ရွှေဆိုင်လုပ်ငန်းရှင်များအား အခွန်ပညာပေးရှင်းလင်း

နေပြည်တော် ၉ ဇန်နဝါရီ

ပြည်ထောင်စုနယ်မြေ နေပြည်တော် အခွန်ဦးစီးဌာနမှူးရုံးမှ ရွှေဆိုင်လုပ်ငန်းရှင်များအား ဖိတ်ကြားပြီး ရွှေထည် လက်ဝတ်ရတနာ အရောင်းပြေစာများအပေါ်တွင် ကပ်နှိပ်သည့် ကုန်သွယ်ရေးလုပ်ငန်းခွန်၊ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းကိစ္စရပ်များအား အခွန်ပညာပေးရှင်းလင်းပွဲကို ဒီဇင်ဘာလ နောက်ဆုံးပတ်က ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဦးအောင်မြင့်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး သူရဦးထင်ကျော်မိုးက အခွန်အမှတ် တံဆိပ်ကပ်နှိပ်ရမည့် လုပ်ငန်းစဉ်များ၊ အခွန်ပေးသွင်းရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အလားတူ သီရိငါးမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၊ လယ်ဝေးမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၊ တပ်ကုန်း အခွန်ဦးစီးဌာနမှူးရုံးတို့မှ ရွှေဆိုင်လုပ်ငန်းရှင်များအား ဖိတ်ကြားပြီး အခွန်ရှင်းလင်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ကိုကိုရူပ (နေပြည်တော်)