ရွှေတိဂုံစေတီတော်၌ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့အကြို အသံမစဲမေတ္တာပွားများပွဲ ကျင်းပ

ရန်ကုန် ဩဂုတ် ၁၀

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူးလျက် ဝါတွင်းကာလ ဗုဒ္ဓပူဇနိယ ပွဲတော်များကို ဗုဒ္ဓဝေယျာဝစ္စ အသင်းအဖွဲ့များနှင့်  ဝန်ထမ်းများ၏ စုပေါင်းအားဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ရွှေတိဂုံစေတီတော် တောင်ဘက် မုခ်ရင်ပြင်တော် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့အကြို အသံမစဲမေတ္တာပွားများပွဲကို ဩဂုတ် ၁၀ ရက် နံနက် ၇ နာရီမှစ၍ ဝါခေါင်လပြည့်နေ့ နံနက် ၇ နာရီအထိ၂၄ နာရီ ကျင်းပလျက်ရှိသည်။

ဝါခေါင်လပြည့် ဩဂုတ် ၁၁ ရက် နံနက် ၅ နာရီမှစ၍ ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းခြင်း ဝါခေါင်
လပြည့် ပန်းစေတီလှည့်လည်ပူဇော်ခြင်း၊ ကပ်လှူခြင်း၊ အောင်ပွဲအခမ်းအနားများ ကျင်းပသွားမည် ဖြစ်သည်။ ထို့နောက် နံနက် ၉ နာရီခွဲတွင် ရွှေတိဂုံစေတီတော် သြဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တ နာဂိတ၊ ရွှေပြည်သာ ပရိယတ္တိစာသင်တိုက်ထံမှ ဥပုသ်သီလ ဆောက်တည်နိုင်ရန် သီလပေး တရားတော်များ ဟောကြားမည်ဖြစ်ကာ မည်သူမဆို ဥပုသ်သီလခံယူ ဆောက်တည်နိုင်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)