ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် အစိုးရအဖွဲ့ဝင်များအား ကျောက်ဖြူဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ရန် လာရောက်တွေ့ဆုံ

စစ်တွေ   ၁၃  ဇူလိုင်

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် အစိုးရအဖွဲ့ဝင်များအား ကျောက်ဖြူခရိုင်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန် Transland ‌Public Co.,Ltd မှ တာဝန်ရှိသူများနှင့် KyaukPhyu District Native Ethnic Development Associationမှ ဦးငြိမ်းချမ်းမောင်နှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ်ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ကျောက်ဖြူမြို့နယ်တွင် ကျောက်ဖြူမြို့သစ်စီမံကိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးဇုန်၊ ငါး/ပုဇွန်မွေးမြူရေးနှင့် ဟိုတယ်ဇုန်စီမံကိန်းလုပ်ငန်းများ ဖော်ဆောင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

တွေ့ဆုံပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ Transland အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများ၊ ကျောက်ဖြူခရိုင် ဒေသခံတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဦးငြိမ်းချမ်းမောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)