ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ နောင်တော်ကြီးစေတီတော်နှင့် အရံစေတီများ ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် ရေစက်ချအနုမောဒနာ မင်္ဂလာအခမ်းအနား ကျင်းပ

ရန်ကုန် ဧပြီ ၃၀     

 

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ရွှေတိဂုံစေတီ တော်မြတ်ကြီးရှိ နောင်တော်ကြီးစေတီတော်နှင့်အရံစေတီ(၂၄)ဆူ ရွှေသင်္ကန်းတော်ကပ် လှူပူဇော်ခြင်း မဟာကုသိုလ်တော်အောင်ပွဲအထိမ်းအမှတ် ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် ရေစက်ချ အနုမောဒနာမင်္ဂလာခမ်းအနားကို ယနေ့ နံနက်ပိုင်းမှစတင်၍ သက်မှတ်နေရာများ၌ ကျင်းပသည်။

 

ဦးစွာရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ်  ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဥ်ကျေးမှု၀န်ကြီးဌာန ဒုတိယ၀န်ကြီးဦးအေးထွန်း၊ တိုင်းဒေသကြီး ၀န်ကြီးများနှင့် ဂေါပကအဖွဲ့၀င်များက သြ၀ါဒါ စရိယဆရာတော်ကြီးများနှင့် ပင့်သံဃာ တော်များအား ရွှေတိဂုံစေတီတော် ထီးတော်ရုံတန်ဆောင်း၌ အရုဏ်ဆွမ်းဆ က်ကပ်လှူဒါန်းကြသည်။

 

ထို့နောက် နောင်တော်ကြီးစေတီတော်နှင့် အရံစေတီ(၂၄)ဆူအား ဗုဒ္ဓါဘိသေက အနေကဇာ တင်ခြင်းအခမ်းအနားကို နောင်တော်ကြီးစေတီအထက်ပစ္စယံ၌ ကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဝင်၊ သာသနာ့ဓဇ ဓမ္မာစရိယဘဒ္ဒန္တကဉ္စနအမှူးပြုသည့် ဆရာတော်၊ သံဃာတော်(၁၀၈)ပါးက ဗုဒ္ဓါဘိသေကအနေကဇာတင်လှူ ပူဇော်ကြသည်။

 

ယင်းနောက် ရေစက်ချအနုမောဒနာမင်္ဂလာအခမ်းအနားကို ချမ်းသာကြီးတန် ဆောင်း၌ ဆက်လက်ကျင်းပရာ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ထံမှ ဧည့်ပရိသတ်များက နဝင်္ဂသီလခံယူဆောက်တည်ကြပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့အလှည့်ကျသဘာပတိကဇယမင်္ဂလာအနုမောဒနာစာတမ်းလွှာကို ဖတ်ကြားလျှောက်ထားသည်။

 

ဆက်လက်၍ ဆရာတော်၊သံဃာတော်များရွတ်ပွားသရဇ္စျာယ်သည့် ပရိတ်တရား တော်များ နာကြားကြပြီး တိုင်းဒေသကြီး၀န်ကြီးချုပ်၊ ဒုတိယ၀န်ကြီး၊ တိုင်းဒေသကြီး ၀န်ကြီးများနှင့် ဂေါပက အဖွဲ့၀င်များက သြ၀ါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအားလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော် ဗဟိုသံဃာ၀န်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ ဘဒ္ဒန္တ ဂုဏာလင်္ကာရထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကာ ရေစက်သွန်းချအမျှပေးဝေကြပြီး အခမ်း အနားကို ရုပ်သိမ်းလိုက်​သည်။

 

ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ နောင်တော်ကြီးစေတီနှင့် အရံစေတီ ၂၄ ဆူအား ရွှေသင်္ကန်း တော်ကပ်လှူခြင်းကို ၂၀၂၃ခုနှစ် နို၀င်ဘာလမှစတင်ဆောင်ရွက်ခဲ့ပြီး မျက်ပါးရွှေချခြင်း လုပ်ငန်း များသည်  ၂၀၂၄ ခုနှစ် ဧပြီလတွင်ပြီးစီးခဲ့သည်။

(ဇော်မင်းလတ်-သတင်းစဉ်)