စစ်တွေ ဇွန် ၁၀

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီးတို့သည် ယနေ့ နံနက်ပိုင်းတွင် အမှတ်(၁၂)အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှု၊ စာသင်ခန်းများအားလုံး အမိုးအကာလုံခြုံရေးနှင့် သန့်ရှင်းသော သောက်သုံးရေရရှိရေး ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုပြီး ကျောင်းသား ကျောင်းသူများအတွက် ထီးများပေးအပ်သည်။

 

ထို့နောက် သက္ကေပြင်ရွာမ ကျေးရွာ အခြေခံပညာမူလတန်း လွန်ကျောင်း၊ သာယာကုန်း ကျေးရွာ အခြေခံပညာမူလတန်း လွန်ကျောင်းနှင့် သင်္ဂနက်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းများ၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှု၊ စာသင်ခန်းများ အားလုံး အမိုးအကာလုံခြုံရေးနှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေး ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုပြီး ကျောင်းဝင်းအတွင်း အားကစားကွင်းဆောင်ရွက်ပေးရေးနှင့် အားကစားပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် အုန်းတောကြီး IDP စခန်းနှင့် အနီးပတ်ဝန်းကျင် IDP စခန်းများမှ အသက်(၁၅)နှစ်အောက် ကလေးငယ်များအား မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးနေမှုကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

 ပြည်နယ်(ပြန်/ဆက်)