ရွှေကျင် ၁၀ ဇွန်


           
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာကျောင်းများသို့ အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ပွဲကို ယနေ့  နံနက်၁၀ နာရီက ကျင်းပသည်။


       

သကစိ္

 
အခမ်းအနားတွင် ရွှေကျင်မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဌ ဦးထွန်းထွန်းလင်းမှ အဖွင့်အမှာစကားပြောကြားပြီး ရွှေကျင်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ထောက်ပံ့ပေးသော ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းနှင့် ပိုက် စသည့် အားကစားပစ္စည်းများကို တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပေးအပ်ရာ အ-ထ-က (တံခွန်တိုင်) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေမြင့်မှလည်းကောင်း၊ တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းက ပေးအပ်ရာ အ-ထ-က (ရွှေကျင်) ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းနှင်းဆီညွန့်မှလည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဌ ဦးထွန်းထွန်းလင်းက ပေးအပ်ရာ အ-ထ-က(တပ်နယ်) ကျောင်းအုပ်ဆရာကြီး ဦးကျင်သန်းတို့မှ လက်ခံရယူခဲ့ကြောင်းသိရသည်။

 

ထွန်းထွန်းဇော်((ပြန်/ဆက်)

 

္၄၄အ