ရန်ကုန် ဇန်နဝါရီ ၁၂

 

ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာနတွင် ဌာနတွင်းဝန်ထမ်းများအား စာရင်းစစ်သင်တန်းများ ကျွမ်းကျင်စေရန်အတွက် စာရင်းစစ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် တိုင်းဒေသကြီး သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အဆိုပါသင်တန်းတွင် ဌာနတွင်းရှိဝန်ထမ်းများဖြစ်သော တိုင်းဒေသကြီး သမဝါယမဦးစီးဌာနဝန်ထမ်းများနှင့် တိုင်းအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်ရှိ ဝန်ထမ်းများပါဝင်သော သင်တန်းသား ၃၀ တို့အား သင်တန်းဖွင့်လှစ်ခဲ့ကြောင်း၊ သင်တန်းကာလမှာ ဇန်နဝါရီ ၁၂ ရက်မှ ၁၆ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ သင်တန်းတွင် စာတွေ့လက်တွေ့ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဗလ