ရွှေတောင်မြို့နယ်တွင် လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

ပြည် ၁၄  မတ် 

ပဲခူးတိုင်း  ပြည်ခရိုင်  ရွှေတောင်မြို့နယ်ရှိ အမှတ် (၆) တပ်မတော်စစ်ဆေးရုံ ခုတင် ၁၀ဝ ဝန်ထမ်းလိုင်းခန်းတွင် မတ်လ ၁၃ ရက်နေ့ည ၁၁ နာရီဝန်းကျင်ခန့်က လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှတစ်ဆင့် ဆွေးမြည့်နေသော နံရံသို့မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ထိုမီးလောင်မှုဖြစ်စဉ်ကြောင့် အလျား ပေ ၉၀၊ အနံ ပေ ၂၀ သွပ်မိုးအုတ်ညှပ် ပျဉ်ခင်း ဖျက်ဆီးခွင့်တင်ထားသော လူမနေအိမ် ၆ ခန်းတွဲ မီးလောင်ကျွမ်းဆုံးရှုံးခဲ့ကြောင်း ပြည်ခရိုင်မီးသတ်ဦးစီးဌာနမှသိရသည်။

ထိုမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၊ သေဆုံးသူမရှိကြောင်း သိရသည်။

မင်းမင်းစိုး (ပြန်ဆက်)