်ဘွဲ့နှင့်ပတ်သက်၍ ဆရာကြီးဒေါက်တာဦးသန်းဦးက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၁၀) ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်ဆောင်းပါး၌ ဂုဏ်ထူးဆောင်ဘွဲ့ အပ်နှင်းခံရမှုနှင့် ပတ်သက်၍ ရေးသားဖော်ပြထားသည်ကို ကောက်နုတ်ဖော်ပြအပ်ပါသည်-

 “ကမ္ဘာ့တက္ကသိုလ်ကြီးများတွင် ဂုဏ်ပြုထိုက်သူတို့အားဂုဏ်ပြုခြင်း ဟူသော မွန်မြတ်သည့် အစဉ်အလာကောင်း တစ်ရပ်ရှိပေရာ  ထိုအစဉ်အလာကောင်းနှင့်အညီ ထူးခြားထူးချွန်ပြောင်မြောက်သော     ပုဂ္ဂိုလ်ကျော်များအား ထိုက်ထိုက်တန်တန်ဂုဏ်ထူးဆောင်ဘွဲ့များကို ပေးအပ်ချီးမြှင့်ခြင်းပြုကြလေ့ရှိပါသည်။”

အထက်ပါစာပိုဒ်တွင် ဖော်ပြထားခဲ့သည့်အတိုင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်အနေဖြင့်လည်း ၂၀၁၅ခုနှစ်တွင် စီးပွားရေးဘာသာရပ်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ထူးခြားထူးချွန်ပြောင်မြောက်သော ပုဂ္ဂိုလ်များအား စိစစ်ရွေးချယ် ၍ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့များကို အပ်နှင်းချီးမြှင့်ခဲ့ပါသည်။ ထို့သို့ချီးမြှင့်ခဲ့ရာတွင် မိမိအနေဖြင့် အမေရိကန်နိုင်ငံ မှရရှိခဲ့သော မဟာဝိဇ္ဇာဘွဲ့တွင် ဘာသာရပ်အလိုက် ရရှိခဲ့သောအမှတ်များ၊ မိမိသုတေသနပြုရေးသားထားသောစာတမ်း များ၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်နှင့်ဆက်စပ်သည့် အထက်ဖော်ပြပါ လုပ်ငန်းရပ်များကို တင်ပြခဲ့ရပါသည်။ ထိုအချက် များကို တက္ကသိုလ်ပါမောက္ခများအဖွဲ့မှ စိစစ်သုံးသပ်ပြီး မိမိအားလည်း ရန်ကုန်စီးပွားရေးတက္ကသိုလ် အထူးဘွဲ့နှင်းသဘင် ခန်းမတွင် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကို ပေးအပ်ချီးမြှင့်ခံခဲ့ရခြင်း ဖြစ်ပါသည်။    

သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများ ( Research  & Development )သည် တက္ကသိုလ်တစ်ခုအတွက်

အသက်တမျှအရေးကြီးသည့် အခန်းကဏ္ဍမှ  ပါဝင်လျက်ရှိခြင်း

ကမ္ဘာ့တက္ကသိုလ်များ အဆင့်သတ်မှတ်ပေးရာတွင် (World  University  Ranking) တက္ကသိုလ်တစ်ခု၏ သုတေသန နှင့်ဖွံ့ဖြိုးမှုလုပ်ငန်းများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ကို  ဖတ်ရှုလေ့လာခဲ့ရပါသည်။ သို့ဖြစ်ပါ၍ မိမိတို့ ရန်ကုန်တက္ကသိုလ်၏  အဆင့်ပိုမိုမြင့်မားလာစေရန်အတွက်  စီမံကိန်းများချမှတ်ရေးဆွဲရာတွင် တက္ကသိုလ်များ၏ သုတေသနလုပ်ငန်းရပ်များ   ယခုထက်ပိုမိုတိုးမြင့်လာစေရေးကို အလေးထားဆောင်ရွက်ပေးရန် လိုအပ်သည်ဟု ထင်မြင်မိပါသည်။ လက်ရှိတက္ကသိုလ် အသီးသီး၏ သုတေသနလုပ်ငန်းရပ်များ ဆောင်ရွက်နေမှုနှင့်   ပတ်သက်၍ တင်ပြရမည်ဆိုလျှင် ပညာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ကို ၁၉၉၁ ခုနှစ်တွင် စတင်ဖွဲ့စည်း

ခဲ့ပြီးနောက် သုတေသနစာတမ်းဖတ်ပွဲများကို (၁၈)ကြိမ် ကျင်းပခဲ့ပြီး၊ ၎င်း(၁၈)နှစ်တာအချိန်ကာလအတွင်း တက္ကသိုလ် အသီးသီးတို့မှ ပညာရှင်များက သုတေသနစာတမ်းစုစုပေါင်း (၃၅၈၂)စောင် တင်သွင်းဖတ်ကြားနိုင်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် သုတေသနအရည်အသွေးများ တိုးမြင့်လာသကဲ့သို့ မိမိတို့ပညာရပ် နယ်ပယ်အသီးသီးတို့တွင် လည်း သုတေသနလုပ်ငန်းရပ်များကို ယခင်ကထက်ပိုမို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နေကြပြီဖြစ်ကြောင်း သိရှိရပါသည်။ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့က ချီးမြှင့်သည့် (၁၈)ကြိမ်မြောက် ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံးသုတေသနစာတမ်းရှင်များအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ နိုဝင် ဘာလ(၉)ရက်နေ့တွင်  ရန်ကုန်တက္ကသိုလ်ဝိဇ္ဇာခန်းမ၌  ကျင်းပခဲ့ရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ  မျိုးသိမ်းကြီးကိုယ်တိုင် တက်ရောက်ချီးမြှင့် အမှာစကား ပြောကြားခဲ့ပါသည်။

မိမိတို့ရန်ကုန်တက္ကသိုလ်ကြီးသည် တိုင်းပြုပြည်ပြုခေါင်းဆောင်များနှင့် နိုင်ငံတည်ဆောက်မှုတွင် ထိပ်တန်းမှ ပါဝင်ခဲ့သည့် စွမ်းဆောင်ရည်ပြည့်၀သော ပညာတတ်ပုဂ္ဂိုလ်အမြောက်အမြားအား  မွေးထုတ်ပေးခဲ့သည့် မိခင်ဌာနကြီး တစ်ခုဖြစ်ပါသည်။

အထက်ခေါင်းစဉ်ငယ်တွင် ဖော်ပြပါရှိသည်နှင့်အညီ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ(၁)ရက်နေ့  ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်အခမ်းအနား၌   နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  ပြောကြားခဲ့သည့်  မိန့်ခွန်းမှ စာပိုဒ်အချို့ကို ကောက်နုတ်ဖော်ပြအပ်ပါသည်-

 “ရန်ကုန်တက္ကသိုလ်က မြန်မာ့လွတ်လပ်ရေးကို ဆောင်ကြဉ်းပေးနိုင်မယ့်ခေါင်းဆောင်ကောင်းတွေကို မွေးထုတ် ပေးနိုင်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာလည်း      ရန်ကုန်တက္ကသိုလ်ဟာ  ကမ္ဘာ့လူသားအကျိုးပြု ခေါင်းဆောင်တွေ၊ တိုင်းပြုပြည်ပြုခေါင်းဆောင်တွေနဲ့ ပညာတတ်လူငယ်တွေ များစွာကို မွေးထုတ်ပေးခဲ့ပါတယ်။”

ရန်ကုန်တက္ကသိုလ်မှ   နိုင်ငံရေးခေါင်းဆောင်များနှင့်   နိုင်ငံတော်အစိုးရ  ထိပ်တန်းတာဝန်  ထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များ (Politics & Government ) ၊ ပညာရှင်များ  ( Academia) ၊ အနုပညာနှင့်စာပေပညာရှင်များ( Arts & Literature)  များစွာကို မွေးထုတ်ပေးခဲ့ပါသည်။ ၎င်းတို့အနက် ထိပ်တန်းနိုင်ငံရေးခေါင်းဆောင်များနှင့် နိုင်ငံ့ဝန်ထမ်း ပုဂ္ဂိုလ်အချို့တို့ကို ဖော်ပြရမည်ဆိုလျှင် အမျိုးသားအာဇာနည် ခေါင်းဆောင်များဖြစ်ကြသော ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘချို၊ ဦးဘဝင်း၊  သခင်မြ၊ ဦးရာဇတ်၊   ဝန်ကြီးချုပ်ဦးနု၊ ဒေါက်တာဘမော်၊ သမ္မတကြီးဦးဝင်းမောင်၊ ဦးဘဆွေ၊ ဦးကျော်ငြိမ်း၊ ဒေါက်တာ မောင်မောင်၊ ဦးမောင်မောင်ခ၊ ဦးသန့်၊ လက်ရှိသမ္မတကြီးဦးဝင်းမြင့်၊ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ သံအမတ်ကြီး ဦးဖေခင် စသည့်ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။ ထို့အပြင်   ရန်ကုန်တက္ကသိုလ်မှ  မွေးထုတ်ပေးခဲ့သည့် ထိပ်တန်းပညာရှင်အချို့ကို ဖော်ပြရလျှင် ဒေါက်တာထင်အောင်၊ ဒေါက်တာလှမြင့်၊ ဒေါက်တာထွန်းတင်၊ ဒေါက်တာ အေးလှိုင်၊ Mr John  Furnivall ၊ ဦးဖေမောင်တင်၊ ဒေါက်တာသန်းထွန်း၊ ဒေါက်တာသာလှ၊ ဦးညွန့် စသည့်ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။ ၎င်းနောက် အနုပညာနှင့် စာပေပညာရှင် ထိပ်တန်းပုဂ္ဂိုလ် အချို့တို့ကို   ဖော်ပြရမည်ဆိုလျှင်   ဆရာကြီး  မင်းသုဝဏ်၊   ဆရာဇော်ဂျီ၊  သိပ္ပံမောင်၀၊  ဦးမောင်ထင်၊  လူထုဒေါ်အမာ၊ ဒေါ်ခင်မျိုးချစ်၊ မြသန်းတင့်၊ ဒါရိုက်တာကြည်စိုးထွန်း၊ ကောလိပ်ဂျင်နေဝင်း၊ ဒါရိုက်တာ ဦးတင်မောင်၊ ဝါဝါဝင်းရွှေ၊ ကျော်သူ၊ မေဆွိ စသည်တို့ ဖြစ်ကြပါသည်။

ထိုသို့အားဖြင့် အမိတက္ကသိုလ်ကြီးအနေဖြင့် မြန်မာ့လွတ်လပ်ရေးကို ဆောင်ကြဉ်းပေးနိုင်ခဲ့သည့် နိုင်ငံ့ခေါင်းဆောင် ကောင်းများ၊ တိုင်းပြုပြည်ပြုခေါင်းဆောင်များ၊  ထိပ်တန်းနိုင်ငံ့ဝန်ထမ်းများ၊ ပညာရှင်၊ ပညာတတ်ပုဂ္ဂိုလ်များစွာတို့ကို

မွေးထုတ်ပေးနိုင်ခဲ့သည့် တက္ကသိုလ်ကြီးဖြစ်ကြောင်းကို ထင်ရှားစွာ သိရှိနိုင်ကြမည် ဖြစ်ပါသည်။

သို့ဖြစ်၍ အမိရန်ကုန်တက္ကသိုလ်ကြီးအနေဖြင့် ယခုနှစ်(၁၀၀)ပြည့်မှစ၍ နောင်ရာစုနှစ်များစွာတိုင် အဓွန့်ရှည်တည် တံ့ပါစေကြောင်းနှင့် နောင်အနာဂတ်ကာလများတွင်လည်း  နိုင်ငံ့ခေါင်းဆောင်ကောင်းများ၊ ပညာရှင်များ အမြောက် အမြားကို မွေးထုတ်နိုင်ပြီး   အရှေ့တောင်အာရှတွင်သာမက  ကမ္ဘာ့ထိပ်တန်းအဆင့်တက္ကသိုလ်များနှင့်ပါ ရင်ပေါင် တန်းနိုင်စေရန် မိမိအနေဖြင့် ဆန္ဒပြုဆုတောင်း မေတ္တာပို့သအပ်ပါသည်။   ။

ဆောင်းပါးရှင်၏  ကိုယ်ရေးအကျဉ်း

------------------------------------

 - ၈- ၁၁- ၁၉၂၈ ခုနှစ်တွင် ပျဉ်းမနားမြို့၌ မွေးဖွားသည်။

 - ၁၉၅၅ ခုနှစ်တွင်  ရန်ကုန်တက္ကသိုလ်မှ  ဘောဂဗေဒဝိဇ္ဇာဘွဲ့ကို   ရရှိ သည်။

 -  ၁၉၆၂   ခုနှစ်တွင်    အမေရိကန်နိုင်ငံ  Vanderbilt University   မှ   ဘောဂဗေဒ မဟာဝိဇ္ဇာနှင့်  စီးပွားရေးဖွံ့ဖြိုးမှုဒီပလိုမာ ရရှိခဲ့သည်။

 - ၂၀၁၅   ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ Doctor  of  Letter's (Honoris Causa)  ဘွဲ့ကို   ချီးမြှင့်ခြင်းခံခဲ့ရသည်။

 - ၁၉၇၀  ပြည့်နှစ်တွင်  စီမံကိန်းရေးဆွဲရေးဦးစီးဌာန၌ ညွှန်ကြားရေးမှူး ချုပ်အဖြစ်    တာဝန် ထမ်းဆောင်ခဲ့သည်။

 - ၁၉၇၉ မှ ၁၉၈၃ ခုနှစ်အထိ ADB တွင် အမှုဆောင်  ဒါရိုက်တာ(၄)နှစ်ခန့်။

 - ၁၉၈၄ မှစတင်၍   (၁၄)နှစ်ခန့်   မြန်မာနိုင်ငံ သံအမတ်ကြီးအဖြစ် (၉)နိုင်ငံ (UK, Norway, Sweden, Denmark , Yugoslavia,   Romania,  Bulgaria, Albania &  Philippines) တို့တွင် တာဝန် ထမ်းဆောင်ခဲ့သည်။

 - ၁၉၉၇ ခုနှစ်မှစ၍ (၇)နှစ်ခန့် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အကြံပေး အဖြစ်    တာဝန်ထမ်းဆောင်ခဲ့သည်။

 - ကာကွယ်ရေးတက္ကသိုလ်  ဘွဲ့လွန်သင်တန်း အမှတ်စဉ် (၃ မှ ၇ အထိ) စီးပွားရေးဘာသာရပ်များ ပို့ချခဲ့သည်။

 - နိုင်ငံခြားရေးဝန်ကြီးဌာန၊   အခြေခံသံတမန်ရေးရာ  ကျွမ်းကျင်မှု သင်တန်း(BDS)တွင် ၁၉၉၈မှ ယနေ့အထိ စီးပွားရေးဘာသာရပ်နှင့်       သံတမန်ရေးရာ ကျွမ်းကျင်မှုဘာသာရပ်များ   သင်ကြားပေးလျက် ရှိသည်။

 - ကမ္ဘာ့ကုလသမဂ္ဂညီလာခံ၊    ကမ္ဘာ့ဘဏ်၊   IMF၊ ADB စသည့်   နှစ်ပတ်လည်အစည်းအဝေးများသို့ အကြိမ်ပေါင်းများစွာ တက်ရောက် ခဲ့သည်။

 - မြန်မာ- ဂျပန်/ မြန်မာ- ထိုင်းယဉ်ကျေးမှုနှင့် စီးပွားရေး    ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့တွင် အမှုဆောင်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။

 - ၂၀၀၀ ပြည့်နှစ်မတိုင်မီ  နိုင်ငံတော်မှပေးအပ်သော ငြိမ်ဝပ်ပိပြားရေး တရားဥပဒေစိုးမိုးရေးတံဆိပ်၊ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်နှင့် စီမံထူးချွန် ပထမအဆင့်စသည့် ဂုဏ်ထူးဆောင်ဆုတံဆိပ်များ ရရှိခဲ့သည်။

 -  ယခုလက်ရှိအချိန်ထိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့တွင်  အကြံပေးအဖြစ်လည်းကောင်း၊ စီးပွားရေးအဖွဲ့ အစည်းများတွင်လည်း စီးပွားရေးအကြံပေးအဖြစ်  ဆောင်ရွက် လျက်ရှိနေပါသည်။