ရေဖြူနှင့် မရမ်းကုန်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၈  ဧပြီ

 

ကလိန်အောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၆ ရက် မွန်းလွဲ ၁ နာရီခွဲက  ရေဖြူမြို့နယ်၊ လော့သိုင်းကျေးရွာအုပ်စု၊ ကျွဲတလင်းကျေးရွာနေ ရွှေထုပ်၏ နေအိမ်ကို ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၁၅ ပြား၊ နေအိမ်အတွင်းမှ လုပ်သေနတ် ၂ လက်၊ ခဲယမ်းမျိုးစုံ ၅၀ တောင့်၊ ကျည်ခွံ ၁၁ ခု၊ တူမီးသေနတ် ၁ လက်၊ ခဲသီးမျိုးစုံ ၄၀ လုံး တို့ကို သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ဧပြီ ၇ ရက် ညနေပိုင်းက  မူးယစ်တပ်ဖွဲ့စု(၄၁)ရန်ကုန်(အရှေ့)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ သမိုင်းလမ်းဆုံ၊ City Mart အနီး၌ ဇော်ဝင်းနိုင် (ခ)စတီဗင် မောင်းနှင်လာသည့် မော်တော်ယာဉ်ကိုရှာဖွေရာ အိုက်စ် ၅ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံး တို့ကိုသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ပိတောက်ရိပ်ငြိမ်လမ်း၊ မြေညီထပ်ရှိ ဇော်ဝင်းနိုင်(ခ)စတီဗင် ၏နေအိမ်ကိုရှာဖွေရာ အိုက်စ် ၁ ဒသမ ၁၅ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄,၈၀ဝ တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။

 

MDN