ရေနံချောင်း  ၂၅   အောက်တိုဘာ 

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် (UNICEF)မြန်မာမှ ပေးပို့လှူဒါန်းသည့် တိုင်းရင်းသားဘာသာစကားနှင့် မြန်မာဘာသာစကားတို့ဖြင့် ရိုက်နှိပ်ထားသော ကလေးစာပေ တိုင်းရင်းသားပုံပြင်စာအုပ် ၂၅ မျိုးကို လာရောက်လေ့လာဖတ်ရှုနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

ေ

 

အဆိုပါ လှူဒါန်းစာအုပ်များကို အလွယ်တကူဖတ်ရှုလေ့လာနိုင်ရန် မြို့နယ်ပြည်သူ့စာကြည့်တိုက်မှ ကလေးစာဖတ်ခန်းနှင့် စာအုပ်စင်များတွင် စနစ်တကျထားရှိပြသထားသည်။ တိုင်းရင်းသားပုံပြင် စာအုပ်များတွင် ပေါင်းညွမ်နာဂ၊ ကနီဆေခူမီး၊ အဆန်(ခေါင်စို)၊ လီခခ်၊ တောင်ရိုး၊ ရုန်းတူ၊ သက္ကမ၊ ပိုးကရင်၊ ပကညော စကော၊ ဘွဲကရင်၊ တအော၊ ခေါင်တူး၊ တိုင်းဆာ(ခ) မိုင်းသာရှမ်း၊ ယင်းတလဲ၊ လောင်ဖူးရီ၊ ခမီ၊ အင်းသား၊ မြို၊ ဂုံရှမ်း၊ အနူး၊ မော်ကယ်(ဆလုံ)၊ ကိုကာ့မျိုးနွယ်စု၊ လေမီ(ချင်း)၊ လူရှိုင်း၊ တိုင်လုံ စသည့်ဘာသာစကားများပါဝင်သည်။

 

ေ

 

(UNICEF)မြန်မာမှ ကလေးငယ်များအား စာအုပ်စာပေချစ်မြတ်နိုးလာစေရန်၊ တိုင်းရင်းသားကလေး ငယ်များအနေဖြင့် မိခင်ဘာသာစကားတတ်မြောက်မှု မြှင့်တင်ရန်နှင့် ရုံးသုံးဘာသာစကားဖြစ်သော မြန်မာစာပေ၊ မြန်မာစကားများကို လေ့လာရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ တိုင်းရင်းသားပုံပြင် ၂၅ မျိုးအား တစ်ဘာသာလျှင် ၁၀ အုပ်နှုန်းဖြင့် စုစုပေါင်း ၂၅၀ အုပ်ကို ပေးပို့လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

ကိုစိုးကြီး