နေပြည်တော် ၂ ဇွန်
တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့အား ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၇ ခုနှစ် မတ် ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၄၃၁ စီး၊ သွင်းကုန် ၁၈၅ စီး၊ ရန်ကုန်-မြဝတီလမ်းတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၁၂ စီး၊ သွင်းကုန် ၁၄၂ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျှက်ရှိသည်။
အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့သော ကုန်စည်များအား စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျှက်ရှိရာ ၂၀၁၉ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်းမှ တားဆီးမှု ၁၀ မှု ခန့်မှန်းတန်ဖိုးကျပ် ၅၈ ဒသမ ဝ၉ သန်းအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ထူးခြားဖမ်းဆီးမှုအနေဖြင့် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းမှ ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်စဉ် ရွှေအုန်းပင်ထမင်းဆိုင်အနီး၊ ရွှေဖြူရာဘာခြံအနီး၊ လက်ပြကျေးရွားအနီး၊ ဘဲလေးထမင်းဆိုင်အနီး နှင့် စိန်ကလဲ့လမ်းခွဲတို့တွင် ရပ်တန့်ထားသော တရားမဝင် လိုင်စင်မဲ့ HONDA EDIX BE4 တစ်စီး၊ TOYOTA TATIS SCP100 တစ်စီး ၊ FORD RANGER တစ်စီး ၊ TOYOTA CROWN တစ်စီး ၊ NISSAN X TRAIL တစ်စီး ၊TOYOTA PROBOX တစ်စီး၊ TOYOTA WISH တစ်စီး၊ TOYOTA VOXY တစ်စီး ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၈ သန်းအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
MDN