ရွှေတောင် ဇွန် ၁၄

 

ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့က အောင်မြေသာရပ်ကွက် ကန်ဦးပရိယတ္တိစာသင် တိုက်ဘုန်းတော်ကြီးကျောင်းဝင်း၌ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား ၁၃၅ ဦးက ကျွန်း၊ စိန်ပန်းကြီး၊ မဟော်ဂနီ၊ ခရေ၊ ပျဉ်းကတိုး၊ မဲဇလီ စသည့် ပျိုးပင် ၃၅၀ ကို စုပေါင်းစိုက်ပျိုးခဲ့သည်။

 

ကိုကိုမင်း(ပြန်/ဆက်)