ရလဒ်နတ္ထိ တစ်ဖက်သတ်လုပ်ရပ်များ

၂၈ အောက်တိုဘာ

 

လက်ရှိရခိုင်ပြည်နယ်အရေးသည် အာဆာအကြမ်းဖက်အုပ်စုက ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လတွင် ရဲကင်းစခန်း ၃၀ နှင့် နယ်မြေခံတပ်ရင်းဌာနချုပ်တို့ကို ကြိုတင်အကွက်ချ စီစဉ်တိုက်ခိုက် ရာမှ ဖြစ်ပေါ်ခဲ့ခြင်းသည် ဖုံးကွယ်၍မရသော ပကတိအမှန်တရားဖြစ်ပါသည်။ နေရပ်စွန့်ခွာသူ ထောင်ပေါင်း များစွာတို့ တစ်ဖက်အိမ်နီးချင်းနိုင်ငံသို့ ထွက်ပြေးခဲ့ရခြင်း၏ အခြေခံအကြောင်းတရားသည်လည်း ဤတိုက်ခိုက်မှုများအပေါ် အခြေခံဖြစ်ပေါ်လာသည့် အာဆာအကြမ်းဖက်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သည့် သတ်ဖြတ်မှုများကြောင့် ဖြစ်ပါသည်။

 

လက်ရှိရခိုင်ပြည်နယ်အရေးသည် အာဆာအကြမ်းဖက်အုပ်စုက ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လတွင် ရဲကင်းစခန်း ၃၀ နှင့် နယ်မြေခံတပ်ရင်းဌာနချုပ်တို့ကို ကြိုတင်အကွက်ချ စီစဉ်တိုက်ခိုက် ရာမှ ဖြစ်ပေါ်ခဲ့ခြင်းသည် ဖုံးကွယ်၍မရသော ပကတိအမှန်တရားဖြစ်ပါ သည်။ နေရပ်စွန့်ခွာသူ ထောင်ပေါင်းများစွာတို့ တစ်ဖက်အိမ်နီးချင်းနိုင်ငံသို့ ထွက်ပြေးခဲ့ရခြင်း၏ အခြေခံအကြောင်းတရားသည်လည်း ဤတိုက်ခိုက်မှု များအပေါ် အခြေခံဖြစ်ပေါ်လာသည့် အာဆာအကြမ်းဖက်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သည့် သတ်ဖြတ်မှုများကြောင့် ဖြစ်ပါသည်။

 

သို့သော် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောနိုင်ငံတကာအချက် အလက် ရှာဖွေရေးအဖွဲ့ (FFM) သည် အာဆာအကြမ်းဖက်အဖွဲ့က ခမောင်းဆိပ်၌ ဟိန္ဒူဘာသာဝင် ၁၀ဝ ဦးခန့် သတ်ဖြတ်ခဲ့သည်ကို ကျူးလွန်သူ မရေမရာဖြစ်လေဟန် ပုံဖမ်းထားသော်လည်း တစ်ဖက်၌ မြန်မာ့တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့တို့က မွတ်စလင်တို့အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ကျူးလွန်မှုများပြုလုပ်ခဲ့သည်ဟု တစ်ဖက်သတ် ဆုံးဖြတ်ချက်ချမှတ်ပြီး ဖြစ်နေပါသည်။ ဤအချက်သည်လည်း အံ့ဩ စရာမဟုတ်ပါ။ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောနိုင်ငံတကာအချက် အလက်ရှာဖွေရေးအဖွဲ့ (FFM) ဖွဲ့စည်းမှုကို ဖြစ်ပေါ် စေခဲ့သည့် လူ့အခွင့် အရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၃၄/၂၂ ၌ မြန်မာနိုင်ငံ၊ အထူး သဖြင့် ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် လုံခြုံရေးအဖွဲ့များ၏ မကြာသေး မီက လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ကျူးလွန်မှုများစွပ်စွဲချက်များနှင့် ပတ်သက်၍ ကျူးလွန်သူများကို အပြည့်အဝတာဝန်ယူမှုရှိစေရန်နှင့် ကျူးလွန်ခံရသူများအတွက် တရားနည်း လမ်းတကျ ဖြစ်စေရန် အခြေ အနေနှင့်အချက်အလက်များကို စုဆောင်းရေးအတွက် ဖွဲ့စည်းထူထောင်ရန် ဟု လုပ်ပိုင်ခွင့်ပေးထားခြင်းက မြန်မာ့တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များ အပေါ် တစ်ဖက်သတ် အပြစ်ပုံထားခြင်းကို ပေါ်လွင်ထင်ရှားစေပါသည်။ တစ်ဖန် “လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်သည” ဟု ဥပဒေမဲ့၊ သက်သေအထောက်အထားမရှိ ကောက်ချက်ချခဲ့ခြင်းသည် တစ်ဖက်သတ် ရပ်တည်ချက်ကို ပို၍ပို၍ ပေါ်လွင်ထင်ရှားစေပါသည်။

 

နိုင်ငံတော်အစိုးရသည် လုံလောက်သော သက်သေအထောက်အထားရှိပါက မည်သည့်လူ့အခွင့်အရေး ချိုးဖောက်ကြောင်း စွပ်စွဲချက်ကိုမဆို တာဝန်ခံမှုရှိစေရန် ကတိကဝတ်ပြုထားသကဲ့သို့ လက်တွေ့ ၌လည်း လုပ်ထုံး လုပ်နည်းနှင့်စည်းကမ်းများအား ဖောက်ဖျက်ကျူးလွန်ခဲ့သည့် တပ်မတော်နှင့် ရဲဝန်ထမ်းများ၊ အရပ်သားများကို ဥပဒေကြောင်းအရ အရေးယူခဲ့ပြီးဖြစ်ပါသည်။ ဤမျှပေါ်လွင်ထင်ရှားသော အချက် အလက်များရှိပါလျက် မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်အရေးယူရန် ကြံစည်ကြိုးပမ်းမှုတို့သည် ရခိုင်ပြည်နယ် အပါအဝင် ဒေသတစ်ခုလုံးအတွက် မည်သည့်ကောင်းကျိုး ရလဒ်ကိုမှ ဖန်တီးပေးမည် မဟုတ်ပါကြောင်း တင်ပြအပ်ပါသည်။ ။(မြန်မာ့အလင်း)