ရခိုင်ပြည်နယ် သဘောဝဘေးအန္တရာယ်ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုမည့် ဝန်ကြီးဌာနအသီးသီး၏ ကူညီကယ်ဆယ်ရေး ပစ္စည်းများပေးပို့

နေပြည်တော် မေ ၂၈ 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ် သဘောဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် MCL - 3 ရေယာဉ်သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနနှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့မှ ဆန်အိတ် (၁၃,၀၁၃)အိတ်၊ ဆီပိသာ(၆၀၀)၊ ခေါက်ဆွဲခြောက်ဖာ (၄၀၀)၊ ဆေးဝါးပစ္စည်း ဘူး(၁,၄၉၀)၊ သစ်ခွဲသား ဆိုက်စုံတန် (၃၀၀)၊ သွပ်ချပ်(၂၆,၈၄၀)၊ ထွန်စက် (၃၃)စီးနှင့် ဆက်သွယ် ရေးတာဝါတိုင် များ၊ ဆက်စပ်ပစ္စည်းများ၊ လမ်းမီးတိုင်များ အပါအဝင် ကူညီကယ်ဆယ်ရေးပစ္စည်း တန်ချိန် (၁,၅၉၂)တန်တင်ဆောင်၍ ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ The Myanmar Terminal (TMT) ဆိပ်ကမ်းတံတားမှ စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။

သတင်းစဉ်