ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်များ ငှားရမ်းပေး

ဓနုဖြူ ဇူလိုင် ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေး စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ ဇူလိုင် ၇ ရက် နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာနရုံးနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးများသို့ ယခင်ငှားရမ်းပေးထားသော စာအုပ်များအား ပြန်လည်သိမ်းဆည်းပြီး ယခုအပတ်တွင် သုတ၊ ရသ၊ ဝတ္ထုနှင့် မဂ္ဂဇင်းစာအုပ်များကို ထပ်မံငှားရမ်းပေးခဲ့သည်။ ထိုသို့ငှားရမ်းပေးခြင်းမှာ စာပေဖတ်ရှုရာမှ အသိပညာဗဟုသုတများ ရရှိစေရန်၊ စာပေတန်ဖိုးကို ချစ်မြတ်နိုးတတ်စေရန်၊ စာပေမြင့်မှလူမျိုးတင့်မည် ဖြစ်သည့်အတွက် စာပေအသိရှိလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေဇူးများ အကြောင်းကို သိရှိစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)