ရေဦးမြို့နယ် ဗိုလ်ရုံကျေးရွာတွင် ပေါ့ဆမီးကြောင့် နေအိမ်နှစ်လုံးမီးလောင်

ရေဦး ၁၀ ဇွန်   

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် ဗိုလ်ရုံကျေးရွာတွင်  ဇွန် ၁၀ ရက် နံနက် ၁ နာရီ မိနစ် ၂၀ က  မီးကြွင်းမီးကျန်မှ ထရံသို့ကူးစက်ပြီး နေအိမ်နှစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်တွင်  ဇွန် ၁၀ ရက် နံနက် ၁ နာရီ မိနစ် ၂၀ က ရေဦးမြို့နယ် မီးသတ်စခန်း၏ မြောက်ဘက်  ၇ မိုင်ခန့်ကွာဝေးသည့်  ဗိုလ်ရုံကျေးရွာရှိ ဒေါ်ဌေးခိုင်   ၏ နေအိမ်မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းရသဖြင့်  ရေဦးမြို့နယ် ခေတ္တမီးသတ်စခန်းတာဝန်ခံ ဒုမီးသတ်ဦးစီးမှူး ဦးအောင်ကိုနိုင်ဦးဆောင်၍  မီးငြှိမ်းသတ်ယာဉ်နှစ်စီး ရေသယ်ယာဉ်တစ်စီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၂  ဦး၊  ကျေးရွာနေပြည်သူ  ၂၀ဝ ဦးတို့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၃၀ မိနစ်အချိန် မီးထိန်းနိုင်၍ နံနက် ၁ နာရီ  ၄၀ မိနစ်တွင်  မီးလုံးဝငြိမ်းသွားခဲ့ပြီး  မီးလောင်မှုကြောင့် နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

 

ဖြစ်စဉ်နှင့်စပ်လျဉ်း၍  မီးပေါ့ဆသူကို ရေဦးမြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း ရေဦးမြို့မရဲစခန်းမှ သတင်းရရှိသည်။

 

မိုးသောက်  (ရွှေဘို)