ရေဖြူမြို့နယ်၌ တောမီးမှတစ်ဆင့် ကေဘယ်မီးကြိုးများနှင့် ကားတာယာဟောင်းများ မီးကူးစက်လောင်ကျွမ်း­

နေပြည်တော် ၁၄ မတ်

 

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ပုဂေါဇွန်းကျေးရွာအနီး ကုမ္ပဏီပိုင် ဘိလပ်မြေ စက်ရုံဟောင်းအနီး၌ မတ် ၁၃ ရက် မွန်းလွဲ ၂ နာရီခွဲက ရာသီဥတုပူပြင်းမှုကြောင့် တောမီးလောင်ကျွမ်းရာမှတစ်ဆင့် ဘိလပ်မြေစက်ရုံဟောင်းအတွင်း စုပုံထားသော ကေဘယ်မီးကြိုးများနှင့် ကားတာယာဟောင်းများ မီးကူးစက်လောင်ကျွမ်းခဲ့ရာ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ညနေ ၄ နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား