ရန်ကုန်လေဆိပ်၌ တရုတ်နိုင်ငံသား ၄ ဦးနှင့် ကိုရီးယားနိုင်ငံသား ၁ ဦးတို့ထံမှ အကောက်ခွန်မဲ့ လက်ကိုင်ဖုန်း ၁၆၅ လုံး သိမ်းဆည်းရမိ

ရန်ကုန်  ၉  ဇွန် 

 

မင်္ဂလာဒုံမြို့နယ် ရန်ကုန်လေဆိပ် Terminal-1 ပြည်ပဆိုက်ရောက် X-Ray စက်၌ ဇွန် ၈ ရက် ညနေ ၅ နာရီ မိနစ် ၂၀ တွင် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ဘန်ကောက်လေကြောင်းလိုင်းဖြင့် လိုက်ပါလာသည့် Mr.Zhi Weizhen ပါ တရုတ်နိုင်ငံသား ၄ ဦး တို့၏ ခရီးဆောင်အိတ် ၄ လုံးအား ဖြတ်သန်းစစ်ဆေး စဉ် မသင်္ကာဖွယ်ပုံရိပ်များ တွေ့ရှိသဖြင့် ရန်ကုန်လေဆိပ် အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန်မှူး ဦးထွန်းထွန်းဝင်း၊ လေကြောင်းရဲတပ်ဖွဲ့ခွဲ(ရန်ကုန်)မှ ဒုရဲမှူး မျိုးသိန်းတို့ ပါဝင်သော ပူးပေါင်းအဖွဲ့မှ လေဆိပ် အကောက်ခွန်ရုံး၌ အဆိုပါအိတ်များအား ဖွင့်ဖောက် စစ်ဆေးခဲ့ရာ လက်ကိုင်ဖုန်း ၁၂၉ လုံး(တန်ဖိုး ကျပ် ၂၃၇ သိန်းခန့်)အား တွေ့ရှိခဲ့သဖြင့်  ချိတ်ပိတ်သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။

 

အလားတူ ည ၆ နာရီတွင် ရန်ကုန်လေဆိပ် Terminal-1 ပြည်ပဆိုက်ရောက် X-Rayစက်၌ ဗီယက်နမ်နိုင်ငံ ဟနွိုင်းလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ Vietjet  လေကြောင်းလိုင်းဖြင့် လိုက်ပါလာသည့် ခရီးသည် ကိုရီးယားနိုင်ငံသား Mr. Lee Myung Jae ၏ ခရီးဆောင်အိတ်အား ဖြတ်သန်းစစ်ဆေးစဉ် မသင်္ကာဖွယ်ပုံရိပ်များတွေ့ရှိသဖြင့် ပူးပေါင်းအဖွဲ့မှ လေဆိပ်အကောက်ခွန်ရုံး၌ အဆိုပါအိတ်အား ဖွင့်ဖောက်စစ်ဆေးခဲ့ရာ လက်ကိုင်ဖုန်း ၃၆ လုံး(တန်ဖိုး ကျပ် ၇၂ သိန်းခန့်)အား တွေ့ရှိခဲ့သဖြင့် ချိတ်ပိတ် သိမ်းဆည်းခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။

 

MDN

 

111 C