နေပြည်တော် မတ် ၇
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ၆ လ ကာလအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော ကျောက်ခင်းလမ်း ၄ မိုင်၊ ကတ္တရာလမ်း ၁ မိုင်၊ ပေ ၆၀ RC တံတား ၂ စင်း၊ ပေ ၃၀ RC တံတား ၁ စင်း၊ ကွန်ကရစ်ရေပြွန် ၃ စင်း၊ လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ၁ ခုတို့ကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ကျပ် ၁၀၇၄ ဒသမ ၁၇၅ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီဖြစ်ကြောင်းသိရသည်။
သတင်းစဉ်


