ရန်ကုန်မြို့ ဗန္ဓုလလမ်းနှင့် ဗိုလ်မြတ်ထွန်းလမ်းဆုံ၌ ယာဉ်သုံးစီး ဆင့်တိုက်မှုဖြစ်ပွား

ရန်ကုန်  ၉ ဇွန်

 


ရန်ကုန်မြို့ ဗန္ဓုလလမ်းနှင့် ဗိုလ်မြတ်ထွန်းလမ်းဆုံ မီးပွိုင့်တွင် ယနေ့ နံနက် ၈ နာရီခန့်က မီးပွိုင့်မီးပျက်နေစဉ် ကိုယ်ပိုင်ယာဉ်ငယ်၊ (၃၁)ယာဉ်လိုင်းမှ YBS ယာဉ်ကြီးနှင့် အငှားယာဉ်ငယ်တို့ ယာဉ်သုံးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ YGN/7I ----- GT-Four (Caldina) အမျိုးအစား ကိုယ်ပိုင်ယာဉ်ငယ်သည် ဗိုလ်မြတ်ထွန်းလမ်းအတိုင်း ပုဇွန်တောင်မြို့နယ်ဘက်သို့ မောင်းနှင်လာရာ ဗန္ဓုလလမ်းဆုံမီးပွိုင့်ကို ဖြတ်မောင်းစဉ် ဗန္ဓုလလမ်းအတိုင်း မောင်းနှင်လာသော YGN/9E ----- (၃၁)ယာဉ်လိုင်းမှ YBS ယာဉ်မှ ဖြတ်တိုက်မိခဲ့ပြီး ၎င်း YBS ယာဉ်အား ပုဇွန်တောင်ဘက်မှ မောင်းနှင်လာသော YGN/DD---- အငှားယာဉ်ငယ်မှ မီးပွိုင့်ဖြတ်မောင်းစဉ် ထပ်ဆင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 


ယာဉ်တိုက်မှုကြောင့် အဆိုပါ ကားသုံးစီးတွင် အနည်းငယ် ပျက်စီးခဲ့ပြီး ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။

 


သန်းဌေး(ဒလ)

 

ိ္ူုျ