ရေခဲပြင်ပေါ်က ငါးမျှားပြိုင်ပွဲ

၆ ဖေဖော်ဝါရီ

ဘူဂေးရီးယားနိုင်ငံ တောင်ပိုင်းက ရေခဲနေတဲ့ ရှီရိုကာ ပိုယာနာ ကန်မှာ ကမ္ဘာ့ရေခဲပြင်ငါးမျှားပြိုင်ပွဲ ကျင်းပနေပါတယ်။ ဒီငါးမျှားပြိုင်ပွဲဟာ ၁၆ ကြိမ်မြောက် နိုင်ငံတကာငါးမျှားပြိုင်ပွဲ ဖြစ်ပါတယ်။

 

mdn

 

ငါးမျှားဖို့အတွက် နှင်းထုကို အပေါက်ဖောက်ပြီးမှာ ငါးမျှားဖို့ကြိုးစားရတာဖြစ်ပါတယ်။ ဒီနှစ်အတွက် ပြိုင်ပွဲဝင် ၁၅၀ ဦး ရှိတာကို တွေ့ရပါတယ်။ ပြိုင်ပွဲဝင်မယ့်သူတွေဟာ ပြိုင်ပွဲကျင်းပရာ ရှီရိုကာ ပိုယာနာ ကန် အနီးရှိ ရေခဲနေတဲ့ ရေကန်တွေ မြောင်းတွေမှာ သီတင်းတစ်ပတ်တိတိ လေ့ကျင့် ကြပါတယ်။

 

mdn

 

ပြိုင်ပွဲကျင်းပရာကွင်းမှာ ပြိုင်ပွဲဝင်များနေရာ၊ အသင်းသားများနေရာ၊ အသင်းခေါင်းဆောင်များနေရာ၊ ဒိုင်လူကြီး နေရာနဲ့ ပရိတ်သတ်နေရာဆိုပြီး နေရာ ငါးနေရာ ပိုင်းထားတာကို တွေ့ရပါတယ်။

“ပြိုင်ပွဲမှာ ငါးများများရတဲ့အသင်းက ကမ္ဘာ့ချန်ပီယံအသင်းဖြစ်မှာဖြစ်ပါတယ်။ ငါးတွေထက် ကိုယ်က ဘယ်လောက် ဉာဏ်ကောင်းလဲဆိုတာ ပြတဲ့ပွဲ၊ ငါးသေးသေးလေးတွေက ဖမ်းဖို့ ခက်ခဲတယ်။ ငါးကြီးကြီးတွေ ဖမ်းဖို့ လွယ်ကူတယ်။ ငါးသေးသေးလေးတွေ အများကြီးဖမ်းနိုင်ပြီဆိုရင် တကယ့် pro ပေါ့နော်” လို့  ဖင်လန်နိုင်ငံအသင်းခေါင်းဆောင်က ပြောပါတယ်။

 

mdn

 

ဒီပြိုင်ပွဲဟာ ထူးခြားတဲ့ အားကစားပြိုင်ပွဲဖြစ်တယ်။ သဘာဝအတိုင်း၊ လေကောင်းလေသန့် နဲ့ ပတ်ဝန်းကျင်းကလည်းလှတယ်။ နောက် ကမ္ဘာအနှံ့ပြားအပြားက မိတ်ဆွေကောင်းတွေလည်း တွေ့ခွင့်ရတယ်လို့ ဖင်လန်အသင်းခေါင်းဆောင်က ဆက်ပြောပါတယ်။

ရေခဲပြင်ငါးမျှားပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံဆုနဲ့ တစ်ဦးခြင်း အနိုင်ရသူဆိုပြီး ဆုများပေးအပ်ကြောင်း သိရပါတယ်။ 

MDN
ကိုးကား-  AFP

 

mdn