ရန်ကုန်တိုင်းဒေသကြီးတွင် ငွေကျပ်သိန်း ၆,၈၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၈ သိန်း ဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၁၀

ရန်ကုန်တိုင်းဒေသကြီးတွင် ငွေကျပ်သိန်း ၆,၈၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား၆ ဒသမ ၈ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၆ ရက် နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဖော့ကန်ဈေး အနီးတွင် သတင်းရရှိထားသူ ငြိမ်းချမ်းအောင်(ခ)တူးတူး ကို ရေခဲဖော့ပုံးနှင့်အတူ တွေ့ရှိသဖြင့် ရှာဖွေစစ်ဆေးရာ ဖော့ပုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၅ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ မှော်ဘီမြို့နယ် ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးခြံရှိ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများပိုင်ရှင် စိုင်းဇော်မင်းဦး(ခ)ကိုစိုင်း ၏ အဆောက်အဦ အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၃ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့၍ စုစုပေါင်း ဒေသကာလ တန်ဖိုးငွေကျပ်သိန်း ၆,၈၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၈ သိန်း သိမ်းဆည်းရမိခဲ့ သဖြင့် ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်