ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်နှင့် ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကျင်းပ   သင်္ကြန်ချစ်သူပြည်သူများဖြင့် စည်းကားလျှက်ရှိ

ရန်ကုန် ဧပြီ ၁၃

 

၁၃၈၅ ခုနှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်နှင့် ပြည်သူရင်ပြင် ရန်ကုန်လမ်း လျှောက်သင်္ကြန် ပွဲတော်ဖွင့်ပွဲ အခမ်းအနားများကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ အတာသင်္ကြန် မဏ္ဍပ်နေရာအသီးသီး၌ သင်္ကြန်ချစ်သူပြည်သူများနှင့် အတူစည်းကား သိုက်မြိုက် စွာဖွင့်လှစ်ကြသည်။

 

ဦးစွာ ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ် ဖွင်ပွဲအခမ်းအနားကို ယနေ့ နံနက် နာရီခွဲတွင် ကျောက်တံတားမြို့နယ်ရှိ မြို့တော်ခန်းမရှေ့၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးစိုးသိန်း နှင့်ဇနီး၊ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်းနှင့်ဇနီး၊ တိုင်းဒေသကြီး ၀န်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး၀န်ကြီး၊ မြို့တော်၀န် ဦးဗိုလ်ဌေးနှင့်ဇနီး၊ ဒုတိယမြို့တော်၀န်၊ အတွင်းရေးမှူးနှင့် ကော်မတီ၀င်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဌာနများမှ ၀န်ထမ်းများနှင့် မိသားစု၀င်များ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံး မြန်မာနိုင်ငံသဘင်အစည်း အရုံးတို့မှတာ၀န်သူများနှင့်အနုပညာရှင်များ၊ ယိမ်းအဖွဲ့များနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များတက်ရောက်ကြသည်။

 

ထို့နောက် မြန်မာနိုင်ငံသဘင်အစည်းအရုံးမှနာယက ကြီးအလင်္ကာကျော်စွာ ဦးအောင်တင်၀င်းက ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ကူးပြောင်းမည့် မဟာသင်္ကြန်ပွဲတော်ကြီး စတင်နိုင်ရန်အတွက် ကောင်းခြင်း မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံအောင်မြင်စေခြင်းငှာ ပုဏ္ဏားစာဖတ်ခရုသင်းမှုတ်မင်္ဂလာကို ပြုလုပ်သည်။

 

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် က  နှစ်သစ်ကူး နှုတ်ခွန်းစကား ပြောကြားသည်။

 

ထို့နောက် ၁၃၈၅ခုနှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ် ရေသဘင်ပွဲတော်ကို ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ဇော်ဟိန်းနှင့် တိုင်းဒေသကြီး၊ စည်ပင်သာယာရေး၀န်ကြီး ရန်ကုန်မြို့တော်၀န် ဦးဗိုလ်ဌေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

ဆက်လက်၍ နိုင်ငံကျော်တေးသံရှင်  ဦးသန်းမြတ်စိုးက ``မြူမှောင်ဝေကင်း ´´သီချင်းနှင့် တေးသံရှင် စိုးညီညီ၏ ``နွေရတုပွဲတော်´´ သီချင်းတို့ဖြင့် ယိမ်းအဖွဲ့များက ယိမ်းအကများဖြင့် ဖျော်ဖြေတင် ဆက်ကြသည်။

 

ထို့နောက်  နံနက်   နာရီတွင်ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် ဒဂုံမြို့နယ် ပြည်လမ်းရှိ ပြည်သူရင်ပြင် လမ်းလျှောက်သင်္ကြန်နှင့် Royal-Apex ဏ္ဍပ်ဖွင့်ပွဲကိုကျင်းပရာနိုင်ငံကျော်တေးသံရှင်  ဦးသန်းမြတ်စိုးက ``မြူမှောင်​ဝေကင်း ´´သီချင်းနှင့်တေးသံရှင်စိုးညီညီ၏ ``နွေရတုပွဲတော်´´ သီချင်းတို့ဖြင့် ယိမ်းအဖွဲ့များက ယိမ်းအက များဖြင့်ဖျော်ဖြေတင်ဆက်ဖွင့်လှစ်ပြီး ယိမ်းအဖွဲများ နှင့် ရုပ်ရုင်၊ ဂီတ၊ သဘင်အဖွဲ့များ ဖျော်ဖြေတင်ဆက်မှုများကို တိုင်းဒေသကြီး၀န်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး ၀န်ကြီးများနှင့်၎င်းတို့၏ဇနီး၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊သ င်္ကြန်ချစ်သူပြည်သူများက ကြည်ရူ အားပေးကြပြီး လမ်းလျှောက်သင်္ကြန်ပွဲတော်တွင်သင်္ကြန် ချစ်သူပြည်သူများနှင့် အတူ ပါ၀င်ဆင်နွှဲကြသည်။

 

ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် သင်္ကြန်ချစ်သူပြည်သူ့များ ပျော်ရွှင်အေးချမ်းစွာ ရေသဘင်ပွဲတော်ဆင်နွဲနိုင်အတွက်ဌာနဆိုင်ရာ ရေကစားမဏ္ဍပ်များ ဖြစ် ကြသည့် ပိတောက်ကကြိုး၊ နှစ်သစ်မင်္ဂလာ၊ နွေဦးပိတောက်၊ တူပို့တူပိူ့၊ တန်ခူးရေစင်၊ ပိတောက်သစ္စာ၊ပိတောက်ရိပ်၊ ပိတောက်လမ်း၊ သင်္ကြန်မိုး၊ တန်ခူးလေပြေ စသည့်ရေကစား မဏ္ဍပ်များအပြင် စားသောက်ဆိုင် တန်းမျာကိုလည်း ဖွင့်လှစ်ပေးထားသည်။

     

ယခုနှစ် မြန်မာရိုးရာယဉ်ကျေးမှုနှစ် သစ်ကူးမဟာသင်္ကြန်ပွဲတော် အကြိုနေ့တွင် ရန်ကုန်မြို့ရှိ ကျောက်တံတားမြို့နယ်၊ ပန်ဆိုးတန်းလမ်းမပေါ်ရှိ ပတောက်ရွှေဝါရေက စားမဏ္ဍပ်၊ လမ်းမတော်မြို့နယ်၊ မဟာဗန္ဓုလလမ်းမပေါ်ရှိ သင်္ကြန်မင်းသားကြီးရေက စားမဏ္ဍပ်၊ မင်္ဂလာ တောင်ညွှန့်မြို့နယ်၊ ဒေါ်သိန်းတင်လမ်းမပေါ်ရှိ မင်္ဂလာမေရေကစားမဏ္ဍပ်၊ ဗိုလ်တထောင်မြို့နယ် မဟာဗန္ဓုလလမ်းပေါ်ရှိ ဗိုလ်တထောင်မြို့နယ် မဟာသင်္ကြန်ရေကစားမဏ္ဍပ်၊ လသာမြို့နယ်တွင် ရွှေလုံမောင်မယ်ရေကစားမဏ္ဍပ်၊ ဒဂုံမြို့နယ်တွင် ဒဂုံမောင်မယ်ရေကစားမဏ္ဍပ်တို့အပြင် အရှေ့ပိုင်း၊ အနောက်ပိုင်း၊ မြောက်ပိုင်း၊ တောင်ပိုင်းတို့ရှိ ခရိုင်ဇုန်များတွင် ရေကစားမဏ္ဍပ်များ ဖွင့်လှစ်ထားရာ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ သင်္ကြန်ချစ်သူပြည်သူများ အတာရေသဘင်ပွဲတော်ကို အေးချမ်းပျော် ရွှင်စွာ ဆင်နွှဲလျှက်ရှိကြသည်။

 

မြန်မာရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ကာလအတွင်း သင်္ကြန်ချစ်သူပြည်သူများ ပျော်ရွှင်စွာ ရေသဘင်ပွဲတော်ကိုဆင်နွှဲနိုင်စေရန်အတွက်ရန်ကုန် တိုင်းစစ်ဌာနချုပ်နှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့တို့က လုံခြုံရေးကိစ္စရပ်များကို အပြည့်အ၀ကူညီဆောင်ရွက်ပေးထားကြောင်း သိရသည်။

သတင်း - တန်ခူးကိုဇော်

ဓာတ်ပုံ-ဇော်မင်းလတ် -ရဲထွဋ်