ရခိုင်ရိုးရာသင်္ကြန် နံသာသွေးပွဲနှင့်ဘုရားရေသပ္ပါယ်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ဧပြီ  ၁၃

 

ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)နှင့် ရခိုင်လူမှုရေးအသင်းအဖွဲ့များက ကြီးမှူးကျင်းပသည့် (၂၁)ကြိမ်မြောက် ရခိုင်ရိုးရာသင်္ကြန် နံသာသွေးပွဲနှင့်ဘုရားရေသပ္ပါယ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်အလယ်ပစ္စယံရှိ ရခိုင်ပြည်နယ်ဓမ္မာရုံ၌ ကျင်းပသည်။ 

 

နံနက်ပိုင်းတွင် ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)မြို့နယ် အသင်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားယဥ်ကျေးမှုအဖွဲ့များကဘုရားရေ သပ္ပါယ်ရန်စုပေါင်း၍ နံသာသွေးကြသည်။

 

ထို့နောက် ဘုရားရေသပ္ပါယ်ပွဲကို ကျင်းပရာ ဦးစွာနမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ညောင်တုန်းကျောင်းတိုက် မင်္ဂလာစံကျောင်းဆရာတော် ဘဒ္ဒန္တဣဒ္ဓိဗလထံမှ ဧည့်ပရိသတ် များက ငါးပါးသီလ ခံယူဆောက်ကြသည်။

 

ယင်းနောက် ဆရာတော်သံဃာတော်များအား ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်) နာယကများ၊ ဥက္ကဋ္ဌ ဦးသန်းမောင်နှင့် တာ၀န်ရှိသူများ၊ အလှူရှင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

           

ထို့နောက်  ညောင်တုန်းကျောင်းတိုက် မင်္ဂလာစံကျောင်းဆရာတော် ဘဒ္ဒန္တဣဒ္ဓိဗလထံမှ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချတရားနာယူ၍အမျှပေးကြပြီး ဗုဒ္ဓသာသနံ စိရံတိတ္တထု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။

 

ယင်းနောက် ဆရာတော်၊သံဃာတော်များအား နာယကများ၊ ဥက္ကဌနှင့်တာ၀န်ရှိသူများက နေ့ဆွမ်း ဆက်ကယ်လှဒါန်းကြသည်။

 

ယင်းနောက် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်) နယကများ၊ ဥက္ကဋ္ဌနှင် တာ၀န်ရှိသူများ၊ မြို့နယ်အသင်းများ၊ လူမှုရေအသင်းအဖွဲ့များ၊ တိုင်းရင်းသားယဉ် ကျေးမှုအဖွဲ့များက ဘုရားရေသပ္ပါယ်ကြကြောင်း သိရသည်။

ဇော်မင်းလတ်(mna)