ရွှေဘိုမြို့၊ ရွှေဘိုမြောင်းမတော်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်း

ရွှေဘို ၂၁ စက်တင်ဘာ 

စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ရွှေဘိုခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးဆောင်၍ ဒေသတွင်းငါးသယံဇာတများ တိုးပွားစေရေးအတွက် ရွှေဘိုမြို့၊ ရွှေဘိုမြောင်းမတော် အတွင်းသို့ ယမန်နေ့က ရွှေဘိုငါးလုပ်ငန်းစခန်းမှ ငါးမြစ်ချင်း ငါးမှုံကြီးကောင်ရေ ၆ သိန်း၊ ငါးခုံးမကြီး ငါးသန်သား ပေါက်ကောင်ရေ ၅သောင်း စုစုပေါင်း ၆ သိန်း ၅ သောင်း စိုက်ထည့်ခဲ့ပြီး ရေဦးငါးလုပ်ငန်း စခန်းမှ ငါးမြစ်ချင်း ငါးမှုံကြီးကောင်ရေ ၅သိန်း ရွှေဝါငါးကြင်း ငါးသန်သား ပေါက်ကောင်ရေ ၁ သိန်း စုစုပေါင်း ၆ သိန်း စိုက်ထည့်ရာ ရွှေဘိုခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအောင်သန်းဦး၊ ရေဦးငါးလုပ်ငန်း စခန်းတာဝန်ခံ ဦးပေါလွင်၊ ရွှေဘိုငါးလုပ်ငန်းစခန်း တာဝန်ခံ ဦးဇော်ဝင်းအောင်နှင့် ဝန်ထမ်းများမှ စိုက်ထည့် ပေးခဲ့ကြောင်းသိရသည်။  

ငါးလုပ်ငန်းဦးစီးဌာန